၁ သက်သာလောနိတ် ၃:၁-၁၃

  • အေသင်​မြို့​မှာ ပေါ​လု စိုး​ရိမ်​တ​ကြီး​စောင့်​နေ (၁-၅)

  • တိမောသေထံ​မှ အား​ရှိ​စ​ရာ​သတင်း (၆-၁၀)

  • သက်သာ​လောနိတ်​မြို့​သား​များ​အတွက် ဆုတောင်း (၁၁-၁၃)

 ခင်​ဗျား​တို့​ရဲ့​သတင်း​ကို​မရလို့​ မခံ​စား​နိုင်​တော့​တဲ့​အဆုံး  အေသင်​မြို့မှာ+  တစ်ယောက်​ပဲ​နေ​ခဲ့​ရင်​ ကောင်း​မယ်​လို့ ယူ​ဆ​ပြီး၊ ၂  ညီ​အစ်​ကို​တိမောသေကို+ ခင်​ဗျား​တို့​ဆီ လွှတ်​လိုက်​တယ်။ သူ​ဟာ ခ​ရစ်​တော်​အ​ကြောင်း သတင်း​ကောင်း ဟော​ပြော​တဲ့​သူ၊ ဘုရား​သခင်​ရဲ့ အမှု​ဆောင်* တစ်​ယောက်​ပါ။ ခင်​ဗျား​တို့​ကို ယုံ​ကြည်​ခြင်း ခိုင်​ခံ့​စေ​ပြီး နှစ်​သိမ့်​ပေး​ဖို့၊ ၃  ကြုံ​နေ​ရ​တဲ့ ဆင်း​ရဲ​ဒုက္ခတွေ​ကြောင့် ခင်​ဗျား​တို့ ယိမ်း​ယိုင်​မသွား​စေ​ဖို့ သူ့​ကို လွှတ်​လိုက်​တယ်။ ဒါ​တွေ​ကို မလွဲ​မသွေ ကြုံ​ရ​မယ်​ဆို​တာ ခင်​ဗျား​တို့ သိ​ပြီး​သား​ပါ။+ ၄  ဆင်း​ရဲ​ဒုက္ခ​ကြုံ​ရ​မယ့်​အ​ကြောင်း ခင်ဗျား​တို့​နဲ့​အတူ​ရှိ​တုန်း​က ကျွန်​တော်​တို့ ကြို​တင်​ပြော​ခဲ့​တယ်။ အခု အဲ​ဒီ​အတိုင်း ဖြစ်​ပျက်​လာ​တာ ခင်​ဗျား​တို့ အသိ​ပဲ။+ ၅  ကျွန်​တော်​လည်း​ မခံ​စား​နိုင်​တော့​တဲ့​အဆုံး  ခင်ဗျား​တို့​ရဲ့  သစ္စာ​ရှိ​မှု​အကြောင်း  သိ​ချင်​လို့ တိမော​သေကို လွှတ်​လိုက်​တာ။+ ဖြား​ယောင်း​သွေး​ဆောင်​သူ​က+ ခင်​ဗျား​တို့​ကို တစ်​နည်း​နည်း​နဲ့ သွေး​ဆောင်​လိုက်​လို့ ကျွန်​တော်​တို့ အပင်​ပန်း​ခံ​ခဲ့​သမျှ အချည်း​နှီး​ဖြစ်​သွား​မှာ​ကို  စိုး​ရိမ်​တာ​လည်း ပါ​တယ်။ ၆  အခု တိမောသေ ပြန်​ရောက်​လာ​ပြီ။+ ခင်​ဗျား​တို့​ရဲ့ သစ္စာ​ရှိ​မှု​နဲ့ မေတ္တာ​အကြောင်း၊ ကျွန်​တော် သတိ​ရ​လွမ်း​ဆွတ်​ပြီး သိပ်​တွေ့​ချင်​နေ​သလို ခင်​ဗျား​တို့​လည်း အမြဲတမ်း​သတိ​ရ​ပြီး တွေ့​ချင်​နေ​တဲ့​အကြောင်း သတင်း​ကောင်း​ကို သူ​ပြန်​ပြော​ပြတယ်။ ၇  ညီ​အစ်​ကို​တို့၊ ကျွန်​တော်​တို့ စိတ်​ဆင်း​ရဲ​ပြီး ဒုက္ခ​မျိုး​စုံ​ကြုံ​နေ​ရ​ပေမဲ့ ခင်​ဗျား​တို့ သစ္စာ​ရှိ​နေ​တာ​ကို ကြား​ရလို့ စိတ်​သက်​သာ​ရာရ​ပါ​တယ်။+ ၈  သခင့်​နောက်​လိုက်​တွေ​အဖြစ် ခင်​ဗျား​တို့ အခိုင်​အမာ ရပ်​တည်​နေ​သရွေ့ ကျွန်​တော်​တို့​လည်း အားအင်​အသစ်​တွေ  ပြည့်​နေ​မှာ​ပဲ။ ၉  ခင်​ဗျား​တို့​ကြောင့်  ဘု​ရား​သခင့်​ရှေ့​မှာ အကြီး​အကျယ် ရွှင်​လန်း​ရ​တဲ့​အတွက် ဘုရား​သခင်​ကို ဘယ်​လို ကျေး​ဇူး​တင်​ရ​မှန်း​တောင် မသိ​တော့​ဘူး။ ၁၀  ခင်​ဗျား​တို့​နဲ့ တွေ့​ချင်​လို့၊ ခင်​ဗျား​တို့​ရဲ့ ယုံ​ကြည်​ခြင်း​ခိုင်​ခံ့​အောင် လို​အပ်​နေ​တာ​တွေ​ကို ဖြည့်​ဆည်း​ပေး​ချင်​လို့ နေ့​ရော​ည​ပါ စိတ်​အား​ထက်​သန်​စွာ တိုး​လျှိုး​အသနား​ခံ ဆု​တောင်း​နေ​တယ်။+ ၁၁  အဖဘု​ရား​သခင်​နဲ့  သခင်​ယေရှု​က  ခင်​ဗျား​တို့​ဆီ   ကျွန်​တော်​တို့​အ​ရောက်​လာ​နိုင်​ဖို့  လမ်း​ဖွင့်​ပေး​ပါ​စေ။ ၁၂  ခင်ဗျား​တို့​ကို​ချစ်​တဲ့  ကျွန်​တော်​တို့​ရဲ့ မေတ္တာ​လို​ပဲ အချင်း​ချင်း​ကို​ရော လူ​အား​လုံး​ကို​ပါ​ချစ်​တဲ့ ခင်​ဗျား​တို့​ရဲ့ မေတ္တာ​ကို​လည်း တိုး​ပွား​များ​ပြား​လာ​အောင်+  သခင် ကူ​ညီ​ပေး​ပါ​စေ။ ၁၃  အဲ​ဒီ​အခါ ခင်​ဗျား​တို့ စိတ်​ဓာတ်​ကြံ့​ခိုင်​လာ​လိမ့်​မယ်။ သန့်​ရှင်း​သူ​အား​လုံး​နဲ့​အတူ သခင်​ယေရှု ရောက်​ရှိ​လာ​တဲ့​အခါ+ အဖဘု​ရား​သခင်​ရှေ့​မှာ အပြစ်​ပြော​စ​ရာ​မရှိ​ဘဲ သန့်​ရှင်း​နေ​လိမ့်​မယ်။+

အောက်ခြေမှတ်ချက်များ

“ဘု​ရား​သခင်​ရဲ့ လုပ်​ဖော်​ဆောင်​ဖက်” လည်း​ဖြစ်​နိုင်။