၂ ကောရိန္သု ၃:၁-၁၈

  • ထောက်ခံစာများ (၁-၃)

  • ပဋိညာဉ်သစ်နဲ့ဆိုင်တဲ့ အမှုဆောင်သူတွေ (၄-၆)

  • ပဋိညာဉ်သစ်ရဲ့ ဘုန်းအသရေ ပိုသာလွန် (၇-၁၈)

၃  ကျွန်တော်တို့ ကိုယ့်အကြောင်းကို ထောက်ခံချက် ပေးနေတာလား။ တခြားသူတွေ လုပ်သလို ခင်ဗျားတို့ဆီ ထောက်ခံစာပေးဖို့ ဒါမှမဟုတ် ခင်ဗျားတို့ဆီကနေ ထောက်ခံစာယူဖို့ လိုအပ်လို့လား။ ၂  ကျွန်တော်တို့ရဲ့ နှလုံးသားမှာ ရေးထားတဲ့စာ၊+ လူအားလုံးသိပြီး ဖတ်ရှုတဲ့စာဟာ ခင်ဗျားတို့ကိုယ်တိုင်ပဲ။ ၃  ခင်ဗျားတို့ဟာ အမှုဆောင်သူတွေဖြစ်တဲ့+ ကျွန်တော်တို့ ရေးတဲ့စာ၊ ခရစ်တော်ရဲ့ စာပဲဆိုတာ ထင်ရှားတယ်။ အဲဒီစာကို မင်နဲ့ရေးတာ မဟုတ်ဘူး။ အသက်ရှင်နေတဲ့ ဘုရားသခင်ရဲ့ စွမ်းအားတော်နဲ့ ရေးထားတာ။ ကျောက်ပြားပေါ်မှာ ရေးတာမဟုတ်ဘူး။+ နှလုံးသားပေါ်မှာ ရေးထားတာ။+ ၄  ကျွန်တော်တို့က ခရစ်တော်ကို အမှီပြုပြီး ဘုရားသခင့်ရှေ့မှာ အဲဒီလို ယုံကြည်စိတ်ချတယ်။ ၅  ဘယ်အလုပ်ကိုမဆို ကျွန်တော်တို့ လုပ်နိုင်တာဟာ ကိုယ့်ဘာသာကိုယ် အရည်အချင်းပြည့်မီလို့ မဟုတ်ဘူး။ ဘုရားသခင်ကြောင့်သာ  အရည်အချင်း   ပြည့်မီနေတာပါ။+ ၆  ပဋိညာဉ်သစ်နဲ့ဆိုင်တဲ့+ အမှုဆောင်သူတွေဖြစ်ဖို့ ကျွန်တော်တို့ကို အရည်အချင်း ပြည့်မီစေတာဟာ ဘုရားသခင်ပါ။ ကျွန်တော်တို့ဟာ မောရှေရေးခဲ့တဲ့ ပညတ်နဲ့ဆိုင်တဲ့+ အမှုဆောင်သူတွေ မဟုတ်ဘူး၊ စွမ်းအားတော်နဲ့ဆိုင်တဲ့ အမှုဆောင်သူတွေပဲ။ မောရှေရေးခဲ့တဲ့ ပညတ်က သေစေတတ်တယ်။+ စွမ်းအားတော်ကတော့ ရှင်စေတတ်တယ်။+ ၇  ကျောက်ပြားပေါ် ရေးထွင်းထားတဲ့ ပညတ်တရား၊+ သေခြင်းကို ဖြစ်ပေါ်စေတဲ့ ပညတ်တရားကို မောရှေပေးတုန်းက သူ့မျက်နှာမှာ ဘုန်းအသရေ ထွန်းတောက်နေလို့ အစ္စရေးလူမျိုးတွေ စေ့စေ့မကြည့်နိုင်ကြဘူး။+ ကွယ်ပျောက်သွားမယ့်အရာတောင်  အဲဒီလိုဘုန်းအသရေနဲ့ ပြည့်စုံနေရင်၊ ၈  စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့အရာက+ ပိုလို့တောင်  ဘုန်းအသရေပြည့်စုံမယ် မဟုတ်လား။+ ၉  လူတွေကို အပြစ်စီရင်ခံရစေတဲ့ ပညတ်တရားတောင်+ ဘုန်းအသရေနဲ့ ပြည့်စုံနေရင်+ လူတွေကို ဖြောင့်မတ်သူတွေအဖြစ် သတ်မှတ်ခံရစေတဲ့ လုပ်ငန်းဟာ ပိုလို့တောင် ဘုန်းအသရေနဲ့ပြည့်စုံမယ် မဟုတ်လား။+ ၁၀  ပညတ်တရားရဲ့ ဘုန်းအသရေဟာ ပဋိညာဉ်သစ်ရဲ့ ဘုန်းအသရေနဲ့ နှိုင်းယှဉ်လိုက်ရင် ဘာမှ မဟုတ်တော့ပါဘူး။+ ၁၁  ကွယ်ပျောက်သွားမယ့် ပညတ်တရားဟာ ဘုန်းအသရေနဲ့ ပြည့်စုံနေရင်+ တည်မြဲတဲ့  ပဋိညာဉ်သစ်ဟာ  ပိုလို့တောင် ဘုန်းအသရေ ပြည့်စုံမှာပေါ့။+ ၁၂  ကျွန်တော်တို့မှာ အဲဒီလို မျှော်လင့်ချက်ရှိတဲ့အတွက်+ ရဲရဲဝံ့ဝံ့ပြောဆိုခွင့်*  ကိုသုံးပြီး   ဟောပြောနေကြတယ်။ ၁၃  မောရှေလို မဟုတ်ဘူး။ မောရှေက  ကွယ်ပျောက်သွားမယ့် ပညတ်တရားရဲ့ ဘုန်းအသရေကို အစ္စရေးတွေ စေ့စေ့မကြည့်နိုင်အောင် သူ့မျက်နှာကို ဖုံးထားတယ်။+ ၁၄  ဒါတောင်မှ အစ္စရေးတွေရဲ့ စိတ်နှလုံးဟာ ထုံထိုင်းနေခဲ့တယ်။+ အခုချိန်အထိ သူတို့ရဲ့စိတ်နှလုံးက မျက်နှာဖုံးနဲ့ အုပ်ထားသလိုဖြစ်နေလို့ ပဋိညာဉ်ဟောင်းကို နားမလည်ကြဘူး။+ အဲဒီမျက်နှာဖုံးကို ခရစ်တော်အားဖြင့်သာ ဖယ်ရှားလို့ရတယ်။+ ၁၅  အခုချိန်အထိ သူတို့ရဲ့ စိတ်နှလုံးဟာ ဖုံးအုပ်နေဆဲမို့လို့+ မောရှေရဲ့ကျမ်းတွေကို ဖတ်တဲ့အခါတိုင်း သူတို့ နားမလည်ကြဘူး။+ ၁၆  ယေဟောဝါဆီ*  ပြန်လှည့်လာတဲ့အခါမှ အဲဒီမျက်နှာဖုံး  ဖယ်ရှားခံရတယ်။+ ၁၇  ယေဟောဝါဟာ* ဝိညာဉ်ပုဂ္ဂိုလ် ဖြစ်တယ်။+ ယေဟောဝါရဲ့* စွမ်းအားတော် ရရှိသူတွေဟာ လွတ်လပ်မှု ရှိကြတယ်။+ ၁၈  မျက်နှာဖုံး ဖယ်ရှားခံလိုက်ရတဲ့ ကျွန်တော်တို့အားလုံးက ယေဟောဝါရဲ့* ဘုန်းတော်ကို မှန်လို ရောင်ပြန်ဟပ်ကြတယ်။ ဝိညာဉ်ပုဂ္ဂိုလ်ဖြစ်တဲ့ ယေဟောဝါ* အလိုရှိတဲ့အတိုင်း* ဘုန်းတော်ကို တိုးပွားသည်ထက် တိုးပွားအောင် ရောင်ပြန်ဟပ်ရင်း ဘုရားရဲ့ပုံသဏ္ဌာန်နဲ့ တထေရာတည်းတူအောင် ပြောင်းလဲကြတယ်။+

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။
“ယေဟောဝါရဲ့ စွမ်းအားတော် အလိုရှိတဲ့အတိုင်း” လည်းဖြစ်နိုင်။