၂ တိမောသေ ၁:၁-၁၈

  • နှုတ်​ခွန်း​ဆက်​စ​ကား (၁၊ ၂)

  • တိမောသေရဲ့ ယုံ​ကြည်​ခြင်း​အတွက် ဘု​ရား​သခင်​ကို ပေါ​လု ကျေး​ဇူး​တင် (၃-၅)

  • ဘု​ရား​ပေး​ဆု​ကျေး​ဇူး​ကို တောက်​လောင်​နေ​တဲ့ ဇွဲနဲ့ အမြဲအသုံး​ပြု (၆-၁၁)

  • အကျိုး​ဖြစ်​ထွန်း​တဲ့ တ​ရား​စ​ကား​ကို လိုက်နာ (၁၂-၁၄)

  • ပေါ​လု​ရဲ့ ရန်​သူ​နဲ့ မိတ်​ဆွေ​များ (၁၅-၁၈)

 ဘုရား​သခင့် အလို​တော်​ကြောင့်၊ ခရစ်​တော်​ယေရှု​အား​ဖြင့်  ရ​ရှိ​မယ့် အသက်​တာ​နဲ့​ဆိုင်​တဲ့ က​တိ​တော်​ကြောင့်+ ခ​ရစ်​တော်​ယေရှု​ရဲ့ တမန်​တော်​ဖြစ်​လာ​တဲ့ ပေါ​လု​က၊ ၂  ချစ်​ရတဲ့​သား  တိမောသေဆီ+  စာ​ရေး​လိုက်​တယ်။ အဖဘု​ရား​သခင်​နဲ့ သခင် ခ​ရစ်​တော်​ယေရှု​ဆီ​က မဟာ​က​ရု​ဏာ၊ သနား​ကြင်​နာ​ခြင်း၊ ငြိမ်​သက်​ခြင်း​ကို မင်း​ခံ​စား​ရ​ပါ​စေ။ ၃  မင်း​ကို​သတိ​ရ​ပြီး နေ့​ည​မပြတ် တိုး​လျှိုး​အသနား​ခံ​တဲ့​အခါ​တိုင်း ဘု​ရား​သခင်​ကို ကျေး​ဇူး​တင်​မိ​တယ်။ ငါ​က အဲ​ဒီ​ဘု​ရား​သခင်​ကို ဘိုး​ဘေး​တွေ ကိုး​ကွယ်​ခဲ့​သလို​ပဲ အမှား​အမှန်​သိ​စိတ် ကြည်​လင်​စွာ ကိုး​ကွယ်​ပါ​တယ်။ ၄  မင်း မျက်​ရည်​ကျ​ခဲ့​တာ​ကို ပြန်​သတိ​ရ​ပြီး မင်း​နဲ့ တွေ့​ချင်​လိုက်​တာ။ တွေ့​ခွင့်​ရလို့​က​တော့ ငါ​ဝမ်း​သာ​လိုက်​မယ့်​ဖြစ်​ခြင်း။ ၅  မင်း​ရဲ့  ဟန်​ဆောင်​မှု​ကင်း​တဲ့  ယုံ​ကြည်​ခြင်း​ကို+ ပြန်​အမှတ်​ရ​မိ​လို့​ပါ။ အဲ​ဒီ​ယုံ​ကြည်​ခြင်း​ဟာ မင်း​ရဲ့​အဘွား လော​အိ​နဲ့ မိ​ခင်​ဥ​နိတ်​ဆီ​မှာ ဦး​ဆုံး​ရှိ​ခဲ့​သလို မင်း​ဆီ​မှာ​လည်း ရှိ​နေ​မယ်​ဆို​တာ ငါ စိတ်​ချ​တယ်။ ၆  ဒါ​ကြောင့်  သတိ​ပေး​ချင်​တာ​က မင်း​အပေါ် လက်​တင်​ပြီး ငါ​အပ်​နှင်း​ခဲ့​တဲ့ ဘု​ရား​ပေး​ဆု​ကျေး​ဇူး​ကို+ မီး​လို​တောက်​လောင်​နေ​တဲ့ စိတ်​ထက်​သန်​မှုမျိုး​နဲ့ အမြဲအသုံး​ပြု​ပါ။ ၇  ဘာ​လို့​လဲဆို​တော့  ဘု​ရား​သခင်​က​ ငါ​တို့​ကို​ ကြောက်​တတ်​တဲ့​စိတ် ပေး​ထား​တာ​မဟုတ်​ဘူး။+  တန်​ခိုး​ပါ​တဲ့​စိတ်၊+ မေတ္တာ​စိတ်၊ ချင့်​ချိန်​တတ်​တဲ့​စိတ် ပေး​သနား​ထား​တာ။ ၈  ဒါ​ကြောင့် သခင့်​အကြောင်း  သက်​သေခံ​ဖို့   မရှက်​ပါ​နဲ့။+ သခင့်​အတွက်  ထောင်​ကျ​နေ​တဲ့  ငါ့​ကြောင့်​လည်း မရှက်​ပါ​နဲ့။ ဘု​ရား​သခင်​ရဲ့​တန်​ခိုး​ကို အား​ကိုး​ပြီး+ သတင်း​ကောင်း​အတွက် ဆင်း​ရဲ​ဒုက္ခ​ခံ​ဖို့ အသင့်​ရှိ​နေ​ပါ။+ ၉  ဘု​ရား​သခင်​က ငါ​တို့​ရဲ့​လုပ်​ရပ်​ကြောင့် မဟုတ်​ဘဲ မိမိ​ရဲ့ ရည်​ရွယ်​ချက်​ကြောင့်၊ မဟာ​က​ရု​ဏာ​ကြောင့်+ ကျွန်​တော်​တို့​ကို ကယ်​တင်​ပြီး သန့်​ရှင်း​သူ​တွေ​အဖြစ် ရွေး​ချယ်​ခဲ့​တယ်။+ ဟိုး​အရင်​က​တည်း​က ခ​ရစ်​တော်​ယေရှု​အား​ဖြင့် ငါ​တို့​ကို အဲ​ဒီ​လို မဟာ​က​ရု​ဏာ​ပြခဲ့​တယ်။ ၁၀  အခု၊ ကယ်​တင်​ရှင် ခရစ်​တော်​ယေရှု ရောက်​လာ​တဲ့​အခါ အဲ​ဒီ​မဟာ​က​ရု​ဏာ​ဟာ ပို​ပြီး​ထင်​ရှား​လာ​တယ်။+ ခ​ရစ်​တော်​က သေခြင်း​ကို ဖယ်​ရှား​လိုက်​ရုံ​မက+ အသက်​ရှင်​ခြင်း​နဲ့+ မပုပ်​ပျက်​နိုင်​တဲ့​အဖြစ်​ကို+ ဘယ်​လို​ရ​ရှိ​နိုင်​မယ်​ဆို​တာ​ကို​ပါ သတင်း​ကောင်း​အား​ဖြင့်+ ရှင်း​ရှင်း​လင်း​လင်း နား​လည်​စေ​ပြီ။ ၁၁  အဲ​ဒီ​သတင်း​ကောင်း​ကို ကြေ​ညာ​တဲ့ ဟော​ပြော​သူ​အဖြစ်၊ တမန်​တော်​အဖြစ်၊ ဆ​ရာ​အဖြစ် ငါ့​ကို ခန့်​အပ်​ထား​ပြီ။+ ၁၂  ဒါ​ကြောင့် အခု​လို ဆင်း​ရဲ​ဒုက္ခ​ခံ​နေ​ရ​ပေမဲ့+ ငါ​မရှက်​ပါ​ဘူး။+ ဘာ​လို့​လဲ​ဆို​တော့ ကိုယ်​ယုံ​ကြည်​တဲ့​အရှင်​ကို သိ​လို့​ပါ။ အဲ​ဒီ​အရှင်​က ငါ​အပ်​ထား​တဲ့​အရာ​ကို တ​ရား​စီ​ရင်ရာ​နေ့​အထိ စောင့်​ရှောက်​ပေး​နိုင်​တယ်​ဆို​တာ​ကို​လည်း  ငါ​စိတ်​ချ​တယ်။+ ၁၃  ငါ့​ဆီ​က ကြား​နာ​ခဲ့ရ​တဲ့ အကျိုး​ဖြစ်​ထွန်း​တဲ့ တ​ရား​စ​ကား​ရဲ့ အနှစ်​သာ​ရ​ကို  အမြဲလိုက်​နာ​စောင့်​ထိန်းပါ။+ တစ်​ချိန်​တည်း​မှာ ခ​ရစ်​တော်​ယေရှု​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း​ဖြစ်​ခြင်း​ကြောင့် ရ​လာ​တဲ့ ယုံ​ကြည်​ခြင်း​နဲ့ မေတ္တာ​ကို​လည်း  အမြဲပြသပါ။ ၁၄  အဲ​ဒီ​ဘဏ္ဍာ​ကို ငါ​တို့​ဆီ​မှာ ကိ​န်း​အောင်း​နေ​တဲ့ သန့်​ရှင်း​သော​စွမ်း​အား​တော် အကူ​အညီ​နဲ့ ထိန်း​သိမ်း​စောင့်​ရှောက်​ပါ။+ ၁၅  ဖု​ဂေလု​နဲ့ ဟေ​ရ​မော​ဂင် အပါ​အဝင် အာ​ရှ​နယ်​မှာ​ရှိ​တဲ့​သူ​တွေ+ ငါ့​ကို ကျော​ခိုင်း​သွား​တာ မင်း​အသိ​ပဲ။ ၁၆  သြနေ​သိ​ဖော်ရဲ့ မိ​သား​စု​ကို​တော့+ ဘု​ရား​သခင်  က​ရု​ဏာ​ပြပါ​စေ။  သူ့​ကြောင့် ငါ အကြိမ်​ကြိမ် အား​တက်​ခဲ့ရ​တယ်။ ငါ့​ကို သံ​ကြိုး​နဲ့ ချည်​နှောင်​ထား​ပေမဲ့  သူ​က  မရှက်​မကြောက်​ဘဲ၊ ၁၇  ရော​မမြို့​ကို ရောက်​တဲ့​အခါ ငါ့​ကို မတွေ့​တွေ့​အောင် ရှာ​တတ်​တယ်။ ၁၈  တ​ရား​စီ​ရင်ရာ​နေ့​မှာ သူ့​ကို ယေဟောဝါ* က​ရု​ဏာ​ပြပါ​စေ။ ဧဖက်​မြို့​မှာ​လည်း ငါ့​ကို သူ​ဘယ်​လောက်​ပြု​စု​ခဲ့​မှန်း မင်း​သိ​ပါ​တယ်။

အောက်ခြေမှတ်ချက်များ