၂ ဘုရင်များ ၂၅:၁-၃၀

  • ဂျေရုဆလင်ကို နေဗုခဒ်နေဇာ ဝိုင်းထား (၁-၇)

  • ဂျေရုဆလင်နဲ့ ဗိမာန်တော် ဖျက်ဆီးခံရ၊ ဒုတိယအကြိမ် ဖမ်းခေါ်သွား (၈-၂၁)

  • ဂေဒလိကို ဘုရင်ခံ ခန့် (၂၂-၂၄)

  • ဂေဒလိလုပ်ကြံခံရ၊ အီဂျစ်ပြည်ကို ထွက်ပြေးကြ (၂၅၊ ၂၆)

  • ဗာဗုလုန်မှာ ယေခေါနိကို လွှတ်ပေး (၂၇-၃၀)

၂၅ ဇေဒကိနန်းစံ ကိုးနှစ်၊ ဆယ်လပိုင်း၊ ဆယ်ရက်နေ့မှာ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာက+ စစ်သည်အလုံးအရင်းနဲ့ ဂျေရုဆလင်မြို့ကို ချီတက်လာတယ်။+ မြို့ပတ်လည်မှာ တပ်ချပြီး ထိုးစစ်တံတိုင်းကို တည်ဆောက်တယ်။+ ၂  ဇေဒကိနန်းစံ ၁၁ နှစ်အထိ မြို့ကို ဝိုင်းထားတယ်။ ၃  လေးလပိုင်း၊ ကိုးရက်နေ့ရောက်တော့ မြို့ထဲမှာ အကြီးအကျယ် အငတ်ဘေး ဆိုက်တဲ့အတွက်+ မြို့သားတွေ စားစရာ မရှိတော့ဘူး။+ ၄  မြို့ရိုးလည်း  ထိုးဖောက်ခံလိုက်ရတယ်။+ ခါလဒဲလူတွေ မြို့ကိုဝိုင်းထားတုန်း  ဇေဒကိနဲ့  စစ်သည်တွေက ညဘက်မှာ ဘုရင့်ဥယျာဉ်နားမှာရှိတဲ့ မြို့ရိုးနှစ်ခုကြား တံခါးကနေ ထွက်ပြီး အရာဗာချိုင့်ဝှမ်းလမ်းအတိုင်း ထွက်ပြေးကြတယ်။+ ၅  ဒါပေမဲ့ ခါလဒဲတပ်က လိုက်ဖမ်းတဲ့အတွက် ယေရိခေါကန္တာရလွင်ပြင်မှာ ဇေဒကိကို ဖမ်းမိသွားတယ်။ သူ့ရဲ့စစ်သည်တွေလည်း ကစဉ့်ကလျား  ထွက်ပြေးကုန်တယ်။ ၆  အဲဒီနောက် ဇေဒကိကို ရိဗလမြို့မှာရှိတဲ့ ဗာဗုလုန်ဘုရင်ဆီ ဖမ်းခေါ်လာပြီး+ စီရင်ချက်ချကြတယ်။ ၇  ဇေဒကိရှေ့မှာပဲ သူ့သားတွေကို ကွပ်မျက်လိုက်တယ်။ နေဗုခဒ်နေဇာက ဇေဒကိရဲ့မျက်စိကို ဖောက်ပစ်ပြီးနောက် ကြေးနီခြေကျဉ်းခတ်ပြီး ဗာဗုလုန်ကို ခေါ်သွားတယ်။+ ၈  ဗာဗုလုန်ဘုရင်  နေဗုခဒ်နေဇာနန်းစံ ၁၉ နှစ်၊ ငါးလပိုင်း၊ ခုနစ်ရက်နေ့မှာ ဗာဗုလုန်ဘုရင်ရဲ့ မင်းမှုထမ်းဖြစ်တဲ့ ကိုယ်ရံတော်တပ်မှူး နေဗုဇာရဒန်က+ ဂျေရုဆလင်မြို့ကို ရောက်လာတယ်။+ ၉  ယေဟောဝါရဲ့အိမ်တော်၊+  နန်းတော်နဲ့+ ဂျေရုဆလင်မြို့က အိမ်တွေအပြင်+ မြို့မျက်နှာဖုံးတွေရဲ့ အိမ်တွေကိုလည်း မီးရှို့ပစ်တယ်။+ ၁၀  ကိုယ်ရံတော်တပ်မှူး ကွပ်ကဲတဲ့ ခါလဒဲတပ်မကြီး တစ်ခုလုံးက ဂျေရုဆလင်မြို့ရိုးကို ဖြိုချပစ်တယ်။+ ၁၁  ကိုယ်ရံတော်တပ်မှူး နေဗုဇာရဒန်က မြို့ထဲမှာကျန်တဲ့သူတွေ၊ ဗာဗုလုန်ဘုရင်ဆီ လာပူးပေါင်းတဲ့သူတွေနဲ့ ကျန်တဲ့သူတွေကို ဖမ်းခေါ်သွားတယ်။+ ၁၂  ဒါပေမဲ့ ဆင်းရဲမွဲတေသူတချို့ကိုတော့ စပျစ်ခြံလုပ်သားတွေ၊ အလုပ်သမားတွေအဖြစ် ခိုင်းစေဖို့ ချန်ခဲ့တယ်။+ ၁၃  ခါလဒဲလူတွေက ယေဟောဝါရဲ့ အိမ်တော်မှာရှိတဲ့ ကြေးနီတိုင်တွေ၊+ ယေဟောဝါရဲ့ အိမ်တော်မှာရှိတဲ့ တွန်းလှည်းတွေနဲ့+ ကြေးနီရေကန်ကို+ အပိုင်းပိုင်းဖြတ်ပြီး အဲဒီကြေးနီတွေကို ဗာဗုလုန်ဆီ သိမ်းသွားတယ်။+ ၁၄  ဗိမာန်တော်လုပ်ငန်းမှာသုံးတဲ့ ပြာခွက်၊ ဂေါ်ပြား၊ မီးငြိမ်းကိရိယာ၊ ခွက်နဲ့ ကြေးနီအသုံးအဆောင်တွေကိုလည်း သိမ်းသွားတယ်။ ၁၅  ကိုယ်ရံတော်တပ်မှူးက ရွှေစင်+ ငွေစင်နဲ့လုပ်ထားတဲ့ မီးခဲအိုး၊ ဇလုံတွေကို သိမ်းသွားတယ်။+ ၁၆  ယေဟောဝါရဲ့ အိမ်တော်အတွက် ရှောလမုန်လုပ်ထားတဲ့ တိုင်နှစ်တိုင်၊ ရေကန်၊ တွန်းလှည်းတွေရဲ့ ကြေးနီပမာဏဟာ မချိန်တွယ်နိုင်လောက်အောင် များတယ်။+ ၁၇  တိုင်နှစ်တိုင်စလုံးဟာ ပုံစံအတူတူပဲ။ တိုင်တစ်တိုင်စီက ၁၈ တောင်မြင့်တယ်။+ ကြေးနီနဲ့လုပ်ထားတဲ့ တိုင်ထိပ်ဖူးတစ်ခုစီက ၃ တောင်မြင့်တယ်။ ထိပ်ဖူးမှာရှိတဲ့ ကွန်ရက်နဲ့ သလဲသီးတွေကိုလည်း  ကြေးနီနဲ့လုပ်ထားတယ်။+ ၁၈  ဒါ့အပြင် ကိုယ်ရံတော်တပ်မှူးက ပုရောဟိတ်မင်း စရာယ၊+ လက်ထောက်ပုရောဟိတ် ဇေဖနိနဲ့+ တံခါးစောင့်သုံးယောက်ကို+ ခေါ်သွားတယ်။ ၁၉  နန်းတွင်းအရာရှိ စစ်သူကြီးတစ်ယောက်၊  မြို့ထဲမှာရှိနေတဲ့  ဘုရင့်မိတ်ဆွေရင်း ငါးယောက်၊ စစ်သည်တွေကို စုဆောင်းတဲ့ ဗိုလ်ချုပ်ရဲ့ လက်ထောက်၊ မြို့ထဲမှာရှိနေတဲ့ ပြည်သူပြည်သား ၆၀ ကိုလည်း ခေါ်သွားတယ်။ ၂၀  ကိုယ်ရံတော်တပ်မှူး နေဗုဇာရဒန်က+ သူတို့ကို ရိဗလမြို့မှာရှိတဲ့ ဗာဗုလုန်ဘုရင်ဆီ ခေါ်သွားတယ်။+ ၂၁  ဗာဗုလုန်ဘုရင်က  သူတို့ကို ဟာမတ်နယ်မြေ၊ ရိဗလမြို့မှာ  ကွပ်မျက်လိုက်တယ်။+ ဒီလိုနဲ့ ယုဒလူတွေဟာ ဇာတိမြေကနေ ပြည်နှင်ခံခဲ့ရတယ်။+ ၂၂  ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာက ယုဒပြည်မှာချန်ခဲ့တဲ့ လူတွေကို အုပ်ချုပ်ဖို့+ ရှာဖန်ရဲ့မြေး၊+ အဟိကံရဲ့သား+ ဂေဒလိကို+ ခန့်လိုက်တယ်။ ၂၃  ဂေဒလိကို ခန့်လိုက်ပြီဆိုတာကိုကြားတာနဲ့ ဗိုလ်ချုပ်တွေ၊ သူတို့ရဲ့စစ်သည်တွေက မိဇပါမြို့မှာရှိတဲ့ ဂေဒလိဆီ ရောက်လာကြတယ်။ နာသနိရဲ့သား အိရှမေလ၊ ကာရာရဲ့သား ယောဟနန်၊ နေတောဖရွာသား တာနုမက်ရဲ့သား စရာယ၊ မာခါသိပြည်သား ယေဇနိနဲ့ သူတို့ရဲ့လူတွေဖြစ်တယ်။+ ၂၄  ဒါနဲ့ ဂေဒလိက “ခါလဒဲလူတွေဆီမှာ လက်အောက်ခံရမှာကို မကြောက်ကြနဲ့။ ဒီပြည်မှာ ဆက်နေထိုင်ပြီး ဗာဗုလုန်ဘုရင်ဆီမှာ ကျွန်ခံပါ။ ဒါဆိုရင် ခင်ဗျားတို့ ကောင်းစားလိမ့်မယ်” ဆိုပြီး ဗိုလ်ချုပ်တွေနဲ့ သူတို့ရဲ့စစ်သည်တွေကို ကတိပေးတယ်။+ ၂၅  ခုနစ်လပိုင်းရောက်တော့ ဧလိရှမာရဲ့မြေး၊ နာသနိရဲ့သား၊ မင်းမျိုးမင်းနွယ် အိရှမေလက+ လူဆယ်ယောက်ကို ခေါ်လာပြီး ဂေဒလိကို လုပ်ကြံလိုက်တယ်။ မိဇပါမြို့မှာ ဂေဒလိနဲ့အတူရှိနေတဲ့ ဂျူးတွေ၊ ခါလဒဲတွေကိုလည်း သတ်ပစ်တယ်။+ ၂၆  အဲဒီနောက် ဗိုလ်ချုပ်တွေအပါအဝင် လူကြီးလူငယ်အားလုံးက ခါလဒဲလူတွေကို ကြောက်တဲ့အတွက်+ အီဂျစ်ပြည်ကို ထွက်သွားကြတယ်။+ ၂၇  ဗာဗုလုန်ဘုရင် ဧဝိလမေရောဒက်က  သူနန်းတက်စနှစ်မှာ  ယုဒဘုရင် ယေခေါနိကို အကျဉ်းချထားရာကနေ လွှတ်ပေးလိုက်တယ်။ ယုဒဘုရင်ယေခေါနိ+ ပြည်နှင်ခံရပြီး ၃၇ နှစ်မြောက်၊ ၁၂ လပိုင်း၊ ၂၇ ရက်နေ့မှာ ဖြစ်တယ်။+ ၂၈  ဗာဗုလုန်ဘုရင်က ယေခေါနိကို ကောင်းကောင်းမွန်မွန် ပြောဆိုဆက်ဆံပြီး ဗာဗုလုန်မှာရှိတဲ့ တခြားဘုရင်တွေထက် ချီးမြှောက်ထားတယ်။ ၂၉  ယေခေါနိဟာ အကျဉ်းသားဝတ်စုံကို ချွတ်ပြီး ဗာဗုလုန်ဘုရင်ရှေ့မှာ တစ်သက်လုံး စားသောက်ခွင့်ရတယ်။ ၃၀  သူ့အတွက် နေ့စဉ်အစားအသောက်ကို ဘုရင်က တစ်သက်လုံး ပေးသနားတယ်။

အောက်ခြေမှတ်ချက်များ