၂ ရာဇဝင်ချုပ် ၁:၁-၁၇

  • ဉာဏ်​ပညာ​ရ​ဖို့ ရှော​လ​မုန်​တောင်း​ဆို (၁-၁၂)

  • ရှော​လ​မုန်​ရဲ့ စည်း​စိမ်​ချမ်း​သာ (၁၃-၁၇)

 ဒါဝိဒ်​ရဲ့​သား ရှော​လ​မုန်​ရဲ့​မင်း​အာ​ဏာ ခိုင်​မာ​သည်​ထက် ခိုင်​မာ​လာ​တယ်။ ယေဟောဝါ​ဘုရား​က သူ​နဲ့​အတူ​ရှိ​ပြီး အတိုင်း​ထက်​အလွန် ကြီးမြတ်​စေ​တယ်။+ ၂  ရှော​လ​မုန်​က  လူ​တစ်​ထောင်​အုပ်၊ လူ​တစ်​ရာ​အုပ်၊ တရား​သူကြီး၊ အစ္စရေး​ခေါင်း​ဆောင်၊ ဆွေ​မျိုး​စု​ခေါင်း​ဆောင်​တွေ​နဲ့ အစ္စရေး​အားလုံး​ကို ဆင့်​ခေါ်​လိုက်​တယ်။ ၃  ပြီး​တော့ ရှောလ​မုန်​က အဲဒီ​လူ​စု​ကြီး​နဲ့​အတူ ဂိဗောင်​မြို့​မှာ​ရှိ​တဲ့ အထွတ်​အမြတ်​နေ​ရာ​ကို+ သွား​တယ်။ တော​ကန္တာ​ရ​မှာ ယေဟောဝါ​ရဲ့​ကျွန် မော​ရှေ ဆောက်​ခဲ့​တဲ့​တဲ​တော်၊ စစ်​မှန်​တဲ့​ဘုရား​သခင်​ရဲ့ တွေ့​ဆုံ​ရာ​တဲ​တော်​က  အဲဒီ​မှာ  ရှိ​နေ​လို့​ပဲ။ ၄  ဘုရား​သခင်​ရဲ့  သေတ္တာ​တော်​ကို​တော့ ဒါဝိဒ်​က ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​က​နေ+ သယ်​လာ​ပြီး ဂျေရု​ဆ​လင်​မြို့​မှာ​ရှိ​တဲ့ သူ​ဆောက်​တဲ့ တဲ​ထဲ​မှာ ထား​တယ်။+ ၅  ဟု​ရ​ရဲ့​မြေး၊ ဥ​ရိ​ရဲ့​သား ဗေ​ဇ​လေ​လ+ လုပ်​ခဲ့​တဲ့ ကြေး​နီ​ပူဇော်​ရာ​ပလ္လင်​က+ ယေဟောဝါ​ရဲ့ တဲ​တော်​ရှေ့​မှာ ရှိ​တယ်။ ရှော​လ​မုန်​နဲ့ လူ​စု​ကြီး​က အဲဒီ​ပလ္လင်​ရှေ့​မှာ ဆုတောင်း​လေ့​ရှိ​တယ်။ ၆  အခု​လည်း ရှော​လ​မုန်​က ယေဟောဝါ​ရှေ့​မှာ အလှူ​တွေ ဆက်​သတယ်။ တွေ့​ဆုံ​ရာ​တဲ​တော်​မှာ​ရှိ​တဲ့ ကြေး​နီ​ပူဇော်​ရာ​ပလ္လင်​ပေါ်​မှာ+ မီး​ရှို့​ရာ​အလှူ ၁,၀၀၀ ဆက်​သတယ်။ ၇  အဲဒီ​ည ရှော​လ​မုန်​ရဲ့ အိပ်​မက်​ထဲ​မှာ  ဘုရား​သခင်  ရောက်​လာ​ပြီး “မင်း​လို​ချင်​တာ တောင်း​ပါ။ ငါ​ပေး​မယ်” လို့​ပြော​တော့၊+ ၈  ရှော​လ​မုန်​က​ “ကိုယ်​တော်​ဟာ ခမည်း​တော်​ဒါဝိဒ်​ကို+ ကြီး​မား​ခိုင်​မြဲတဲ့​မေတ္တာ ပြခဲ့​ပါ​ပြီ။ ကျွန်​တော့်​ကို​လည်း မင်း​မြှောက်​ပါ​ပြီ။+ ၉  ယေဟောဝါ​ဘုရား၊ မြေမှုန့်​လို များ​ပြား​လှ​တဲ့+ ဒီ​လူမျိုး​ကို အုပ်​စိုး​ဖို့ ကျွန်​တော့်​ကို မင်း​မြှောက်​ပါ​ပြီ။ ဒါ​ကြောင့် ခမည်း​တော်​ဒါဝိဒ်​ကို ပေး​ခဲ့​တဲ့  ကတိ​တော်​အတိုင်း  ဖြစ်​လာ​ပါ​စေ။+ ၁၀  လူမျိုး​တော်​ကို ဦး​ဆောင်​နိုင်​ဖို့ ကျွန်​တော့်​ကို ဉာဏ်​ပညာ​နဲ့ အသိ​ပညာ+ ပေး​သနား​ပါ။ ဒီ​လောက်​များ​တဲ့ လူ​တွေ​ကို ကျွန်​တော် ဘယ်​လို​လုပ် တရား​စီရင်​နိုင်​မှာ​လဲ”+ ဆို​ပြီး တောင်း​ဆို​တယ်။ ၁၁  ဒါ​နဲ့ ဘုရား​သခင်​က “မင်း​ဟာ စည်း​စိမ်​ကြွယ်​ဝ​ဖို့၊ ဂုဏ်​အသရေ​ရှိ​ဖို့၊ အသက်​ရှည်​ရှည် နေ​ရ​ဖို့၊ မင်း​ကို​မုန်း​တဲ့​သူ​တွေ သေကျေ​ပျက်​စီး​ဖို့ မတောင်း​ဘဲ ငါ​အုပ်​ချုပ်​ခိုင်း​တဲ့ လူမျိုး​ကို တရား​စီရင်​နိုင်​ဖို့ ဉာဏ်​ပညာ​နဲ့ အသိ​ပညာ​ကို တောင်း​တဲ့​အတွက်၊+ မင်း​မှာ အဲဒီ​ဆန္ဒ ရှိ​တဲ့​အတွက်၊ ၁၂  ဉာဏ်​ပညာ​နဲ့ အသိ​ပညာ​ကို ငါ​ပေး​မယ်။ မင်း​ထက်​အရင် နန်း​တက်​ခဲ့​သူ​တွေ၊ နောက်​မှ တက်​လာ​မယ့်​သူ​တွေ​ထဲ​မှာ ဘယ်​ဘုရင်​မှ မရ​ဖူး​တဲ့ စည်း​စိမ်​ချမ်း​သာ​နဲ့ ဂုဏ်​အသရေ​ကို​လည်း ပေး​ဦး​မယ်” လို့​ပြော​တယ်။+ ၁၃  အဲဒီ​နောက်  ရှော​လ​မုန်​က ဂိဗောင်​မြို့​မှာ​ရှိ​တဲ့ အထွတ်​အမြတ်​နေ​ရာ၊+ တွေ့​ဆုံ​ရာ​တဲ​တော်​က​နေ ဂျေရု​ဆ​လင်​မြို့​ကို  ပြန်​လာ​တယ်။  ပြီး​တော့ အစ္စရေး​တွေ​ကို အုပ်​ချုပ်​တယ်။ ၁၄  မြင်း​ရထား​တွေ၊ မြင်း​တွေ​ကို သူ​စု​ဆောင်း​လေ့​ရှိ​တယ်။ သူ့​မှာ မြင်း​ရထား ၁,၄၀၀၊ မြင်း ၁၂,၀၀၀ ရှိ​ပြီး+ အဲ​ဒါ​တွေ​ကို မြင်း​ရထား​မြို့​တွေ​မှာ+ ထား​တယ်။ သူ​စံ​မြန်း​တဲ့  ဂျေရု​ဆ​လင်​မြို့​မှာ​လည်း ထား​တယ်။+ ၁၅  မင်း​ကြီး​က ဂျေရု​ဆ​လင်​မြို့​မှာ ရွှေ​ငွေ​တွေ​ကို ကျောက်​ခဲ​တွေ​လို၊+ သစ်​က​တိုး​သား​တွေ​ကို ရှ​ဖိ​လာ​အရပ်​မှာ​ရှိ​တဲ့ သဖန်း​ပိုး​စာ​ပင်​တွေ​လို ပေါ​များ​စေ​တယ်။+ ၁၆  ရှော​လ​မုန်​အတွက် မြင်း​တွေ​ကို အီဂျစ်​ပြည်​က​နေ တင်​သွင်း​တယ်။+ ဘု​ရင့်​ကုန်​သည်​အဖွဲ့​က မြင်း​အုပ်​တွေ​ကို ပေါက်​ဈေး​ပေး​ပြီး ဝယ်​တတ်​ကြ​တယ်။*+ ၁၇  မြင်း​ရထား​တစ်​စီး​ကို ငွေ​စ ၆၀၀၊ မြင်း​တစ်​ကောင်​ကို ၁၅၀ နဲ့​ဝယ်​ပြီး အီဂျစ်​ပြည်​က​နေ တင်​သွင်း​တယ်။ အဲ​ဒါ​တွေ​ကို ဟိတ္တိ​ဘုရင်​တွေ​နဲ့ ဆီး​ရီး​ယား​ဘုရင်​တွေ​ဆီ ပြန်​တင်​ပို့​ကြ​တယ်။

အောက်ခြေမှတ်ချက်များ

“အီဂျစ်​ပြည်​နဲ့ ကော​ပြည်​က​နေ တင်​သွင်း​တယ်။ ဘု​ရင့်​ကုန်​သည်​တွေ​က ကော​ပြည်​က​နေ ဝယ်​တတ်​ကြ​တယ်” လည်း​ဖြစ်​နိုင်။ ကော​ပြည်​ဟာ ကိ​လိ​ကိ​ပြည်​ဖြစ်​နိုင်။