၂ ရာဇဝင်ချုပ် ၁၀:၁-၁၉

  • ရော​ဗောင်​ကို အစ္စရေးတွေ ပုန်​ကန် (၁-၁၉)

၁၀  အစ္စရေး​အားလုံး​က ရော​ဗောင်​ကို   မင်း​မြှောက်​ဖို့   ရှေ​ခင်​မြို့ကို+  ရောက်​လာ​တဲ့​အတွက်  ရော​ဗောင်​လည်း  ရှေ​ခင်​မြို့​ကို  သွား​တယ်။+ ၂  (ရှော​လ​မုန်​မင်း​ရဲ့​ရန်​ကို ကြောက်​လို့ အီဂျစ်​ပြည်​မှာ ထွက်​ပြေး​ခိုလှုံ​နေ​တဲ့)+ နေ​ဗတ်​ရဲ့​သား ယေ​ရော​ဗောင်​က+ အဲဒီ​သတင်း​ကို ကြား​တာ​နဲ့ ချက်​ချင်း ပြန်​လာ​တယ်။ ၃  ဒါ​နဲ့ ယေ​ရော​ဗောင်​ကို လူ​လွှတ်​ပြီး ခေါ်​လိုက်​ကြ​တယ်။  ယေ​ရော​ဗောင်​နဲ့  အစ္စရေး​အားလုံး ရော​ဗောင်​မင်း​ဆီ အခစား​ဝင်​ပြီး၊ ၄  “မင်း​ကြီး​ရဲ့ ခမည်း​တော်​က ကျွန်​တော်​တို့​အပေါ် လေး​လံ​တဲ့​ထမ်း​ပိုး တင်​ခဲ့​ပါ​တယ်။+ ဒါ​ပေမဲ့ မင်း​ကြီး​က ခမည်း​တော်​ဆီ​မှာ ကျွန်​တော်​တို့ ပင်​ပင်​ပန်း​ပန်း အမှု​ထမ်း​ရ​တာ​ကို သက်​သာ​အောင် လုပ်​ပေး​မယ်၊ လေး​လံ​တဲ့​ထမ်း​ပိုး​ကို ပေါ့​အောင် လုပ်​ပေး​မယ်​ဆို​ရင် မင်း​ကြီး​ဆီ​မှာ ကျွန်​တော်​တို့ အမှု​ထမ်း​ပါ့​မယ်” လို့​လျှောက်​တင်​ကြ​တယ်။ ၅  အဲဒီ​အခါ ရော​ဗောင်​မင်း​က “သုံး​ရက်​ကြာ​မှ ငါ့​ဆီ ပြန်​လာ​ကြ” လို့​ပြော​တော့ လူ​တွေ​လည်း ထွက်​သွား​ကြ​တယ်။+ ၆  ရော​ဗောင်​မင်း​လည်း ခမည်း​တော် ရှော​လ​မုန် အသက်​ရှင်​စဉ်​က ခစား​ခဲ့​ကြ​တဲ့ အသက်​ကြီး​သူ​တွေ​နဲ့ တိုင်​ပင်​ပြီး “ဒီ​လူ​တွေ​ကို ဘာ​ပြန်​ပြော​ရင် ကောင်း​မလဲ။ အကြံ​ပေး​ကြ​ပါ” ဆို​တော့၊ ၇  သူတို့​က “မင်း​ကြီး​က​သာ ဒီ​လူ​တွေ​အပေါ် ကောင်း​မယ်၊ သူတို့​ကျေ​နပ်​အောင် လုပ်​ပေး​မယ်၊ ချို​ချို​သာ​သာ ပြန်​ပြော​မယ်​ဆို​ရင် မင်း​ကြီး​ဆီ​မှာ သူတို့ အမှု​ထမ်း​ကြ​ပါ​လိမ့်​မယ်” ဆို​ပြီး အကြံ​ပေး​တယ်။ ၈  ဒါ​ပေမဲ့ ရော​ဗောင်​မင်း​က အသက်​ကြီး​သူ​တွေ​ရဲ့ အကြံ​ပေး​ချက်​ကို​လက်​မခံ​​ဘဲ သူ့​ဆီ​မှာ ခစား​နေ​တဲ့ ငယ်​ပေါင်း​ကြီး​ဖော် လူငယ်​တွေ​နဲ့ တိုင်​ပင်​တယ်။+ ၉  “‘ကျွန်​တော်​တို့​အပေါ် ခမည်း​တော်​တင်​ခဲ့​တဲ့ ထမ်း​ပိုး​ကို ပေါ့​အောင် လုပ်​ပေး​ပါ’ လို့ တောင်း​ဆို​နေ​တဲ့ လူ​တွေ​ကို ဘာ​ပြန်​ပြော​ရ​မလဲ။ အကြံ​ပေး​ကြ​ဦး” ဆို​ပြီး ပြော​တဲ့​အခါ၊ ၁၀  ငယ်​ပေါင်း​ကြီး​ဖော် လူငယ်​တွေ​က “‘မင်း​ကြီး​ရဲ့​ခမည်း​တော်​က ကျွန်​တော်​တို့​အပေါ် လေး​လံ​တဲ့​ထမ်း​ပိုး တင်​ခဲ့​ပါ​တယ်။ မင်း​ကြီး​က အဲဒီ​ထမ်း​ပိုး​ကို ပေါ့​အောင် လုပ်​ပေး​ပါ’ ဆို​ပြီး တောင်း​ဆို​တဲ့ လူ​တွေ​ကို ‘ငါ့​လက်​သန်း​ဟာ ခမည်း​တော်​ရဲ့​ခါး​ထက် ပို​ကြီး​လိမ့်​မယ်။ ၁၁  ခမည်း​တော်​က မင်း​တို့​အပေါ် လေး​လံ​တဲ့​ထမ်း​ပိုး တင်​ခဲ့​တယ်။ အဲဒီ​ထမ်း​ပိုး​ကို ပို​လေး​အောင် ငါ​လုပ်​ဦး​မှာ။ ခမည်း​တော်​က မင်း​တို့​ကို ကျာ​ပွတ်​နဲ့​ရိုက်​ပြီး ဒဏ်​ပေး​ခဲ့​တယ်။ ငါ​က​တော့ ဆူး​ချွန်​တွေ​ပါ​တဲ့ ကျာ​ပွတ်​နဲ့​ရိုက်​ပြီး ဒဏ်​ပေး​ဦး​မယ်’ လို့​ပြော​လိုက်​ပါ” ဆို​ပြီး အကြံ​ပေး​တယ်။ ၁၂  ရော​ဗောင်​မင်း​က  “သုံး​ရက်​မြောက်​နေ့​မှာ ပြန်​လာ​ကြ” လို့​ပြော​ထား​တဲ့​အတွက် သုံး​ရက်​စေ့​တဲ့​အခါ ယေ​ရော​ဗောင်​နဲ့ လူ​တွေ အခစား​ဝင်​လာ​ကြ​တယ်။+ ၁၃  မင်း​ကြီး​က အသက်​ကြီး​သူ​တွေ​ရဲ့ အကြံ​ပေး​ချက်​ကို ပယ်​ပြီး လူ​တွေ​ကို ခက်​ခက်​ထန်​ထန် ပြန်​ပြော​တယ်။ ၁၄  လူငယ်​တွေ အကြံ​ပေး​တဲ့​အတိုင်း “မင်း​တို့​ရဲ့​ထမ်း​ပိုး​ကို လေး​အောင် ငါ​လုပ်​မယ်။ ပို​လေး​အောင်​ကို လုပ်​ဦး​မယ်။ ခမည်း​တော်​က မင်း​တို့​ကို ကျာ​ပွတ်​နဲ့​ရိုက်​ပြီး ဒဏ်​ပေး​ခဲ့​တယ်။ ငါ​က​တော့ ဆူး​ချွန်​တွေ​ပါ​တဲ့ ကျာ​ပွတ်​နဲ့​ရိုက်​ပြီး ဒဏ်​ပေး​ဦး​မယ်” လို့ ပြန်​ပြော​လိုက်​တယ်။ ၁၅  မင်း​ကြီး​က လူ​တွေ​ရဲ့​စကား​ကို အရေး​မလုပ်​ဘူး။ အခြေ​အနေ​တွေ  အခု​လို  ပြောင်း​လဲ​သွား​အောင် စစ်​မှန်​တဲ့​ဘုရား​သခင် လုပ်​လိုက်​တဲ့​အတွက်+ ရှိ​လော​မြို့​သား အဟိ​ယ​ကတစ်ဆင့်+ နေ​ဗတ်​ရဲ့​သား ယေ​ရော​ဗောင်​ကို ယေဟောဝါ ပြော​ခဲ့​တဲ့​စကား ပြည့်​စုံ​လာ​တယ်။ ၁၆  အစ္စရေး​တွေ​လည်း  သူတို့​စ​ကား​ကို မင်း​ကြီး အရေး​မလုပ်​တဲ့​အ​တွက် “ငါ​တို့​က ဒါဝိဒ်​နဲ့ ဘာ​ဆိုင်​လို့​လဲ။ ယေ​ရှဲ​ရဲ့​သား​ဆီ​က​နေ အမွေ​ရ​စ​ရာ​လည်း ဘာ​မှ​မရှိ​ဘူး။ အစ္စရေး​တို့၊ ကိုယ့်​ဘုရားတွေ​ဆီ ပြန်​သွား​ကြ။ ဒါဝိဒ်၊ ကိုယ့်​အမျိုး​ကို​ပဲ စောင့်​ရှောက်​ပေတော့”+ လို့​ပြော​ပြီး ကိုယ့်​အိမ်​ကိုယ့်​ရာ​ဆီ ပြန်​သွား​ကြ​တယ်။+ ၁၇  ရော​ဗောင်​က​တော့ ယုဒ​မြို့​တွေ​မှာ နေ​ထိုင်​တဲ့ အစ္စရေး​တွေ​ကို ဆက်​အုပ်​ချုပ်​တယ်။+ ၁၈  နောက်​ပိုင်း​မှာ  ရော​ဗောင်​မင်း​က​ ချွေး​တပ်​ကို​ကြီး​ကြပ်​တဲ့ ဟဒေါ​ရံ​ကို+  တာဝန်​နဲ့​လွှတ်​လိုက်​တဲ့​အခါ အစ္စ​ရေး​တွေ​က ကျောက်​ခဲ​နဲ့ ပေါက်​သတ်​လိုက်​ကြ​တယ်။ ရော​ဗောင်​မင်း​က​တော့ မြင်း​ရထား​စီး​ပြီး ဂျေရု​ဆ​လင်​မြို့​ကို ထွက်​ပြေး​သွား​တယ်။+ ၁၉  အစ္စ​ရေး​တွေ​ဟာ ဒါဝိဒ်​အမျိုး​ကို အခု​အထိ ပုန်​ကန်​နေတုန်း​ပဲ။

အောက်ခြေမှတ်ချက်များ