၂ ရာဇဝင်ချုပ် ၁၁:၁-၂၃

  • ရော​ဗောင်ရဲ့ အုပ်​ချုပ်​မှု (၁-၁၂)

  • သစ္စာ​ရှိ လေ​ဝိအမျိုး​သား​တွေ ယုဒ​ပြည်​ကို ပြောင်းလာ (၁၃-၁၇)

  • ရော​ဗောင်ရဲ့​မိသား​စု (၁၈-၂၃)

၁၁  ရော​ဗောင်​မင်း​က ဂျေရု​ဆ​လင်​မြို့​ကို ပြန်​ရောက်​လာ​တယ်။ အစ္စရေး​တွေ​ကို တိုက်​ခိုက်​ပြီး နိုင်​ငံ​ကို​ပြန်​ရ​ယူ​ဖို့ ယုဒ​တစ်​မျိုး​လုံး​နဲ့ ဗင်​ယာ​မိန်​အမျိုး​ကို+  ချက်​ချင်း  စု​ရုံး​လိုက်​တယ်။ လက်​ရွေး​စင် စစ်​သည်​ပေါင်း ၁၈၀,၀၀၀ ရှိ​တယ်။+ ၂  အဲဒီ​အချိန်​မှာ စစ်​မှန်​တဲ့​ ဘုရား​သခင်​ရဲ့​လူ ရှေ​မာ​ယ​ကို+ ယေဟောဝါ​က၊ ၃  “ရှော​လ​မုန်​ရဲ့​သား ယုဒ​ဘုရင် ရော​ဗောင်၊ ယုဒ​ပြည်​နဲ့ ဗင်​ယာ​မိန်​နယ်​မြေမှာ​ရှိ​တဲ့ အစ္စရေး​အားလုံး​ကို ပြော​လိုက်​ပါ။ ၄  ‘“မင်း​တို့​ရဲ့ ညီ​အစ်​ကို​တွေ​ကို သွား​မတိုက်​ခိုက်​ကြ​နဲ့။ ကိုယ့်​အိမ်​ကိုယ် ပြန်​ကြ။ ဒီ​လို​ဖြစ်​လာ​အောင်​လုပ်​တာ ငါ​ပဲ” လို့ ယေဟောဝါ မိန့်မှာ​တယ်’” ဆို​ပြီး ပြော​ခိုင်း​တယ်။+ လူ​တွေ​လည်း ယေဟောဝါ​ရဲ့​စကား​ကို နာ​ခံ​ပြီး ယေ​ရော​ဗောင်​ကို သွား​မတိုက်​ခိုက်​တော့​ဘဲ အိမ်​ပြန်​သွား​ကြ​တယ်။ ၅  ရော​ဗောင်​မင်း​က ဂျေရု​ဆ​လင်​မြို့​မှာ​ဆက်​စိုး​စံ​ပြီး  ယုဒ​ပြည်​မှာ​ခံတပ်မြို့​တွေ​ကို တည်​ဆောက်​တယ်။ ၆  ဘက်​သလီ​ဟင်၊+  ဧ​တံ၊  တေ​ကော၊+ ၇  ဗက်ဇု​ရ၊ စော​ခေါ၊+ အဒု​လံ၊+ ၈  ဂါသ​၊+  မရေ​ရှ၊  ဇိ​ဖ၊+ ၉  အ​ဒေါ​ရိမ်၊ လာခိ​ရှ၊+ အဇေ​ကာ၊+ ၁၀  ဇော​ရာ၊ အာ​ယ​လုန်၊+  ဟေ​ဗြုန်​မြို့​ကို+ တည်​ဆောက်​တယ်။ အဲဒီ​မြို့​တွေ​ဟာ ယုဒ​ပြည်​နဲ့ ဗင်​ယာ​မိန်​နယ်​မြေမှာ​ရှိ​တဲ့ ခံ​တပ်​မြို့​တွေ​ပဲ။ ၁၁  ဒါ့​အပြင် ရော​ဗောင်​မင်း​က အဲဒီ​ခံ​တပ်​မြို့​တွေ​ကို ပို​ခိုင်​ခံ့​အောင် လုပ်​တယ်။ အဲဒီ​မြို့​တွေ​မှာ တပ်​မှူး​တွေ​ခန့်​ပြီး ဆီ၊ စပျစ်​ဝိုင်​နဲ့  ရိက္ခာတွေ  သို​လှောင်​တယ်။ ၁၂  မြို့​အားလုံး​မှာ ဒိုင်း​လွှား​ကြီး​တွေ၊ လှံ​ရှည်​တွေ ပေး​ထား​ပြီး မြို့​တွေ ပို​ခိုင်​ခံ့အောင် အကြီး​အကျယ် လုပ်​ဆောင်​တယ်။ ယုဒ​ပြည်​နဲ့ ဗင်​ယာ​မိန်​နယ်​မြေကို သူ​ဆက်​အုပ်​ချုပ်​တယ်။ ၁၃  အစ္စရေး​တစ်​ပြည်​လုံး​မှာ​ရှိ​တဲ့ ပုရော​ဟိတ်​တွေ​နဲ့ လေ​ဝိအမျိုး​သား​တွေ​ဟာ ရော​ဗောင်​မင်း​ဘက်​မှာ ရပ်​တည်​ဖို့ နယ်​မြေအသီး​သီး​က​နေ ထွက်​လာ​ကြ​တယ်။ ၁၄  လေ​ဝိအမျိုး​သား​တွေ​ဟာ စား​ကျက်​မြေတွေ​နဲ့ ပိုင်​ဆိုင်​ရာတွေ​ကို+ ထား​ခဲ့​ပြီး ယုဒ​ပြည်​နဲ့ ဂျေရု​ဆ​လင်​မြို့​ကို ရောက်​လာ​ကြ​တယ်။ ယေ​ရော​ဗောင်​နဲ့ သူ့​သား​တွေ​က သူတို့​ကို ယေဟောဝါ​ရဲ့ ပု​ရော​ဟိတ်​တာဝန်​က​နေ ရပ်​စဲ​လိုက်​လို့​ပဲ။+ ၁၅  ယေ​ရော​ဗောင်​က အထွတ်​အမြတ်​နေ​ရာတွေ၊ နတ်​ဆိုး​တွေ၊*+ သူ​လုပ်​ထား​တဲ့ နွား​ငယ်​ရုပ်​တွေ​အတွက်+ သူ့​ရဲ့​ပု​ရော​ဟိတ်​တွေ​ကို ခန့်​ထား​တယ်။+ ၁၆  အစ္စရေး​တို့​ရဲ့​ဘုရား ယေဟောဝါ​ကို​ရှာ​ဖို့ စိတ်​ပိုင်း​ဖြတ်​ထား​တဲ့ အစ္စရေး​အနွယ်​ဝင်​တွေ​က​တော့ ဘိုး​ဘေး​တို့​ရဲ့​ဘုရား ယေဟော​ဝါကို ပူ​ဇော်​သက္ကာတွေ ဆက်​သဖို့ ပုရော​ဟိတ်​တွေ၊ လေ​ဝိအမျိုး​သား​တွေ​နဲ့​အတူ ဂျေရု​ဆ​လင်​မြို့​ကို လိုက်​လာ​ကြ​တယ်။+ ၁၇  သူတို့​ဟာ သုံး​နှစ်​လုံး​လုံး ယုဒ​ပြည်​ရဲ့​ထီး​နန်း တည်​မြဲအောင် ကူညီ​ပြီး ရှော​လ​မုန်​ရဲ့​သား ရော​ဗောင်​မင်း​ကို ထောက်​ခံ​အား​ပေး​ကြ​တယ်။ ဒါဝိဒ်​နဲ့ ရှော​လ​မုန်​ရဲ့​လမ်း​စဉ်​ကို သုံး​နှစ်​လုံး​လုံး လိုက်​ကြ​တယ်။ ၁၈  အဲဒီ​နောက် ရော​ဗောင်​မင်း​က မဟာ​လတ်​ကို မိ​ဖု​ရား​မြှောက်​တယ်။ မဟာ​လတ်​ရဲ့​ဖခင်​က  ဒါဝိဒ်​ရဲ့​သား ယေ​ရိ​မုတ်။ မိ​ခင်​က ယေ​ရှဲ​ရဲ့​မြေး၊ ဧလျာ​ဘ​ရဲ့​သမီး  အဘိ​ဟဲ​လ​ ဖြစ်​တယ်။+ ၁၉  မဟာ​လတ်​က  ယု​ရှ၊  ရှေ​မရိ၊ ဇာ​ဟံ​ဆို​တဲ့  သား​တွေ​ကို  မွေး​တယ်။ ၂၀  ရော​ဗောင်​က မဟာ​လတ်​အပြင် အဗ​ရှလုံ​ရဲ့+ မြေး​မ မာ​ခါ​ကို​လည်း မိ​ဖု​ရား​မြှောက်​တယ်။ မာ​ခါ​က အဘိ​ယ၊+ အတ္တဲ၊ ဇိ​ဇ၊ ရှေ​လော​မိတ်​ဆို​တဲ့ သား​တွေ​ကို မွေး​တယ်။ ၂၁  တ​ခြား​မိ​ဖု​ရားတွေ၊ မောင်း​မတွေ​ထက်+ အဗ​ရှလုံ​ရဲ့​မြေး​မ မာ​ခါ​ကို ရော​ဗောင် ပို​ချစ်​တယ်။ သူ့​မှာ မိ​ဖု​ရား ၁၈ ယောက်၊ မောင်း​မ ၆၀ ရှိ​ပြီး သား ၂၈ ယောက်၊ သမီး ၆၀ ရှိ​တယ်။ ၂၂  ရော​ဗောင်​က မာ​ခါ​ရဲ့​သား အဘိ​ယ​ကို မင်း​မြှောက်​ဖို့​အကြံ​ရှိ​တဲ့​အတွက် ညီ​အစ်​ကို​တွေ​ထဲ​မှာ သူ့​ကို ဦး​စီး​အဖြစ်၊ ခေါင်း​ဆောင်​အဖြစ် ခန့်​ထား​တယ်။ ၂၃  ဒါ​ပေမဲ့ ရော​ဗောင်​က သိ​နား​လည်​နိုင်​စွမ်း​ ရှိ​တဲ့​အတွက် သား​တ​ချို့​ကို ယုဒ​ပြည်​နဲ့ ဗင်​ယာ​မိန်​နယ်​မြေမှာ​ရှိ​တဲ့ ခံ​တပ်​မြို့​တွေ​ဆီ+ ပို့​လိုက်​တယ်။ သူတို့​အတွက် လို​လေး​သေး​မရှိ ထောက်ပံ့​ပေး​တဲ့​အပြင် မိန်း​မအများ​ကြီး​ကို​လည်း ရှာ​ပေး​တယ်။

အောက်ခြေမှတ်ချက်များ

မူ​ရင်း၊ “ဆိတ်​နဲ့​တူ​တဲ့ နတ်​ဆိုး​တွေ။”