၂ ရာဇဝင်ချုပ် ၁၃:၁-၂၂

  • ယုဒ​ဘု​ရင် အဘိ​ယ (၁-၂၂)

    • ယေ​ရော​ဗောင်​ကို အဘိ​ယ အောင်​နိုင် (၃-၂၀)

၁၃  ယေ​ရော​ဗောင်​မင်း နန်း​စံ ၁၈ နှစ်​မှာ အဘိ​ယ​က ယုဒ​ပြည်​မှာ နန်း​တက်​လာ​တယ်။+ ၂  အဘိ​ယ​က ဂျေရု​ဆ​လင်​မြို့​မှာ သုံး​နှစ် စိုး​စံ​တယ်။ မယ်​တော်​က ဂိ​ဗာ​မြို့​သား+ ဥ​ရေ​လ​ရဲ့​သမီး မိက္ခာ​ယ+ လို့​ခေါ်​တယ်။ အဘိ​ယ​နဲ့ ယေ​ရော​ဗောင်​တို့​လည်း စစ်​ဆင်​နွှဲခဲ့​ကြ​တယ်။+ ၃  အဘိ​ယ​က  လက်​ရွေး​စင်​စစ်​သည် ၄၀၀,၀၀၀ နဲ့​အတူ တိုက်​ပွဲ​ဝင်​တယ်။+ ယေ​ရော​ဗောင်​လည်း ပြန်​တိုက်​ခိုက်​ဖို့ လက်​ရွေး​စင်​စစ်​သည် ၈၀၀,၀၀၀ နဲ့​အတူ စစ်​ခင်း​တယ်။ ၄  အဘိ​ယ​က ဧ​ဖရိမ်​တောင်​တန်း​ဒေ​သမှာ​ရှိ​တဲ့ ဇေ​မရိမ်​တောင်​ပေါ်​မှာ ရပ်​ပြီး “ယေ​ရော​ဗောင်​နဲ့ အစ္စရေး​လူ​တို့၊ နား​ထောင်​ကြ။ ၅  အစ္စရေး​တို့​ရဲ့​ဘုရား ယေဟောဝါ​က ထာ​ဝ​စဉ်​တည်​တဲ့ ပဋိ​ညာဉ်* ဖွဲ့​ပြီး+ အစ္စရေး​တွေ​ကို ထာ​ဝ​စဉ်​အုပ်​ချုပ်​မယ့် နိုင်​ငံ​တစ်​ခု​ကို+ ဒါဝိဒ်​နဲ့ သား​မြေး​တွေ​လက်​ထဲ+ ပေး​အပ်​ခဲ့​တာ ခင်​ဗျား​တို့ အသိ​ပဲ။ ၆  ဒါ​ပေမဲ့ နေ​ဗတ်​ရဲ့​သား ယေ​ရော​ဗောင်​က+ ဒါဝိဒ်​ရဲ့​သား သူ့​အရှင် ရှော​လ​မုန်​ကို ပုန်​ကန်​တယ်။+ ၇  အလုပ်​လက်​မဲ့​တွေ၊ လူ​ဖျင်း​တွေ​ကို စု​ရုံး​ပြီး ရှော​လ​မုန်​ရဲ့​သား ရော​ဗောင်​ကို ပုန်​ကန်​တာ အောင်​မြင်​သွား​တယ်။ ရော​ဗောင်​က ငယ်​ရွယ်​ပြီး သတ္တိ​နည်း​တဲ့​အတွက် သူတို့​ကို မနှိမ်​နင်း​နိုင်​ခဲ့​ဘူး။ ၈  “အခု ခင်​ဗျား​တို့ အင်အား​တောင့်​တင်း​တဲ့​အပြင် ဘုရား​အဖြစ် ကိုးကွယ်​ဖို့ ယေ​ရော​ဗောင် လုပ်​ပေး​ထား​တဲ့ ရွှေနွား​ငယ်​ရုပ်​တွေ​လည်း ရှိ​တယ်​ဆို​တော့ ဒါဝိဒ်​ရဲ့ သား​မြေး​တွေ​လက်​ထဲ​က ယေဟောဝါ​ရဲ့​နိုင်​ငံ​ကို နှိမ်​နင်း​နိုင်​မယ်​လို့ ထင်​နေ​ကြ​တယ်။+ ၉  ခင်​ဗျား​တို့​က ယေဟောဝါ​ဘုရား​ရဲ့ ပု​ရော​ဟိတ်​တွေ​ဖြစ်​တဲ့ အာ​ရုန်​ရဲ့​သား​မြေး​တွေ၊ လေ​ဝိအမျိုး​သား​တွေ​ကို နှင်​ထုတ်​ပြီး+ တိုင်း​တစ်ပါး​သား​တွေ လုပ်​သလို ကိုယ်​ပိုင်​ပု​ရော​ဟိတ်​တွေ ခန့်​ထား​တယ် မဟုတ်​လား။+ နွား​ထီး​ပျို​တစ်​ကောင်​နဲ့ သိုး​ထီး​ခု​နစ်​ကောင် ယူ​လာ​ရင် ဘယ်​သူ​မဆို ဘုရား​မဟုတ်​တဲ့ ရုပ်​တု​တွေ​ရဲ့ ပု​ရော​ဟိတ် ဖြစ်​တော့​တာ​ပဲ။ ၁၀  ကျုပ်​တို့​ကိုးကွယ်​တဲ့ ဘုရား​က​တော့ ယေဟောဝါ​ပဲ။+ ဘုရား​ကို ကျုပ်​တို့ မစွန့်​ဘူး။ အာရုန်​ရဲ့​သား​မြေး ပု​ရော​ဟိတ်​တွေ​က ယေဟောဝါ​ဘုရား​အတွက် အမှု​ဆောင်​နေ​တယ်။ သူတို့​ကို လေ​ဝိအမျိုး​သား​တွေ ကူညီ​ပေး​နေ​တယ်။ ၁၁  မနက်​တိုင်း၊ ည​နေ​တိုင်း+ မီး​ရှို့​ရာ​အလှူ​တွေ၊ နံ့​သာ​ပေါင်း​တွေ​ကို+ ယေဟောဝါ​ဘုရား​ဆီ ပူ​ဇော်​တယ်။ ရွှေ​စင်​စား​ပွဲ​ပေါ်​မှာ အဆင့်​ဆင့်​တင်​ထား​တဲ့​မုန့်​ကို*+ ပြင်​ဆင်​တယ်။ ရွှေ​ဆီ​မီး​တိုင်​နဲ့+ မီး​ခွက်​တွေ​ကို ည​နေ​တိုင်း ထွန်း​တယ်။+ ကျုပ်​တို့​က ယေဟောဝါ​ဘုရား​ပေး​တဲ့ တာဝန်​ကို ထမ်း​ဆောင်​နေ​တယ်။ ခင်​ဗျား​တို့​က​တော့  ဘုရား​ကို  စွန့်​ပစ်​သွား​ကြ​ပြီ။ ၁၂  အခု စစ်​မှန်​တဲ့​ဘုရား​သခင်​က ကျုပ်​တို့​နဲ့​အတူ ရှိ​တယ်၊ ကျုပ်​တို့​ကို ဦး​ဆောင်​နေ​တယ်။ ခင်​ဗျား​တို့​နဲ့ တိုက်​တဲ့​အခါ အသင့်​ပြင်​ဖို့ အချက်​ပေး​မယ့် ခ​ရာတွေ၊ ဘုရား​ရဲ့ ပု​ရော​ဟိတ်​တွေ​လည်း ကျုပ်​တို့​ဆီ​မှာ ရှိ​တယ်။ အစ္စရေး​တို့၊ ဘိုး​ဘေး​တို့​ရဲ့​ဘုရား ယေဟောဝါ​ကို မတိုက်​ခိုက်​ကြ​နဲ့။ ခင်​ဗျား​တို့ နိုင်​မှာ​မဟုတ်​ဘူး” လို့​ပြော​တယ်။+ ၁၃  ဒါ​ပေမဲ့ ယေ​ရော​ဗောင်​က ယုဒ​တပ်​ကို နောက်​က​နေ တိုက်​ခိုက်​ဖို့ ချုံ​ခို​တပ်​ဖွဲ့ လွှတ်​လိုက်​တယ်။ တပ်​မကြီး​က ရှေ့​က​နေ၊ ချုံ​ခို​တပ်​ဖွဲ့​က နောက်​က​နေ တိုက်​ဖို့ ဖြစ်​တယ်။ ၁၄  ယုဒ​လူ​တွေ နောက်​လှည့်​ကြည့်​တဲ့​အခါ ရှေ့​က​ရော နောက်​က​ပါ တိုက်​ခိုက်​ခံ​နေ​ရ​မှန်း သိ​တာ​နဲ့ ယေဟောဝါ​ကို အော်​ဟစ်​အ​ကူအညီ​တောင်း​ကြ​တယ်။+  ပုရော​ဟိတ်​တွေ​က ခ​ရာတွေ​ကို အကျယ်​ကြီး​မှုတ်​ကြ​တယ်။ ၁၅  ယုဒ​လူ​တွေ စစ်​ငြာ​သံ​ပေး​ပြီး ကြွေး​ကြော်​တဲ့​အခါ ဘုရား​သခင်​က ယေ​ရော​ဗောင်​နဲ့ အစ္စ​ရေး​တွေ​ကို အဘိ​ယ​နဲ့ ယုဒ​လူ​တွေ​ရှေ့​မှာ ရှုံး​နိမ့်​စေ​တယ်။ ၁၆  အစ္စရေး​တွေ​က ယုဒ​လူ​တွေ​ရှေ့​က​နေ ထွက်​ပြေး​ရ​တယ်။ သူတို့​ကို ယုဒ​လူ​တွေ​လက်​ထဲ ဘုရား​သခင် အပ်​လိုက်​တယ်။ ၁၇  အ​ဘိ​ယ​နဲ့ သူ့​လူ​တွေ​က အစ္စရေး​တွေ​ကို အကြီး​အကျယ် တိုက်​ခိုက်​ချေ​မှုန်း​တဲ့​အတွက် အစ္စရေး​လက်​ရွေး​စင် စစ်​သည် ၅၀၀,၀၀၀ ကျ​ဆုံး​သွား​တယ်။ ၁၈  အစ္စရေး​တွေ​ဟာ အဲဒီ​အချိန်​မှာ ရှုံး​နိမ့်​ပြီး အရှက်​ကွဲ​သွား​တယ်။ ယုဒ​လူ​တွေ​က​တော့ ဘိုး​ဘေး​တို့​ရဲ့​ဘုရား ယေဟောဝါ​ကို အား​ကိုး​တဲ့​အတွက် အနိုင်​ရ​ခဲ့​တယ်။+ ၁၉  အဘိ​ယ​က ယေ​ရော​ဗောင်​ကို လိုက်​တိုက်​ပြီး ဗေသလ​မြို့​နဲ့+ ပတ်​ဝန်း​ကျင်​မြို့​ငယ်​တွေ၊ ယေ​ရှ​န​မြို့​နဲ့ ပတ်​ဝန်း​ကျင်​မြို့​ငယ်​တွေ၊ ဧဖ​ရိမ်​မြို့​နဲ့+ ပတ်​ဝန်း​ကျင်​မြို့​ငယ်​တွေ​ကို သိမ်း​ယူ​လိုက်​တယ်။ ၂၀  အဘိ​ယ​လက်​ထက်​မှာ ယေ​ရော​ဗောင် အာ​ဏာ​ပြန်​မရ​တော့​ဘူး။ အဲဒီ​နောက် ယေဟောဝါ ဒဏ်​ခတ်​တဲ့​အတွက် သူ​သေဆုံး​သွား​တယ်။+ ၂၁  အဘိ​ယ​က​တော့ အင်​အား ကြီး​မား​လာ​တယ်။ သူ့​မှာ မိ​ဖု​ရား ၁၄ ယောက်၊+ သား ၂၂ ယောက်၊ သမီး ၁၆ ယောက်​ရှိ​တယ်။ ၂၂  အဘိ​ယ​ရဲ့ ကျန်​တဲ့​သမိုင်း​ကြောင်း​တွေ၊ သူ​လုပ်​ဆောင်​ခဲ့​တာ​တွေ၊ သူ​ပြော​ခဲ့​တဲ့​စကား​တွေ​ကို ပရော​ဖက်​အိ​ဒေါ​ရဲ့ ကျမ်း​စောင်​မှာ ရေး​ထား​တယ်။+

အောက်ခြေမှတ်ချက်များ

မူ​ရင်း၊ “ဆား​ပဋိ​ညာဉ်။”
ရှေ့​တော်​မုန့်။