၂ ရာဇဝင်ချုပ် ၁၄:၁-၁၅

  • အဘိ​ယ သေဆုံး ()

  • ယုဒ​ဘု​ရင် အာ​သ (၂-၈)

  • အီသီယိုး​ပီးယား​လူ ၁,၀၀၀,၀၀၀ ကို အာ​သ အနိုင်ရ (၉-၁၅)

၁၄  အဲဒီ​နောက် အဘိ​ယ ကွယ်​လွန်​သွား​တဲ့​အတွက် သူ့​ကို ဒါဝိဒ်​မြို့​မှာ+ သင်္ဂြိုဟ်​လိုက်​ကြ​တယ်။ သား​တော်​အာ​သ  ထီး​နန်း​ဆက်​ခံ​တယ်။ အာသ​လက်​ထက်​မှာ တိုင်း​ပြည်​က ဆယ်​နှစ်​လုံး​လုံး ငြိမ်း​ချမ်း​သာ​ယာ​နေ​တယ်။ ၂  အာ​သက ယေဟောဝါ​ဘုရား​ရှေ့​မှာ ကောင်း​မွန်​မှန်​ကန်​ရာ​ကို လုပ်​တယ်။ ၃  တိုင်း​တစ်ပါး​ဘုရားတွေ​ရဲ့  ပူဇော်​ရာ​ပလ္လင်တွေ​နဲ့+ အထွတ်​အမြတ်​နေ​ရာတွေ​ကို ဖယ်​ရှား​ပစ်​တယ်။ ကိုးကွယ်​ရာ​ကျောက်​တိုင်​တွေ​ကို  ဖြို​ဖျက်​ပြီး+ ကိုးကွယ်​ရာ​သစ်​တိုင်​တွေ​ကို* ခုတ်​လှဲ​ပစ်​တယ်။+ ၄  ဒါ့​အပြင် ဘိုး​ဘေး​တို့​ရဲ့​ဘုရား ယေဟောဝါ​ကို​ရှာ​ဖို့၊ ပညတ်​တရား​နဲ့ မိန့်မှာ​ချက်​ကို လိုက်​နာ​ဖို့ ယုဒ​လူ​တွေ​ကို တိုက်​တွန်း​တယ်။ ၅  ယုဒ​မြို့​အားလုံး​မှာ အထွတ်​အမြတ်​နေရာတွေ၊ နံ့​သာ​ပေါင်း ပူ​ဇော်ရာ​စင်​တွေ​ကိုလည်း   ဖယ်​ရှား​ပစ်​တယ်။+  ဒါ​ကြောင့် သူ့​လက်​ထက်​မှာ တိုင်း​ပြည် ငြိမ်း​ချမ်း​သာ​ယာ​နေ​တယ်။ ၆  တိုင်း​ပြည် ငြိမ်း​ချမ်း​သာ​ယာ​နေ​တဲ့​အတွက် ယုဒ​ပြည်​မှာ ခံ​တပ်​မြို့​တွေ​ကို သူ​တည်​ဆောက်​တယ်။+ ယေဟောဝါ​က သူ့​ကို အေး​ချမ်း​စွာ နေ​ထိုင်​ခွင့်​ပေး​တဲ့​အတွက် အဲဒီ​နှစ်​တွေ​တစ်​လျှောက် စစ်​မှု​မရှိ​ဘူး။+ ၇  အာ​သက ယုဒ​လူ​တွေ​ကို “ဒီ​မြို့​တွေ​ကို တည်​ဆောက်​ပြီး ပတ်​လည်​မှာ မြို့​ရိုး​တွေ၊ မျှော်​စင်​တွေ၊+ မြို့​တံခါး​တွေ၊ ကန့်​လန့်​ကျင်​တွေ လုပ်​ကြ​စို့။ ယေဟောဝါ​ဘုရား​ကို ငါ​တို့​ရှာ​တဲ့​အတွက် တိုင်း​ပြည်​ဟာ  ငါ​တို့​လက်​ထဲ​မှာ​ပဲ  ရှိ​နေ​တယ်။ ဘုရား​ကို ရှာ​တဲ့​အတွက် ဘုရား​က အရပ်​ရပ်​မှာ ငြိမ်သက်​အေး​ချမ်း​စေ​ပြီ” လို့​ပြော​တယ်။ ဒါ​ကြောင့် သူတို့​ရဲ့ တည်​ဆောက်​ရေး​လုပ်ငန်း အောင်​မြင်​ခဲ့​တယ်။+ ၈  အာ​သရဲ့ စစ်​တပ်​မှာ ဒိုင်း​လွှား​ကြီး​နဲ့ လှံ​ရှည်​ကိုင်​တဲ့ ယုဒ​စစ်​သည် ၃၀၀,၀၀၀ ရှိ​တယ်။ ဗင်​ယာ​မိန်​အနွယ်​မှာ ဒိုင်း​ငယ်​နဲ့ လေး​ကိုင်​ဆောင်​သူ ခွန်​အား​ကြီး​စစ်​သည် ၂၈၀,၀၀၀ ရှိ​တယ်။+ ၉  နောက်​တော့ အီသီယိုး​ပီးယား​လူမျိုး ဇေ​ရ​က သူတို့​ကို တိုက်​ခိုက်​ဖို့ စစ်​သည် ၁,၀၀၀,၀၀၀၊ မြင်း​ရထား ၃၀၀ ပါ​တဲ့ စစ်​တပ်​နဲ့ ချီ​တက်​လာ​တယ်။+ မရေ​ရှ​မြို့​ကို+ သူ​ရောက်​တဲ့​အခါ၊ ၁၀  အာသ​လည်း သူ​နဲ့​တိုက်​ဖို့ ထွက်​လာ​ပြီး မရေ​ရှ​မြို့​နား​က ဇေ​ဖသချိုင့်​ဝှမ်း​မှာ စစ်​ခင်း​ကြ​တယ်။ ၁၁  ပြီး​တော့  အာ​သမင်း​က  “ယေဟောဝါ​ဘုရား၊ ကိုယ်​တော်​က အင်အား​ကြီး​သူ​တွေ​ကို​ဖြစ်​စေ၊ အင်အား​နည်း​သူ​တွေ​ကို​ဖြစ်​စေ ကူညီ​ပေး​နိုင်​ပါ​တယ်။+ ကျွန်​တော်​တို့​ရဲ့​ဘုရား ယေဟောဝါ၊ ကိုယ်​တော့်​ကို အား​ကိုး​တဲ့​အတွက် ကူညီ​ပေး​ပါ။+ ဒီ​လူ​စု​ကြီး​ကို​တိုက်​ဖို့ နာ​မတော်​နဲ့ လာခဲ့​ပါ​ပြီ။+ ယေဟောဝါ​ဘုရား၊ ကိုယ်​တော်​ဟာ ကျွန်​တော်​တို့​ရဲ့ ဘုရား​သခင်​ပါ။ သေမျိုး​ဖြစ်​တဲ့​လူ​က ကိုယ်​တော့်​ကို အနိုင်​မရ​ပါ​စေ​နဲ့”+ ဆို​ပြီး ယေဟောဝါ​ဘုရား​ကို ဆုတောင်း​တယ်။+ ၁၂  ဒါ​နဲ့ ယေဟောဝါ​က အီသီယိုး​ပီးယား​လူ​တွေ​ကို အာ​သနဲ့ ယုဒ​လူ​တွေ​ရှေ့​မှာ ရှုံး​နိမ့်​စေ​တဲ့​အတွက် အီသီယိုးပီးယား​လူ​တွေ  ထွက်​ပြေး​ကုန်​တယ်။+ ၁၃  အာ​သနဲ့ သူ့​လူ​တွေ​လည်း ဂေရာ​မြို့​အထိ+ လိုက်​တိုက်​တယ်။ ယေဟောဝါ​နဲ့ ဘုရား​ရဲ့​စစ်​တပ်​က ချေ​မှုန်း​လိုက်​တဲ့​အတွက် အီသီယိုး​ပီးယား​လူ​တွေ တစ်​ယောက်​မကျန်  သေဆုံး​ကုန်​တယ်။ အဲဒီ​နောက် ယုဒ​လူ​တွေ​က တိုက်​ရာ​ပါ​ဥစ္စာ အများ​ကြီး သိမ်း​ယူ​နိုင်​ခဲ့​တယ်။ ၁၄  ဂေရာ​မြို့​ဝန်း​ကျင်​မှာ​ရှိ​တဲ့ မြို့​အားလုံး​ကို​လည်း တိုက်​ခိုက်​ချေ​မှုန်း​နိုင်​ခဲ့​တယ်။ ယေဟောဝါ​ကို မြို့​သား​တွေ အကြီး​အကျယ် ကြောက်​လန့်​နေ​လို့​ပဲ။ ပစ္စည်း​ဥစ္စာ ပေါ​ကြွယ်​ဝ​တဲ့ အဲဒီ​မြို့​တွေ​ကို တိုက်​ခိုက်​သိမ်း​ယူ​တယ်။ ၁၅  သူတို့​က တိရစ္ဆာန်​ထိန်း​ကျောင်း​သူ​တွေ​ရဲ့ တဲ​တွေ​ကို​လည်း ဖျက်​ဆီး​ပြီး သိုး​နဲ့​ကု​လား​အုတ် အမြောက်​အမြား​ကို သိမ်း​ယူ​လိုက်​တယ်။ အဲဒီ​နောက် ဂျေရု​ဆ​လင်​မြို့​ကို ပြန်​သွား​ကြ​တယ်။

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။