၂ ရာဇဝင်ချုပ် ၁၅:၁-၁၉

  • အာ​သ ပြု​ပြင်​ပြောင်း​လဲ​မှု လုပ် (၁-၁၉)

၁၅  သြဒက်​ရဲ့​သား  အာ​ဇ​ရိ​အ​ပေါ်  ဘုရား​သခင်​ရဲ့  စွမ်းအား​တော်​ သက်​ရောက်​လာ​တယ်။ ၂  ဒါ​နဲ့ သူ​က အာ​သနဲ့ တွေ့​ဖို့ ထွက်​လာ​ပြီး “မင်း​ကြီး၊ နား​ထောင်​ပါ။ ယုဒ​အမျိုး​သား၊ ဗင်ယာ​မိန်​အမျိုး​သား​တို့၊ နား​ထောင်​ကြ။ ယေဟောဝါ​ဘုရား​ဘက်​မှာ  ခင်ဗျား​တို့ ရှိ​နေ​သရွေ့ ဘုရား​က​လည်း  ခင်​ဗျား​တို့​ဘက်​မှာ  ရှိ​နေ​မယ်။+ ဘုရား​ကို ရှာ​ဖွေ​မယ်​ဆို​ရင် အတွေ့​ခံ​မယ်။+ ဘုရား​ကို စွန့်​ခွာ​မယ်​ဆို​ရင်​တော့ ဘုရား​က​လည်း ခင်​ဗျား​တို့​ကို စွန့်​ခွာ​မယ်။+ ၃  အစ္စရေး​ပြည်​မှာ စစ်​မှန်​တဲ့​ဘုရား​သခင်  မရှိ​တာ၊  သွန်သင်​ပေး​မယ့် ပုရော​ဟိတ် မရှိ​တာ၊ ပညတ်​တရား မရှိ​တာ အတော်​ကြာ​ခဲ့​ပြီ။+ ၄  ဒါ​ပေမဲ့ သူတို့​ဒုက္ခ​ရောက်​တဲ့​အခါ အစ္စရေး​တို့​ရဲ့​ဘုရား ယေဟောဝါ​ဆီ ပြန်​လှည့်​လာ​ပြီး ဘုရား​ကို ရှာ​ဖွေ​တဲ့​အ​တွက် ဘုရား​လည်း အတွေ့​ခံ​ခဲ့​တယ်။+ ၅  အဲဒီ​တုန်း​က အစ္စရေး​နယ်​မြေ အသီး​သီး​မှာ မငြိမ်​မသက်​ဖြစ်​နေ​လို့ ဘယ်​သူ​မှ အေး​အေး​ဆေး​ဆေး ခ​ရီး​မသွား​ရဲ​ဘူး။ ၆  ဘုရား​သခင်​က ဘေး​ဒုက္ခ​အမျိုး​မျိုး ကြုံ​စေ​ပြီး မငြိမ်​မသက် ဖြစ်​စေ​တဲ့​အတွက် တစ်​နွယ်​နဲ့​တစ်​နွယ်၊ တစ်​မြို့​နဲ့​တစ်​မြို့ တိုက်​ခိုက်​ချေ​မှုန်း​ကြ​တယ်။+ ၇  ခင်​ဗျား​တို့​က​တော့ သတ္တိ​ရှိ​ကြ​ပါ။ စိတ်​မပျက်​ပါ​နဲ့။+ ခင်​ဗျား​တို့​ရဲ့ လုပ်​ရပ်​အတွက် အကျိုး​ခံစား​ရ​မှာ​ပါ” လို့​ပြော​တယ်။ ၈  အာ​သက  အာ​ဇ​ရိ​ရဲ့​စကား​နဲ့ ပရော​ဖက်​သြဒက်​ရဲ့ ပရော​ဖက်​ပြု​ချက်​ကို ကြား​တဲ့​အခါ အား​တက်​လာ​တယ်။ ပြီး​တော့ ယုဒ​နဲ့ ဗင်​ယာ​မိန်​နယ်​မြေတွေ၊ သူ​သိမ်း​ယူ​ခဲ့​တဲ့ ဧ​ဖရိမ်​တောင်​တန်း​ဒေ​သက မြို့​တွေ​မှာ​ရှိ​တဲ့ ရွံ​ရှာ​ဖွယ်​ရုပ်​တု​တွေ​ကို ဖယ်​ရှား​တယ်။+ ယေဟောဝါ​ရဲ့ အိမ်​တော် မုခ်​ဦး​ရှေ့​က ယေဟောဝါ​ရဲ့ ပူ​ဇော်ရာ​ပလ္လင်​ကို​လည်း ပြု​ပြင်​တယ်။+ ၉  အဲဒီ​နောက် ယုဒ​အမျိုး​သား​တွေ​နဲ့ ဗင်​ယာ​မိန်​အမျိုး​သား​တွေ​ကို​ရော ဧ​ဖရိမ်​နယ်​မြေ၊ မနာ​ရှေ​နယ်​မြေ၊ ရှိ​မောင်​နယ်​မြေမှာ နေ​ထိုင်​တဲ့ တိုင်း​တစ်ပါး​သား​တွေ​ကို​ပါ+ စု​ရုံး​လိုက်​တယ်။ အာ​သမင်း​နဲ့​အတူ ယေဟောဝါ​ဘုရား ရှိ​နေ​မှန်း သိ​သွား​တဲ့​အခါ တိုင်း​တစ်ပါး​သား အမြောက်​အမြား​လည်း အစ္စရေး​ပြည်​က​နေ ထွက်​လာ​ပြီး သူ​နဲ့ လာ​ပူး​ပေါင်း​ကြ​တယ်။ ၁၀  အာ​သနန်း​စံ ၁၅ နှစ်​မြောက်၊ ၃ လ​ပိုင်း​မှာ သူတို့​အားလုံး ဂျေရု​ဆ​လင်​မြို့​မှာ စု​ဝေး​ကြ​တယ်။ ၁၁  သူတို့​ယူ​လာ​တဲ့ တိုက်​ရာ​ပါ​ဥစ္စာတွေ​ထဲ​က နွား ၇၀၀ နဲ့ သိုး ၇,၀၀၀ ကို အဲဒီ​နေ့​မှာ ယေဟောဝါ​ဆီ ပူ​ဇော်​ကြ​တယ်။ ၁၂  ဒါ့​အပြင် ဘိုး​ဘေး​တို့​ရဲ့​ဘုရား ယေဟောဝါ​ကို စိတ်​စွမ်း​ရှိ​သမျှ၊ ကိုယ်​စွမ်း​ရှိ​သမျှ​နဲ့ ရှာ​ဖွေ​မယ်​လို့ ကတိ​သစ္စာ​ပြု​ကြ​တယ်။+ ၁၃  အစ္စရေး​တို့​ရဲ့​ဘုရား ယေဟောဝါ​ကို မရှာ​ဖွေ​တဲ့ လူ​ကြီး​လူငယ်၊ ယောက်ျား​မိန်း​မ ဘယ်​သူ​မဆို ကွပ်​မျက်​ခံ​ရ​မှာ ဖြစ်​တယ်။+ ၁၄  သူတို့​က ယေဟောဝါ​ဆီ အသံ​ကျယ်​ကျယ်​နဲ့ သစ္စာ​ဆို​ပြီး​နောက် ခရာ​တွေ၊ တံ​ပိုး​တွေ မှုတ်​ပြီး ဝမ်း​မြောက်​ဝမ်း​သာ ကြွေး​ကြော်​ကြ​တယ်။ ၁၅  အဲဒီ​လို သစ္စာ​ဆို​ရ​တဲ့​အတွက် ယုဒ​လူ​တွေ ဝမ်း​မြောက်​ဝမ်း​သာ  ဖြစ်​ကြ​တယ်။ သူတို့​က စိတ်​နှလုံး​အကြွင်း​မဲ့ သစ္စာ​ဆို​ပြီး ဘုရား​သခင်​ကို အား​တက်​သရော ရှာ​ဖွေ​ကြ​တဲ့​အတွက် ဘုရား​က​လည်း အ​တွေ့​ခံ​တယ်။+ ယေဟောဝါ​က အရပ်​ရပ်​မှာ ဆက်​ပြီး ငြိမ်သက်​အေး​ချမ်း​စေ​တယ်။+ ၁၆  အာ​သက   အဘွား​မာ​ခါ​ကို​တောင်+ မယ်​တော်​ကြီး​ရာ​ထူး​က​နေ​ ဖယ်​ရှား​တယ်။ မာ​ခါ​က ညစ်​ညမ်း​တဲ့ ရုပ်​တု​တစ်​ခု​လုပ်​ပြီး  ကိုးကွယ်​ရာ​သစ်​တိုင်​ကို* ကိုးကွယ်​လို့​ပဲ။+ အဲဒီ​ညစ်​ညမ်း​တဲ့ ရုပ်​တု​ကို​လည်း ဖြို​ဖျက်​ခြေ​မွှပြီး ကိ​ဒြိုန်​ချိုင့်​ဝှမ်း​မှာ မီး​ရှို့​လိုက်​တယ်။+ ၁၇  အထွတ်​အမြတ်​နေ​ရာတွေ​က​တော့ အစ္စရေး​ပြည်​မှာ​ရှိ​နေ​တုန်း​ပဲ။+ အာ​သက ဘုရား​သခင်​ကို တစ်​သက်​လုံး စိတ်​နှလုံး​အကြွင်း​မဲ့ ဝတ်​ပြု​ခဲ့​တယ်။+ ၁၈  သူ​နဲ့ ခမည်း​တော် ဆက်​ကပ်​ထား​တဲ့* ရွှေ​ထည်​ငွေ​ထည်​နဲ့ အသုံး​အဆောင် အမျိုး​မျိုး​ကို ဘုရား​သခင့်​အိမ်​တော်​ထဲ သွင်း​ထား​တယ်။+ ၁၉  အာ​သနန်း​စံ ၃၅ နှစ်​အထိ စစ်​မှု​မရှိ​ဘူး။+

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
မူ​ရင်း၊ “သန့်​ရှင်း​မြင့်မြတ်​စေ​တဲ့။”