၂ ရာဇဝင်ချုပ် ၁၇:၁-၁၉

  • ယုဒဘုရင် ယောရှဖတ် (၁-၆)

  • သွန်သင်ခြင်း အစီအစဉ် (၇-၉)

  • ယောရှဖတ်ရဲ့ စစ်အင်အား (၁၀-၁၉)

၁၇  သားတော်  ယောရှဖတ်က+ ထီးနန်းဆက်ခံပြီး အစ္စရေးပြည်မှာ အာဏာတည်မြဲအောင် လုပ်တယ်။ ၂  သူက ယုဒပြည်ရဲ့ ခံတပ်မြို့တွေမှာ စစ်တပ်တွေ ချထားပြီး ယုဒပြည်မှာရော ခမည်းတော်အာသ သိမ်းပိုက်ခဲ့တဲ့ ဧဖရိမ်မြို့တွေမှာပါ မြို့စောင့်တပ်တွေ ချထားတယ်။+ ၃  ယောရှဖတ်က ဗာလဘုရားတွေကို မရှာဖွေဘဲ အရင်က ဘိုးဘေးဒါဝိဒ်ရဲ့ လမ်းစဉ်အတိုင်း+ လိုက်လျှောက်တဲ့အတွက် ယေဟောဝါလည်း သူနဲ့အတူ ဆက်ရှိတယ်။ ၄  ခမည်းတော်ရဲ့  ဘုရားသခင်ကို  ရှာဖွေတယ်။+ အစ္စရေးတွေရဲ့ အကျင့်အတိုင်း လိုက်မလုပ်ဘဲ+ ဘုရားရဲ့ပညတ်ချက်အတိုင်း လိုက်လျှောက်တယ်။ ၅  ဒါကြောင့် ယေဟောဝါက သူ့နိုင်ငံကို တည်မြဲစေတယ်။+ ယုဒလူတွေကလည်း လက်ဆောင်ပဏ္ဏာတွေ အမြဲဆက်သတဲ့အတွက် ယောရှဖတ်ဟာ စည်းစိမ်ကြွယ်ဝပြီး ဘုန်းတန်ခိုးကြီးလာတယ်။+ ၆  သူဟာ ယေဟောဝါရဲ့လမ်းစဉ်အတိုင်း သတ္တိရှိရှိ လိုက်လျှောက်တဲ့အပြင် ယုဒပြည်မှာရှိတဲ့ အထွတ်အမြတ်နေရာတွေ၊+ ကိုးကွယ်ရာသစ်တိုင်တွေ* ကိုတောင် ဖယ်ရှားပစ်တယ်။+ ၇  နန်းစံသုံးနှစ်မှာ မှူးမတ်တွေဖြစ်တဲ့ ဗင်ဟဲလ၊ သြဗဒိ၊ ဇာခရိ၊ နာသနေလ၊ မိက္ခာယတို့ကို ယုဒမြို့တွေဆီ စေလွှတ်ပြီး သွန်သင်ခိုင်းတယ်။ ၈  သူတို့နဲ့အတူ  လေဝိအမျိုးသားတွေဖြစ်တဲ့ ရှေမာယ၊ နာသနိ၊ ဇေဗဒိ၊ အာသဟေလ၊ ရှေမိရာမုတ်၊ ယေဟောနသန်၊ အဒေါနိယ၊ တောဘိယ၊ တောဘဒေါနိယ၊ ပုရောဟိတ် ဧလိရှမာနဲ့ ယဟောရံတို့လည်း  လိုက်သွားကြတယ်။+ ၉  သူတို့က ယေဟောဝါရဲ့ ပညတ်ကျမ်းကို ယူသွားပြီး ယုဒပြည်မှာ စပြီးသွန်သင်ပေးတယ်။+ ယုဒမြို့ရွာတစ်လျှောက်လုံးကို  သွားပြီး  လူတွေကို သွန်သင်ပေးကြတယ်။ ၁၀  ယုဒပြည်ဝန်းကျင်မှာရှိတဲ့ နိုင်ငံ အသီးသီးဟာ   ယေဟောဝါကို ကြောက်တဲ့အတွက်  ယောရှဖတ်ကို မတိုက်ခိုက်ရဲဘူး။ ၁၁  ဖိလိတိလူတွေက ယောရှဖတ်ကို ဆက်ကြေးအဖြစ် လက်ဆောင်ပဏ္ဏာနဲ့ ငွေတွေ ပေးကြတယ်။ အာရပ်လူတွေလည်း သိုးထီး ၇,၇၀၀၊ ဆိတ်ထီး ၇,၇၀၀ ကို ယူလာပေးကြတယ်။ ၁၂  ယောရှဖတ်ဟာ အင်အားကြီးသည်ထက် ကြီးလာပြီး+ ယုဒပြည်မှာ ခံတပ်တွေ၊+  ရိက္ခာသိုလှောင်ရာမြို့တွေကို ဆက်တည်ဆောက်တယ်။+ ၁၃  ယုဒမြို့တွေမှာ စီမံကိန်းကြီးတွေကို အကောင်အထည် ဖော်တယ်။ ဂျေရုဆလင်မြို့မှာလည်း  ခွန်အားကြီးစစ်သည်တွေ  ရှိတယ်။ ၁၄  သူတို့ကို ဆွေမျိုးစုအလိုက် အုပ်စုခွဲထားတယ်– ယုဒအနွယ်မှာ လူတစ်ထောင်အုပ်တွေထဲက တစ်ယောက်ကတော့ ဗိုလ်ချုပ်အာဒနဖြစ်ပြီး သူ့တပ်မှာ ခွန်အားကြီးစစ်သည် ၃၀၀,၀၀၀ ရှိတယ်။+ ၁၅  သူ့လက်အောက်မှာ ဗိုလ်ချုပ် ယေဟောဟနန်နဲ့ စစ်သည် ၂၈၀,၀၀၀ ရှိတယ်။ ၁၆  ယေဟောဟနန်ရဲ့ လက်အောက်မှာ ယေဟောဝါအတွက် စေတနာစိတ်နဲ့ အမှုဆောင်သူ၊ ဇိခရိရဲ့သား အာမသိနဲ့ ခွန်အားကြီးစစ်သည် ၂၀၀,၀၀၀ ရှိတယ်။ ၁၇  ဗင်ယာမိန်အနွယ်မှာ+ ခွန်အားကြီးစစ်သည် ဧလျာဒနဲ့အတူ ဒိုင်းလွှားနဲ့လေး ကိုင်ဆောင်သူ စစ်သည် ၂၀၀,၀၀၀ ရှိတယ်။+ ၁၈  သူ့လက်အောက်မှာ ယဟောဇဗတ်နဲ့ တိုက်ပွဲဝင်ဖို့ အသင့်ရှိသူ စစ်သည် ၁၈၀,၀၀၀ ရှိတယ်။ ၁၉  သူတို့ဟာ မင်းမှုထမ်းတွေ ဖြစ်ကြတယ်။ အဲဒီမင်းမှုထမ်းတွေအပြင် ယုဒပြည်တစ်လျှောက် ခံတပ်မြို့တွေမှာ ဘုရင်တာဝန်ချထားသူတွေလည်း ရှိသေးတယ်။+

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။