၂ ရာဇဝင်ချုပ် ၁၉:၁-၁၁

  • ယောရှဖတ်​ကို ယေဟု ဆုံးမ (၁-၃)

  • ယောရှဖတ် ပြု​ပြင်​ပြောင်း​လဲ​မှု လုပ် (၄-၁၁)

၁၉  ယုဒ​ဘုရင်​ယောရှဖတ်​က ဂျေရု​ဆ​လင်​မြို့​မှာ​ရှိ​တဲ့ နန်း​တော်​ကို ဘေး​မသီ​ရန်​မခ ပြန်​ရောက်​လာ​တယ်။+ ၂  အဲဒီ​အခါ ဟာ​နေ​နိ​ရဲ့+ သား စိတ်​အာ​ရုံ​မြင်​ရ​သူ ယေဟု​က+ ယောရှဖတ်​ဆီ အခစား​ဝင်​ပြီး “မင်း​ကြီး၊ ဆိုး​ညစ်​သူ​ကို ကူညီ​သင့်​သလား။+ ယေဟောဝါ​ဘုရား​ကို မုန်း​တဲ့​သူ​တွေ​ကို ချစ်​သင့်​သလား။+ မင်း​ကြီး ဒီ​လို​လုပ်​တဲ့​အတွက် ယေဟောဝါ​ဘုရား အမျက်​ထွက်​နေ​ပြီ။ ၃  ဒါ​ပေမဲ့ မင်း​ကြီး​က တိုင်း​ပြည်​မှာ​ရှိ​တဲ့ ကိုးကွယ်​ရာ​သစ်​တိုင်​တွေ​ကို* ဖယ်​ရှား​ပြီး စစ်​မှန်​တဲ့​ဘုရား​သခင်​ကို ရှာ​ဖွေ​ဖို့ စိတ်​ပိုင်း​ဖြတ်​ထား​တဲ့​အတွက် မင်း​ကြီး​ရဲ့ ကောင်း​ကွက်​တွေ​ကို ဘုရား​သခင် မြင်​ပါ​တယ်”+ လို့​လျှောက်​တင်​တယ်။+ ၄  ယောရှဖတ်​က ဂျေရု​ဆ​လင်​မြို့​မှာ ဆက်​စိုး​စံ​တယ်။ ပြီး​တော့ ဗေ​ရ​ရှေ​ဘ​မြို့​က​နေ  ဧ​ဖရိမ်​တောင်​တန်း​ဒေသ​တစ်​လျှောက်+ ထပ်​သွား​ပြီး အဲဒီ​မှာ နေ​ထိုင်​သူ​တွေ​ကို  ဘိုး​ဘေး​တို့​ရဲ့​ဘုရား ယေဟောဝါ​ဆီ ပြန်​လှည့်​လာ​အောင် ကူညီ​ပေး​တယ်။+ ၅  ယုဒ​ပြည်​တစ်​ဝန်း​က​ ခံ​တပ်​မြို့​အသီး​သီး​မှာ​လည်း တရား​သူကြီး​တွေ ခန့်​လိုက်​ပြီး၊+ ၆  “ခင်​ဗျား​တို့​က  လူ​တွေ​အ​တွက်​မ​ဟုတ်​ဘဲ ယေဟောဝါ​ဘုရား​အတွက် တရား​စီရင်​နေ​တာ​ဖြစ်​လို့ ဂရု​တ​စိုက် လုပ်​ဆောင်​ကြ​ပါ။ စီရင်​ချက်​ချ​တဲ့​အခါ ခင်​ဗျား​တို့​နဲ့​အတူ  ဘုရား​ရှိ​တယ်။+ ၇  ယေဟောဝါ​က မတရား​တာ  မလုပ်​ဘူး၊+ မျက်​နှာ​မလိုက်​ဘူး၊+ တံစိုး​လက်​ဆောင်​တွေ လက်မခံ​​ဘူး။+ ဒါ​ကြောင့် ယေဟောဝါ​ဘုရား​ကို ကြောက်​ရွံ့​ရို​သေကြ​ပါ။+ သတိ​နဲ့ လုပ်​ဆောင်​ကြ​ပါ” လို့​မှာ​တယ်။ ၈  ယောရှဖတ်​က ဂျေရု​ဆ​လင်​မြို့​မှာ​လည်း ယေဟောဝါ​အတွက် တရား​သူကြီး​တွေ​အဖြစ် အမှု​ဆောင်​ဖို့၊ ဂျေရု​ဆ​လင်​မြို့​သား​တွေ​ရဲ့ အမှု​အခင်း​တွေ​ကို စီရင်​ပေး​ဖို့ လေ​ဝိအမျိုး​သား​တွေ၊ ပုရော​ဟိတ်​တွေ၊  အစ္စရေး​ဆွေ​မျိုး​စု ခေါင်း​ဆောင်​တွေ​ကို ခန့်​လိုက်​တယ်။+ ၉  ပြီး​တော့ “ခင်​ဗျား​တို့ ယေဟောဝါ​ကို ကြောက်​ရွံ့​ရို​သေတဲ့​စိတ်​နဲ့ သစ္စာ​ရှိ​ရှိ စိတ်​နှလုံး​အကြွင်း​မဲ့ လုပ်​ဆောင်​ရ​မှာ​က– ၁၀  အမြို့​မြို့​မှာ နေ​ကြ​တဲ့ ခင်ဗျား​တို့​ရဲ့ ညီ​အစ်​ကို​တွေ​က လူ​သတ်​မှု​တစ်​ခု တင်​ပြလာ​တဲ့​အခါ+ ဒါ​မှ​မဟုတ် ဥ​ပဒေ၊ ပညတ်​ချက်၊ စည်း​မျဉ်း၊ တရား​စီရင်​ချက်​တွေ​အကြောင်း မေး​မြန်း​လာ​တဲ့​အခါ သူတို့​ကို သတိ​ပေး​ရ​မယ်။ ဒါ​မှ ယေဟောဝါ​ဘုရား​ရှေ့​မှာ သူတို့​ရော ခင်​ဗျား​တို့​ပါ အပြစ်​မသင့်​ကြ​မှာ။ သတိ​မပေး​ရင်​တော့ သူတို့​ကို​ရော ခင်​ဗျား​တို့​ကို​ပါ ဘုရား​သခင် အမျက်​ထွက်​လိမ့်​မယ်။ ၁၁  အခု ယေဟောဝါ​ဘုရား​နဲ့​ဆိုင်​တဲ့ ကိစ္စတွေ​မှာ ပု​ရော​ဟိတ်​မင်း အာ​မရိ​က ခင်​ဗျား​တို့​ကို ကြီး​ကြပ်​ပေး​လိမ့်​မယ်။+ ပြည်​တွင်း​ရေး​ရာ​ကိစ္စတွေ​ကို​တော့ ယုဒ​အမျိုး​ရဲ့​ခေါင်း​ဆောင်၊ အိ​ရှ​မေလ​ရဲ့​သား ဇေ​ဗ​ဒိ​က ကြီး​ကြပ်​ပေး​လိမ့်​မယ်။ လေ​ဝိအမျိုး​သား​တွေ​လည်း လက်​ထောက် ခေါင်း​ဆောင်​တွေ​အဖြစ် အမှု​ဆောင်​လိမ့်​မယ်။ ဒါ​ကြောင့် သတ္တိ​ရှိ​ရှိ လုပ်​ဆောင်​ကြ​ပါ။ မှန်​ရာ​ကို​လုပ်​တဲ့​သူ​တွေ​နဲ့​အတူ ယေဟောဝါ ရှိ​ပါ​စေ” ဆို​ပြီး သူတို့​ကို မှာ​တယ်။+

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။