၂ ရာဇဝင်ချုပ် ၂၃:၁-၂၁

  • ယော​ယ​ဒ ကြား​ဝင်​လုပ်​ဆောင်၊ ယော​ရှ​ကို​မင်းမြှောက် (၁-၁၁)

  • အာ​သလိ​ကို ကွပ်​မျက် (၁၂-၁၅)

  • ယော​ယ​ဒ ပြု​ပြင်​ပြောင်း​လဲ​မှု​လုပ် (၁၆-၂၁)

၂၃  ခုနစ်​နှစ်​မြောက်​မှာ​တော့ ယော​ယ​ဒ​က သတ္တိ​ရှိ​ရှိ လုပ်​ဆောင်​တယ်။ ရာ​တပ်​မှူး​တွေ​ဖြစ်​တဲ့+ ယေ​ရော​ဟံ​ရဲ့​သား အာ​ဇ​ရိ၊ ယေ​ဟော​ဟ​နန်​ရဲ့​သား အိ​ရှ​မေလ၊ သြဗက်​ရဲ့​သား အာ​ဇ​ရိ၊ အဒါ​ယ​ရဲ့​သား မာ​သေယ၊ ဇိ​ခ​ရိ​ရဲ့​သား ဧ​လိ​ရှ​ဖတ်​တို့​နဲ့ ကတိ​က​ဝတ်​ပြု​တယ်။ ၂  အဲဒီ​နောက် ယုဒ​ပြည်​တစ်​လျှောက်​လုံး​ကို သွား​ပြီး ယုဒ​မြို့​တွေ​မှာ​ရှိ​တဲ့ လေ​ဝိအမျိုး​သား​တွေ​နဲ့+ အစ္စရေး​ဆွေ​မျိုး​စု ခေါင်း​ဆောင်​တွေ​ကို စု​ဝေး​ခိုင်း​လိုက်​တယ်။ ဂျေရု​ဆ​လင်​မြို့​ကို သူတို့ ရောက်​လာ​တဲ့​အခါ၊ ၃  လူ​အားလုံး​က စစ်​မှန်​တဲ့​ဘုရား​သခင်​ရဲ့ အိမ်​တော်​မှာ ဘုရင်​နဲ့ ကတိ​သစ္စာ​ပြု​ကြ​တယ်။+ အဲဒီ​နောက် ယော​ယ​ဒ​က– “ဒါဝိဒ်​ရဲ့​သား​မြေး​တွေ​နဲ့ ပတ်​သက်​ပြီး ယေဟောဝါ​ဘုရား ကတိ​ပေး​ထား​တဲ့​အတိုင်း အခု ဘု​ရင့်​သား​တော် စိုး​စံ​လိမ့်​မယ်။+ ၄  ခင်​ဗျား​တို့ လုပ်​ရ​မှာ​က– လူ​သုံး​စု ခွဲ​လိုက်​ပါ။ ဥ​ပုသ်​နေ့​မှာ တာဝန်​ကျ​တဲ့+ ပု​ရော​ဟိတ်​နဲ့ လေ​ဝိအမျိုး​သား​တွေ​ဖြစ်​တဲ့ တစ်​စု​က တံခါး​စောင့်​လုပ်​ရ​မယ်။+ ၅  နောက်​တစ်​စု​က  နန်း​တော်​မှာ+  စောင့်​ရ​မယ်။ နောက်​ဆုံး​တစ်​စု​က အုတ်​မြစ်​တံခါး​မှာ စောင့်​ရ​မယ်။ လူ​အားလုံး​က​တော့ ယေဟောဝါ​ရဲ့ အိမ်​တော်​ဝင်း​ထဲ​မှာ+ ရှိ​နေ​ရ​မယ်။ ၆  ယေဟောဝါ​ရဲ့ အိမ်​တော်​ထဲ ဘယ်​သူ့​ကို​မှ မဝင်​စေ​နဲ့။ တာဝန်​ထမ်း​ဆောင်​နေ​တဲ့+ ပု​ရော​ဟိတ်​တွေ​နဲ့ လေ​ဝိအမျိုး​သား​တွေ​က​တော့ သန့်​ရှင်း​တဲ့​လူ​စု​ဖြစ်​လို့ ဝင်​လို့​ရ​တယ်။ ကျန်​တဲ့​လူ​တွေ​က​တော့ ယေဟောဝါ​ရဲ့​တောင်း​ဆို​ချက်​ကို လိုက်​နာ​တဲ့​အနေ​နဲ့ အပြင်​မှာ​ပဲ နေ​ရ​မယ်။ ၇  လေ​ဝိအမျိုး​သား​တွေ​က လက်​နက်​ကိုယ်​စီ​ကိုင်​ပြီး ဘုရင်​ကို ခြံ​ရံ​စောင့်​ကြပ်​ရ​မယ်။ အိမ်​တော်​ထဲ ဝင်​လာ​သူ​မှန်​သမျှ သေဒဏ်​ပဲ။ ဘုရင်​သွား​လေ​ရာရာ ခင်​ဗျား​တို့ လိုက်​ရ​မယ်” ဆို​ပြီး ညွှန်​ကြား​တယ်။ ၈  လေ​ဝိအမျိုး​သား​တွေ​နဲ့ ယုဒ​လူ​တွေ​အားလုံး​က ပု​ရော​ဟိတ်​ယော​ယ​ဒ ညွှန်​ကြား​တဲ့​အတိုင်း တစ်​သဝေ​မ​တိမ်း လိုက်​နာ​ကြ​တယ်။  တပ်​မှူး​တွေ​က ဥပုသ်​နေ့​မှာ တာဝန်​ကျ​သူ​တွေ​ကို​ရော တာဝန်​မကျ​သူ​တွေ​ကို​ပါ  ခေါ်​ထား​တယ်။+ ပု​ရော​ဟိတ်​ယော​ယ​ဒ​က သူတို့​ကို+ အနား​မပေး​ဘူး။ ၉  ပု​ရော​ဟိတ်​ယော​ယ​ဒ​က ရာ​တပ်​မှူး​တွေ​ကို+ ဘုရား​သခင်​ရဲ့​အိမ်​တော်​မှာ​ရှိ​တဲ့+ ဒါဝိဒ်​မင်း​ရဲ့ လှံ​တွေ၊ ဒိုင်း​ငယ်​တွေ၊ ဒိုင်း​ဝိုင်း​တွေ ပေး​တယ်။+ ၁၀  ပြီး​တော့ လူ​တွေ​ကို လက်​နက်​ကိုယ်​စီ​ကိုင်၊ ဘုရင်​ကို​ခြံ​ရံ​ပြီး ပူ​ဇော်ရာ​ပလ္လင်​အနား၊ အိမ်​တော်​အနား၊ အိမ်​တော်​ရဲ့​ညာ​ဘက်​က​နေ  ဘယ်​ဘက်​အထိ စောင့်​ကြပ်​ဖို့ နေ​ရာ​ချ​ပေး​တယ်။ ၁၁  အဲဒီ​နောက် ဘု​ရင့်​သား​တော်+ ယော​ရှ​ကို ခေါ်​ထုတ်​လာ​တယ်။ ခေါင်း​ပေါ် သရ​ဖူ​ဆောင်း​ပေး​ပြီး ပညတ်​ကျမ်း​လိပ်​ကို+ တင်​တယ်။ ယောယ​ဒ​နဲ့​သား​တွေ​က ယော​ရှ​ကို မင်း​မြှောက်​ပြီး  ဘိ​သိက်​ပေး​လိုက်​တယ်။ “မင်း​ကြီး အသက်​တော် ရှည်​ပါ​စေ” လို့ ကြွေး​ကြော်​ကြ​တယ်။+ ၁၂  အာ​သလိ​ဟာ အုတ်​အုတ်​ကျက်​ကျက် ဖြစ်​နေ​တဲ့​အသံ၊ ဘုရင်​ကို ချီး​မွမ်း​သြဘာ​ပေး​နေ​တဲ့ အသံ​ကို ကြား​တာ​နဲ့ လူ​တွေ​စု​ဝေး​နေ​တဲ့ ယေဟောဝါ​ရဲ့ အိမ်​တော်​ကို ရောက်​လာ​တယ်။+ ၁၃  အိမ်​တော်​ဝင်​ပေါက်​မှာ​ရှိ​တဲ့ တိုင်​နား​မှာ ဘုရင်​ရပ်​နေ​တာ​ကို သူ​တွေ့​လိုက်​ရ​တယ်။ မှူး​မတ်​တွေ၊+ ခ​ရာ​မှုတ်​သူ​တွေ​က ဘုရင်​အနား​မှာ ရှိ​နေ​ပြီး ပြည်​သူ​ပြည်​သား​တွေ​လည်း ဝမ်း​သာ​အား​ရ+ ခ​ရာတွေ မှုတ်​နေ​ကြ​တယ်။ တူ​ရိ​ယာ​တီး​မှုတ်​နေ​တဲ့ သီချင်း​သည်​တွေ​က​လည်း ဦးဆောင်​ပြီး ချီး​မွမ်း​သီချင်း​ဆို​နေ​ကြ​တယ်။ ဒါ​နဲ့ အာ​သလိ​က ကိုယ့်​အဝတ်​ကို ဆွဲ​ဆုတ်​ပြီး “ဒါ ပုန်​ကန်​မှု​ပဲ။ ပုန်ကန်​နေကြ​တာ​ပဲ”  လို့အော်​တော့​တယ်။ ၁၄  ပုရော​ဟိတ်​ယော​ယ​ဒ​က တပ်​သား​တွေ​ကို ကြီး​ကြပ်​ရ​တဲ့ ရာ​တပ်​မှူး​တွေ​ကို ခေါ်​ပြီး “အစောင့်​အ​ကြပ်​တွေ​ကြား​က​နေ သူ့​ကို ခေါ်​ထုတ်​သွား​ကြ။ သူ့​နောက်​ကို လိုက်​တဲ့​သူ​ရှိ​ရင်​လည်း ဓား​နဲ့​ကွပ်​မျက်​ကြ” လို့ အမိန့်​ပေး​တယ်။ ယော​ယ​ဒ​က “သူ့​ကို ယေဟောဝါ​ဘုရား​ရဲ့ အိမ်​တော်​ထဲ​မှာ မသတ်​ကြ​နဲ့” လို့ မှာ​ထား​တဲ့​အတွက်၊ ၁၅  သူ့​ကို ဖမ်း​ချုပ်​ပြီး နန်း​တော်​ရဲ့ မြင်း​တံခါး​ဝ​ကို ရောက်​တာ​နဲ့ ကွပ်​မျက်​လိုက်​ကြ​တယ်။ ၁၆  အဲဒီ​နောက် ယော​ယ​ဒ​က ဘုရင်​နဲ့​ လူ​တွေ​ကို ယေဟောဝါ​ရဲ့​လူမျိုး အမြဲဖြစ်​နေ​စေ​ဖို့ သူ​နဲ့ ကတိ​သစ္စာ​ပြု​ခိုင်း​တယ်။+ ၁၇  နောက်​တော့ ပြည်​သူ​ပြည်​သား​တွေ​က ဗာလ​ဘုရား​ကျောင်း​ကို လာ​ပြီး ဖြို​ချ​တယ်။+ ဗာလ​ရဲ့​ယဇ်​ပလ္လင်တွေ၊ ဗာလ​ရုပ်​တု​တွေ​ကို ချိုး​ဖဲ့​ဖျက်​ဆီး​ပြီး+ ဗာလ​ပု​ရော​ဟိတ် မဿန်​ကို ယဇ်​ပလ္လင်တွေ​ရှေ့​မှာ ကွပ်​မျက်​လိုက်​တယ်။+ ၁၈  ပြီး​တော့ ယောယ​ဒ​က ဒါဝိဒ်​ကိုယ်​တိုင် အုပ်​စု​ခွဲ​ပြီး တာဝန်​ပေး​ခဲ့​တဲ့  ပု​ရော​ဟိတ်​တွေ​နဲ့ လေဝိ​အမျိုး​သား​တွေ​ကို ယေဟောဝါ​ရဲ့​အိမ်​တော်  ကြီး​ကြပ်​ဖို့  အပ်​လိုက်​တယ်။ သူတို့​ဟာ ယေဟောဝါ​ရဲ့​အိမ်​တော်​မှာ မီး​ရှို့​ရာ​ပူ​ဇော်​သက္ကာတွေ​ကို မော​ရှေ​ပညတ်​အတိုင်း+ ယေဟောဝါ​ဆီ ပူ​ဇော်​ပြီး+ ဒါဝိဒ်​ညွှန်​ကြား​ခဲ့​တဲ့​အတိုင်း ရွှင်​လန်း​စွာ သီချင်း​ဆို​ရ​မယ့်​သူ​တွေ​ပဲ။ ၁၉  တစ်​ခု​ခု​ကြောင့် မသန့်​မရှင်း​ဖြစ်​နေ​သူ​တွေ ယေဟောဝါ​ရဲ့​အိမ်​တော်​ထဲ မဝင်​နိုင်​အောင် တံခါး​စောင့်​တွေ​ကိုလည်း+ ချ​ထား​တယ်။ ၂၀  ပြီး​တော့ ယော​ယ​ဒ​က ရာ​တပ်​မှူး​တွေ၊+ ဂုဏ်​အသရေ​ရှိ​သူ​တွေ၊ အုပ်​ချုပ်​ရေး​မှူး​တွေ၊ ပြည်​သူ​ပြည်​သား​တွေ​ကို ခေါ်​လိုက်​တယ်။ သူတို့​က ဘုရင်​ကို ခြံ​ရံ​စောင့်​ကြပ်​ပြီး ယေဟောဝါ​ရဲ့ အိမ်​တော်​ထဲ​က​နေ ခေါ်​ထုတ်​လာ​တယ်။ အထက်​တံခါး​ကို​ဖြတ်၊ နန်း​တော်​ထဲ​ဝင်​လာ​ပြီး ဘုရင်​ကို ရာ​ဇ​ပလ္လင်​ပေါ်+ ထိုင်​ခိုင်း​ကြ​တယ်။+ ၂၁  အာ​သလိ​ကို ကွပ်​မျက်​လိုက်​ပြီဖြစ်​လို့ ပြည်​သူ​ပြည်​သား​အားလုံး ပျော်​ရွှင်​မြူး​ထူး​ပြီး တစ်​မြို့​လုံး ငြိမ်သက်​အေး​ချမ်း​နေ​တယ်။

အောက်ခြေမှတ်ချက်များ