၂ ရာဇဝင်ချုပ် ၂၄:၁-၂၇

  • ယော​ရှ​ရဲ့​အုပ်​ချုပ်​မှု (၁-၃)

  • ဗိမာန်​တော်​ကို ယော​ရှ​ပြု​ပြင် (၄-၁၄)

  • ယော​ရှ အယူ​ဖောက်​ပြန် (၁၅-၂၂)

  • ယော​ရှ လုပ်​ကြံ​ခံ​ရ (၂၃-၂၇)

၂၄  ယော​ရှ နန်း​တက်​ချိန်​မှာ အ​သက် ၇ နှစ်​ပဲ​ရှိ​သေး​တယ်။+ ဂျေရု​ဆ​လင်​မြို့​မှာ နှစ်​ပေါင်း ၄​ဝ စိုး​စံ​တယ်။ မယ်​တော်​က ဗေ​ရ​ရှေ​ဘ​မြို့​သူ ဇိ​ဗိ​လို့​ခေါ်​တယ်။+ ၂  ယော​ရှ​ဟာ ပု​ရော​ဟိတ် ယော​ယ​ဒ အသက်​ရှင်​နေ​ချိန် တစ်​လျှောက်​လုံး ယေဟောဝါ​ရှေ့​မှာ မှန်​ရာ​ကို ဆက်​လုပ်​တယ်။+ ၃  ယော​ယ​ဒ​က သူ့​အတွက် မိ​ဖု​ရား​နှစ်​ယောက် ရွေး​ပေး​တယ်။ ဒီ​လို​နဲ့ သူ့​မှာ သား​သမီး​တွေ ရ​လာ​တယ်။ ၄  နောက်​ပိုင်း​မှာ ယော​ရှ​က ယေဟောဝါ​ရဲ့ အိမ်​တော်​ကို ပြု​ပြင်​ဖို့ ဆန္ဒ​ပြင်း​ပြလာ​တယ်။+ ၅  ဒါ​ကြောင့် ပုရော​ဟိတ်​တွေ​နဲ့ လေ​ဝိအမျိုး​သား​တွေ​ကို စု​ဝေး​ပြီး “ယုဒ​မြို့​တွေ​ကို သွား​ကြ။ ဘုရား​သခင့်​အိမ်​တော်​ကို နှစ်​စဉ်​ပြု​ပြင်​နိုင်​ဖို့ အစ္စရေး​တွေ​ဆီ​က​နေ ငွေ​ကောက်​ခဲ့​ကြ။+ ဒီ​ကိစ္စ​ကို အမြန်​ဆုံး ဆောင်​ရွက်​ကြ​ပါ” လို့​အမိန့်​ပေး​ပေမဲ့ လေ​ဝိအမျိုး​သား​တွေ​က ချက်​ချင်း မလုပ်​ဆောင်​ကြ​ဘူး။+ ၆  ဒါ​ကြောင့် ယောရှ​က​ ပုရော​ဟိတ်​မင်း ယော​ယ​ဒ​ကို​ခေါ်​ပြီး+​ “သက်​သေ​ခံ​ချက် သေတ္တာ​ရှိ​ရာ တဲ​တော်​အတွက်+ အစ္စရေး​အားလုံး​ဆီ​က သီး​သန့်​အခွန်​ငွေ၊ ယေဟောဝါ​ဘုရား​ရဲ့​ကျွန် မော​ရှေ မှာ​ကြား​တဲ့ သီး​သန့်​အခွန်​ငွေ​ကို+ ယုဒ​ပြည်​နဲ့ ဂျေရု​ဆ​လင်​မြို့​က​နေ ကောက်​ခံ​ပြီး ယူ​ဆောင်​လာ​ဖို့ လေဝိ​အမျိုး​သား​တွေ​ကို ဘာ​လို့ မခိုင်း​တာ​လဲ။ ၇  ဆိုး​ညစ်​တဲ့​မိန်း​မ အာ​သလိ​ရဲ့+ သား​တွေ​က စစ်​မှန်​တဲ့​ဘုရား​သခင်​ရဲ့ အိမ်​တော်​ထဲ ကျူး​ကျော်​ဝင်​ရောက်​ပြီး+ ယေဟောဝါ​ရဲ့ အိမ်​တော်​မှာ သုံး​တဲ့ သန့်​ရှင်း​တဲ့​ပစ္စည်း​အားလုံး​ကို ဗာလ​ဘုရားတွေ​အတွက် သုံး​လိုက်​ကြ​ပြီ” လို့​ပြော​တယ်။ ၈  ဒါ​နဲ့ ဘု​ရင့်​အမိန့်​အရ သေတ္တာ​တစ်​လုံး+ လုပ်​ပြီး ယေဟောဝါ​ရဲ့​အိမ်​တော် တံခါး​အပြင်​ဘက်​မှာ ထား​လိုက်​တယ်။+ ၉  အဲဒီ​နောက် တော​ကန္တာ​ရ​မှာ အစ္စရေး​လူမျိုး​အတွက် ဘုရား​သခင်​ရဲ့​ကျွန် မော​ရှေ ပြဋ္ဌာန်းခဲ့​တဲ့​အတိုင်း ယေဟောဝါ​အတွက် သီး​သန့်​အခွန်​ငွေ​ကို+ ယူ​လာ​ဖို့ ယုဒ​ပြည်​နဲ့ ဂျေရု​ဆ​လင်​မြို့ တစ်​လျှောက်​လုံး​မှာ ကြေ​ညာ​လိုက်​တယ်။ ၁၀  မှူး​မတ်​တွေ​ရော လူ​တွေ​ပါ ဝမ်း​မြောက်​ဝမ်း​သာ​နဲ့+ တ​ဖွဲ​ဖွဲ​ရောက်​လာ​ပြီး အလှူ​ငွေ​တွေ ထည့်​လိုက်​ကြ​တာ သေတ္တာ​အပြည့်​ပဲ။* ၁၁  လေ​ဝိအမျိုး​သား​တွေ​က သေတ္တာ​ထဲ​မှာ ငွေ​များ​လာ​မှန်း သိ​တဲ့​အခါ ဘု​ရင့်​ဆီ ယူ​လာ​ပြီး အပ်​ကြ​တယ်။ ဘု​ရင့်​စာ​ရေး​တော်​ရော ပု​ရော​ဟိတ်​မင်း​ရဲ့ ကိုယ်​စား​လှယ်​ပါ ရောက်​လာ​ပြီး ငွေ​တွေ​ထုတ်​ယူ​တယ်။+ ပြီး​တော့ သေတ္တာ​ကို သူ့​နေ​ရာ​မှာ ပြန်​ထား​တယ်။ နေ့​တိုင်း အဲဒီ​လို​လုပ်​တဲ့​အတွက် ငွေ​အမြောက်​အမြား စု​မိ​တယ်။ ၁၂  အဲဒီ​နောက် ဘုရင်​နဲ့ ယော​ယ​ဒ​က အဲဒီ​ငွေ​ကို ယေဟောဝါ​ရဲ့ အိမ်​တော်​လုပ်ငန်း ကြီး​ကြပ်​သူ​တွေ​ဆီ အပ်​လိုက်​တယ်။ ကြီး​ကြပ်​သူ​တွေ​က ယေဟောဝါ​ရဲ့​အိမ်​တော် မွမ်း​မံ​ဖို့ ကျောက်​ဆစ်​သမား​တွေ၊ လက်​မှု​ပညာ​သည်​တွေ​ကို ငှား​ကြ​တယ်။+ ယေဟောဝါ​ရဲ့ အိမ်​တော်​ပြု​ပြင်​ဖို့ ပန်း​ပဲ​သမား​တွေ၊ ပန်း​တဉ်း​သမား​တွေ​ကို​လည်း ငှား​ကြ​တယ်။ ၁၃  ကြီး​ကြပ်​သူ​တွေ​လည်း လုပ်ငန်း​စတင်​တော့​တယ်။ သူတို့​ကြီး​ကြပ်​တဲ့​အတိုင်း အိမ်​တော်​ပြု​ပြင်​တဲ့​အလုပ်​က တ​ဖြည်း​ဖြည်း ပြီး​မြောက်​လာ​တယ်။ ဘုရား​သခင့် အိမ်​တော်​ကို နဂို​အတိုင်း ပြန်​ဖြစ်​အောင်၊ ပို​ခိုင်​ခံ့​လာ​အောင် လုပ်​ကြ​တယ်။ ၁၄  လုပ်ငန်း​ပြီး​စီး​သွား​တာ​နဲ့ လက်​ကျန်​ငွေ​ကို ဘုရင်​နဲ့  ယော​ယ​ဒ​ဆီ  ယူ​လာ​ကြ​တယ်။ သူတို့​က အဲဒီ​ငွေ​ကို​သုံး​ပြီး ယေဟောဝါ​ရဲ့ အိမ်​တော်​အတွက် အသုံး​အဆောင်​ပစ္စည်းတွေ လုပ်​တယ်။ အမှု​ဆောင်​တဲ့​အခါ၊ အလှူ​တွေ​ပူ​ဇော်​တဲ့​အခါ အသုံး​ပြု​တဲ့ ပစ္စည်းတွေ၊ ခွက်​တွေ၊ ရွှေ​ငွေ​နဲ့​လုပ်​တဲ့ အသုံး​အဆောင်​ပစ္စည်းတွေ​ပဲ။+ ယော​ယ​ဒ​လက်​ထက် တစ်​လျှောက်​လုံး ယေဟောဝါ​ရဲ့ အိမ်​တော်​မှာ မီး​ရှို့​ရာ​ပူ​ဇော်​သက္ကာတွေ​ကို+ ပုံ​မှန်​ပူ​ဇော်​လေ့​ရှိ​တယ်။ ၁၅  ယော​ယ​ဒ​လည်း အို​မင်း​လာ​ပြီး ကျေ​နပ်​စ​ရာ​ကောင်း​တဲ့​ဘဝ​နဲ့ အသက်​ရှည်​ရှည် နေ​ပြီး​နောက် ကွယ်​လွန်​သွား​တယ်။ သူ​ကွယ်​လွန်​ချိန်​မှာ အသက် ၁၃၀ ရှိ​ပြီ။ ၁၆  သူ​က အစ္စရေး​ပြည်​မှာ ဘုရား​သခင်​အတွက်၊ ဘုရား​သခင့် အိမ်​တော်​အတွက် ကောင်း​မှု​တွေ လုပ်​ခဲ့​တယ်။+ ဒါ​ကြောင့် သူ့​ကို ဒါဝိဒ်​မြို့​မှာ ဘုရင်​တွေ​နဲ့​အတူ သင်္ဂြိုဟ်​ကြ​တယ်။+ ၁၇  ယော​ယ​ဒ​ကွယ်​လွန်​ပြီး​နောက်​မှာ ယုဒ​မှူး​မတ်​တွေ ရောက်​လာ​ပြီး ယော​ရှ​ဆီ​မှာ ဦး​တိုက်​ခစား​ကြ​တယ်။ ယော​ရှ​လည်း သူတို့​ပြော​တဲ့​အတိုင်း လုပ်​တော့​တယ်။ ၁၈  လူ​တွေ​က ဘိုး​ဘေး​တို့​ရဲ့​ဘုရား ယေဟောဝါ​ရဲ့ အိမ်​တော်​ကို ပစ်​ထား​ပြီး ကိုးကွယ်​ရာ​သစ်​တိုင်​တွေ၊* ရုပ်​တု​တွေ​ကို ဝတ်​ပြု​လာ​ကြ​တယ်။ သူတို့​ရဲ့​အပြစ်​ကြောင့် ယုဒ​ပြည်​နဲ့ ဂျေရု​ဆ​လင်​မြို့​ကို ဘုရား​သခင် အမျက်​ထွက်​တယ်။ ၁၉  ယေဟောဝါ​က သူတို့​ကို မိမိ​ဆီ ပြန်​လှည့်​လာ​အောင် ပရော​ဖက်​တွေ စေ​လွှတ်​မြဲစေ​လွှတ်​တယ်။ ပရော​ဖက်​တွေ မပြတ်​သတိ​ပေး​ပေမဲ့ သူတို့​နား​မထောင်​ကြ​ဘူး။+ ၂၀  ပု​ရော​ဟိတ် ယော​ယ​ဒ​ရဲ့​သား ဇာခရိ​အပေါ် ဘုရား​သခင့် စွမ်းအား​တော် သက်​ရောက်​လာ​တယ်။+ သူ​က မြင့်​တဲ့​နေ​ရာ​မှာ ရပ်​ပြီး “ဘုရား​သခင် ပြော​တာ​က ‘ယေဟောဝါ​ရဲ့ ပညတ်​ချက်​တွေ​ကို ဘာ​လို့​ချိုး​ဖောက်​တာ​လဲ။ မင်း​တို့ အောင်​မြင်​မှာ မဟုတ်​ဘူး။ မင်း​တို့​က ငါ​ယေဟောဝါ​ကို စွန့်​ခွာ​တဲ့​အတွက် ငါ​လည်း မင်း​တို့​ကို စွန့်​ခွာ​မယ်’”+ လို့ ပြော​တယ်။ ၂၁  ဒါ​ပေမဲ့ သူတို့  လျှို့ဝှက်​ကြံ​စည်​ပြီး+ ဘု​ရင့်​အမိန့်​နဲ့ ယေဟောဝါ​ရဲ့ အိမ်​တော်​ဝင်း​ထဲ​မှာ သူ့ကို ကျောက်​ခဲ​နဲ့ ပေါက်​သတ်​ကြ​တယ်။+ ၂၂  ယော​ရှ​က ဇာခရိ​ရဲ့​အဖေ ယော​ယ​ဒ​ပြခဲ့​တဲ့ ခိုင်​မြဲတဲ့​မေတ္တာ​ကို မေ့​လျော့​ပြီး သူ့​သား​ကို အဲဒီ​လို​ကွပ်​မျက်​ခဲ့​တယ်။ ဇာခ​ရိ​က သေခါ​နီး​မှာ “ယေဟောဝါ​ဘုရား​က မင်း​ကြီး​ရဲ့ လုပ်​ရပ်​တွေ​ကို မြင်​ပြီး ပြန်​ဆပ်​ပေး​ပါ​စေ”+ လို့​ပြော​ခဲ့​တယ်။ ၂၃  နှစ်​ဆန်း​ပိုင်း ရောက်​တဲ့​အခါ ဆီး​ရီး​ယား​တပ်​က ယော​ရှ​ကို တိုက်​ဖို့​ချီ​တက်​လာ​ပြီး ယုဒ​ပြည်​နဲ့ ဂျေရု​ဆ​လင်​မြို့​ကို ကျူး​ကျော်​တိုက်​ခိုက်​တယ်။+ မှူး​မတ်​တွေ​ကို+ သတ်​ပြီး တိုက်​ရာ​ပါ​ဥစ္စာ အားလုံး​ကို ဒ​မတ်​စ​ကတ်​ဘုရင်​ဆီ ပေး​ပို့​လိုက်​ကြ​တယ်။ ၂၄  တ​ကယ်​တော့ ကျူး​ကျော်​လာ​တဲ့ ဆီး​ရီး​ယား​တပ်​က အင်အား​နည်း​တယ်။ ဒါ​ပေမဲ့ ယေဟောဝါ​က အင်အား​ကြီး​မား​တဲ့ ယုဒ​တပ်​ကို သူတို့​လက်​ထဲ အပ်​ခဲ့​တယ်။+ ဘိုး​ဘေး​တို့​ရဲ့​ဘုရား ယေဟောဝါ​ကို ယုဒ​လူ​တွေ စွန့်​ခွာ​သွား​ကြ​လို့​ပဲ။ ဆီး​ရီး​ယား​တွေ​က ယော​ရှ​ကို ပြစ်​ဒဏ်​စီရင်​ကြ​တယ်။ ၂၅  ဆီး​ရီး​ယား​တွေ ထွက်​ခွာ​သွား​တဲ့​အခါ (အကြီး​အကျယ် ဒဏ်​ရာ​ရ​ပြီး ကျန်​ရစ်​ခဲ့​တဲ့ ယော​ရှ​ကို) သူ့​အမှု​ထမ်း​တွေ​က လျှို့ဝှက်​ကြံ​စည်​ပြီး ခု​တင်​ပေါ်​မှာ​ပဲ ကွပ်​မျက်​လိုက်​တယ်။+ ပု​ရော​ဟိတ် ယော​ယ​ဒ​ရဲ့​သား​ကို သတ်​ခဲ့​တဲ့​အပြစ်​ကြောင့်+ ယော​ရှ အဲဒီ​လို​ခံ​ရ​တာ​ပဲ။ သူ့​ကို ဒါဝိဒ်​မြို့​မှာ သင်္ဂြိုဟ်​ပေမဲ့+ ဘု​ရင့်​သင်္ချိုင်း​မှာ​တော့ မသင်္ဂြိုဟ်​ကြ​ဘူး။+ ၂၆  ယော​ရှ​ကို လုပ်​ကြံ​တဲ့​သူ​တွေ​က​တော့+ အမ္မုန်​အမျိုး​သမီး ရှိ​မတ်​ရဲ့​သား ဇာ​ဗ​ဒ်​နဲ့ မောဘ​အမျိုး​သမီး ရှိမ​ရိတ်​ရဲ့​သား ယ​ဟော​ဇ​ဗတ်​ဖြစ်​တယ်။ ၂၇  သူ့​သား​တော်တွေ​အကြောင်း၊ သူနဲ့​ပတ်​သက်​တဲ့  စီရင်​ချက်​တွေ​အ​ကြောင်း၊+ ဘုရား​သခင့်​အိမ်​တော်​ပြု​ပြင်​မွမ်း​မံ​တဲ့ အကြောင်း​တွေ​ကို+ ဘုရင်​တွေ​ရဲ့  ရာ​ဇ​ဝင်​ကျမ်း​မှာ  ရေး​ထား​တယ်။ သား​တော်​အာ​မဇိ ထီး​နန်း​ဆက်​ခံ​တယ်။

အောက်ခြေမှတ်ချက်များ

“တစ်​ယောက်​မကျန် ထည့်​ကြ​တယ်” လည်း​ဖြစ်​နိုင်။
ခက်​ဆစ်​ကို​ကြည့်။