၂ ရာဇဝင်ချုပ် ၂၆:၁-၂၃
၂၆ အဲဒီနောက် ယုဒလူတွေက အသက် ၁၆ နှစ်အရွယ် သြဇိကို*+ ခမည်းတော် အာမဇိနေရာမှာ မင်းမြှောက်လိုက်တယ်။+
၂ သြဇိက+ ခမည်းတော် ကွယ်လွန်သွားပြီးနောက် ဧလုတ်မြို့ကို+ ပြန်တည်ဆောက်ပြီး ယုဒပြည်ထဲ ပြန်သိမ်းလိုက်တယ်။+
၃ သူနန်းတက်ချိန်မှာ အသက် ၁၆ နှစ်ရှိပြီ။ ဂျေရုဆလင်မြို့မှာ ၅၂ နှစ်စိုးစံတယ်။ မယ်တော်က ဂျေရုဆလင်မြို့သူ ယေခေါလိလို့ ခေါ်တယ်။+
၄ သြဇိဟာ ခမည်းတော်အာမဇိလိုပဲ ယေဟောဝါရှေ့မှာ မှန်ရာကို ဆက်လုပ်တယ်။+
၅ စစ်မှန်တဲ့ဘုရားသခင်ကို ကြောက်ရွံ့ရိုသေတတ်အောင် သွန်သင်ပေးတဲ့ ဇာခရိ အသက်ရှင်နေချိန် တစ်လျှောက်လုံး ဘုရားသခင်ကို ရှာဖွေတယ်။ အဲဒီလိုရှာဖွေနေချိန် တစ်လျှောက်လုံး ယေဟောဝါက သူ့ကို တိုးတက်အောင်မြင်စေတယ်။+
၆ သြဇိက ဖိလိတိလူတွေကို တိုက်ခိုက်ပြီးနောက်+ ဂါသမြို့ရိုး၊+ ယာဗနေမြို့ရိုးနဲ့+ အာဇုတ်မြို့ရိုးကို+ ဖြိုဖျက်တယ်။ အာဇုတ်နဲ့ ဖိလိတိနယ်မြေတွေမှာ မြို့တွေတည်တယ်။
၇ ဖိလိတိလူတွေ၊ ဂုရဗာလအရပ်မှာ နေထိုင်တဲ့ အာရပ်လူတွေ၊+ မဟုနိမ်လူတွေကို တိုက်ခိုက်တဲ့အခါ ဘုရားသခင် ကူညီပေးတယ်။
၈ အမ္မုန်လူတွေလည်း+ သြဇိကို ဆက်ကြေးပေးရတော့တယ်။ သြဇိမင်း အင်အားကြီးမားလာတဲ့အတွက် သူ့ဂုဏ်သတင်းဟာ အီဂျစ်ပြည်အထိ ပျံ့နှံ့သွားတယ်။
၉ ဒါ့အပြင် ဂျေရုဆလင်မြို့ရဲ့ မြို့ထောင့်တံခါး၊+ ချိုင့်ဝှမ်းတံခါးနဲ့+ ပြအိုးနားမှာ မျှော်စင်တွေ+ အခိုင်အမာ တည်ဆောက်တယ်။
၁၀ သြဇိမင်းက တောထဲမှာ မျှော်စင်တွေ+ တည်ဆောက်တယ်၊ (သူ့မှာသိုးနွားတိရစ္ဆာန် အမြောက်အမြားရှိလို့) ရေတွင်းတွေ အများကြီး တူးတယ်။ ရှဖိလာအရပ်နဲ့ လွင်ပြင်မှာလည်း အဲဒီအတိုင်း လုပ်တယ်။ စိုက်ပျိုးရေးဝါသနာပါတဲ့အတွက် တောင်တန်းတွေပေါ်မှာ၊ ကရမေလတောင်ပေါ်မှာ လယ်သမားတွေ၊ စပျစ်ခြံလုပ်သားတွေ ထားတယ်။
၁၁ ဒါ့အပြင် သြဇိမှာ တိုက်ပွဲဝင်ဖို့အသင့်ရှိတဲ့ စစ်တပ်ကြီး ရှိတယ်။ သူတို့က တပ်ဖွဲ့တွေ ဖွဲ့ပြီး စစ်တိုက်ထွက်တတ်တယ်။ ဗိုလ်မှူး ဟာနနိရဲ့လက်အောက်မှာ စာရေးတော်ယေယေလနဲ့+ လက်ထောက်ခေါင်းဆောင် မာသေယက သူတို့ကို ရေတွက်ပြီး စာရင်းသွင်းတယ်။+
၁၂ ခွန်အားကြီး စစ်သည်တွေကို ကြီးကြပ်တဲ့ ဆွေမျိုးစုခေါင်းဆောင် ၂,၆၀၀ ရှိတယ်။
၁၃ သူတို့လက်အောက်မှာ တိုက်ပွဲဝင်ဖို့ အသင့်ရှိပြီး ဘုရင့်ရန်သူတွေကို တိုက်ခိုက်ပေးနိုင်တဲ့ အင်အားကြီးစစ်တပ် ရှိတယ်။ အဲဒီစစ်တပ်မှာ အင်အား ၃၀၇,၅၀၀ ရှိတယ်။+
၁၄ သြဇိက စစ်သည်အားလုံးအတွက် ဒိုင်းလွှား၊ လှံရှည်၊+ သံခမောက်၊ သံချပ်အင်္ကျီ၊+ လေးနဲ့ လောက်လွှဲကျောက်တွေကို+ ပြင်ဆင်ပေးတယ်။
၁၅ ဒါ့အပြင် စစ်ပွဲမှာသုံးဖို့ အတတ်ပညာရှင်တွေ တီထွင်ထားတဲ့ စက်ကိရိယာတွေကို ဂျေရုဆလင်မြို့မှာရှိတဲ့ မျှော်စင်တွေပေါ်မှာ၊+ မြို့ရိုးထောင့်တွေမှာ ထားတယ်။ အဲဒီစက်တွေ သုံးပြီး မြားတွေ၊ ကျောက်တုံးကြီးတွေ ပစ်နိုင်တယ်။ သူဟာ ဘုရားသခင်ရဲ့ ကူညီမှုကြောင့် အင်အားကြီးလာပြီး အရပ်ရပ်မှာ ဂုဏ်သတင်း ကျော်စောသွားတယ်။
၁၆ ဒါပေမဲ့ သြဇိဟာ အင်အားကြီးလာတာနဲ့အမျှ မောက်မာလာတဲ့အတွက် ပျက်စီးဖို့ အကြောင်းဖန်လာတယ်။ သူက ယေဟောဝါဘုရားကို သစ္စာဖောက်ပြီး နံ့သာပေါင်းပလ္လင်မှာ နံ့သာပေါင်းမီးရှို့ဖို့ ယေဟောဝါရဲ့ ဗိမာန်တော်ထဲ ဝင်သွားတယ်။+
၁၇ အဲဒီအခါ ယေဟောဝါရဲ့ ပုရောဟိတ် အာဇရိနဲ့ ရဲရင့်တဲ့ပုရောဟိတ် ၈၀ က ချက်ချင်းပဲ သူ့နောက် လိုက်သွားတယ်။
၁၈ သူတို့က သြဇိမင်းကို ထိပ်တိုက်ရင်ဆိုင်ပြီး “သြဇိမင်း၊ မင်းကြီးက ယေဟောဝါဘုရားဆီ နံ့သာပေါင်း မီးမရှို့သင့်ဘူး။+ သီးသန့်ဖယ်ထားတဲ့ အာရုန်ရဲ့သားမြေး ပုရောဟိတ်တွေပဲ နံ့သာပေါင်း မီးရှို့ခွင့်ရှိတာ။+ သန့်ရှင်းရာဌာနတော်ကနေ ထွက်သွားပါ။ အခုလို သစ္စာဖောက်ပြီး နံ့သာပေါင်း မီးရှို့တဲ့အတွက် မင်းကြီးကို ယေဟောဝါဘုရား ဂုဏ်တင်မှာ မဟုတ်ဘူး” လို့ တားကြတယ်။
၁၉ အဲဒီအခါ နံ့သာပေါင်းမီးရှို့ဖို့ နံ့သာခွက်ကိုင်ထားတဲ့ သြဇိက အကြီးအကျယ် ဒေါသထွက်တယ်။+ ပုရောဟိတ်တွေကို ဒေါသူပုန်ထနေတုန်း ယေဟောဝါရဲ့ အိမ်တော်မှာရှိတဲ့ နံ့သာပေါင်းပလ္လင်အနား၊ ပုရောဟိတ်တွေရှေ့မှာပဲ သူ့နဖူးပေါ် အနာကြီးရောဂါ စွဲတော့တယ်။+
၂၀ ပုရောဟိတ်မင်း အာဇရိနဲ့ ကျန်တဲ့ပုရောဟိတ်တွေ ကြည့်လိုက်တဲ့အခါ သြဇိရဲ့နဖူးပေါ်မှာ အနာကြီးရောဂါ စွဲနေတာကို မြင်တော့ အဲဒီနေရာကနေ ချက်ချင်း မောင်းထုတ်ကြတယ်။ ယေဟောဝါ ဒဏ်ခတ်တဲ့အတွက် သြဇိလည်း ခပ်သုတ်သုတ် ထွက်သွားတယ်။
၂၁ သြဇိဟာ သေတဲ့အထိ အနာကြီးရောဂါစွဲပြီး သီးခြားနန်းဆောင်မှာပဲ နေရတယ်။+ ယေဟောဝါရဲ့ အိမ်တော်ထဲ သူ ဝင်ခွင့်မရှိတော့ဘူး။ သားတော်ယောသံက နန်းတော်ကို တာဝန်ယူပြီး ပြည်သူပြည်သားတွေကို စီမံအုပ်ချုပ်တယ်။+
၂၂ သြဇိရဲ့ ကျန်တဲ့သမိုင်းကြောင်း အစအဆုံးကို အာမွတ်ရဲ့သား ပရောဖက်ဟေရှာယက မှတ်တမ်းတင်ထားတယ်။+
၂၃ နောက်ပိုင်းမှာ ဩဇိ ကွယ်လွန်သွားတဲ့အတွက် ဘိုးဘေးတွေနဲ့အတူ သင်္ဂြိုဟ်ကြတယ်။ ဒါပေမဲ့ “အနာကြီးရောဂါသည်” ဆိုပြီး သူ့ကို ဘုရင့်သင်္ချိုင်းနားက မြေကွက်မှာပဲ သင်္ဂြိုဟ်ကြတယ်။ သားတော်ယောသံ+ ထီးနန်းဆက်ခံတယ်။