၂ ရာဇဝင်ချုပ် ၂၇:၁-၉

  • ယုဒ​ဘု​ရင် ယော​သံ (၁-၉)

၂၇  ယော​သံ+ နန်း​တက်​ချိန်​မှာ အသက် ၂၅ နှစ်​ရှိ​ပြီ။ ဂျေရု​ဆ​လင်​မြို့​မှာ ၁၆ နှစ် စိုး​စံ​တယ်။ မယ်​တော်​က ဇာ​ဒုတ်​ရဲ့​သမီး ယေ​ရု​ရှာ​လို့​ခေါ်​တယ်။+ ၂  ယော​သံ​က ခမည်း​တော်​သြဇိ​လို​ပဲ ယေဟောဝါ​ရှေ့​မှာ မှန်​ရာ​ကို ဆက်​လုပ်​တယ်။+ ဒါ​ပေမဲ့ ခမည်း​တော်​လို​တော့ ယေဟောဝါ​ရဲ့ ဗိမာန်​တော်​ထဲ ဝင်​ခွင့်​မရှိ​တဲ့ နေ​ရာတွေ​ကို မဝင်​ဘူး။+ ဒါ​ပေမဲ့  လူ​တွေ​က  ဖောက်​ပြန်​နေ​တုန်း​ပဲ။ ၃  ယော​သံ​ဟာ ယေဟောဝါ​ရဲ့​အိမ်​တော်  အထက်​တံခါး​ကို  တည်​ဆောက်​ပြီး+ သြဖေလ​မြို့​ရိုး​မှာ​လည်း အ​ဆောက်​အအုံ  အတော်​များ​များ ဆောက်​လုပ်​ခဲ့​တယ်။+ ၄  ဒါ့​အပြင် ယုဒ​တောင်​တန်း​ဒေ​သမှာ+ မြို့​တွေ​တည်​ပြီး+ တော​ထူ​ထပ်​တဲ့ နေ​ရာတွေ​မှာ​လည်း ခံ​တပ်​တွေ၊+ မျှော်​စင်​တွေ+ တည်​ဆောက်​တယ်။ ၅  ယောသံ​က အမ္မုန်​ဘုရင်​ကို တိုက်​ခိုက်​ပြီး+ နောက်​ဆုံး​မှာ အနိုင်​ရ​လိုက်​တဲ့​အတွက် အမ္မုန်​လူ​တွေ​က အဲဒီ​နှစ်​မှာ ငွေ​တဲ​လင့်* ၁၀၀၊ ဂျုံ​ကော​ရ* ၁၀,၀၀၀၊ မု​ယော​စပါး ကောရ​ ၁၀,၀၀၀ ဆက်​ကြေး​ပေး​ရ​တယ်။ ဒုတိ​ယ​နှစ်​နဲ့ တ​တိ​ယ​နှစ်​မှာ​လည်း  အဲဒီ​အတိုင်း  ပေး​ရ​တယ်။+ ၆  ယော​သံ​ဟာ ယေဟောဝါ​ဘုရား​ရဲ့  လမ်း​စဉ်​အတိုင်း လျှောက်​လှမ်း​ဖို့ သန္နိဋ္ဌာန်​ချ​ထား​တဲ့​အတွက် အင်အား​ကြီး​မား​သည်​ထက် ကြီး​မား​လာ​တယ်။ ၇  ယော​သံ​ရဲ့  ကျန်​တဲ့​သမိုင်း​ကြောင်း​တွေ၊ စစ်​ဆင်​နွှဲ​ပုံ​တွေ၊ သူ့​ရဲ့​လမ်း​စဉ်တွေ​ကို  အစ္စရေး​ဘုရင်​တွေ​နဲ့  ယုဒ​ဘုရင်​တွေ​ရဲ့ ရာ​ဇ​ဝင်​ကျမ်း​မှာ ရေးထား​တယ်။+ ၈  သူ​က အသက် ၂၅ နှစ်​မှာ နန်း​တက်​ပြီး ဂျေရု​ဆ​လင်​မြို့​မှာ ၁၆ နှစ်​စိုး​စံ​ခဲ့​တယ်။+ ၉  နောက်​ပိုင်း​မှာ ယော​သံ ကွယ်​လွန်​သွား​တဲ့​အတွက် သူ့​ကို ဒါဝိဒ်​မြို့​မှာ သင်္ဂြိုဟ်​ကြ​တယ်။+ သား​တော်​အာ​ခတ်  ထီး​နန်း​ဆက်​ခံ​တယ်။+

အောက်ခြေမှတ်ချက်များ

တစ်​တဲ​လင့်​က ၃၄.၂ ကီ​လို​နဲ့​ညီ။ နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။
တစ်​ကော​ရ​က ၂၂၀ လီ​တာ​ဆံ့​တဲ့ ပုံး​တစ်​ပုံး​စာ​ရှိ။ နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။