၂ ရာဇဝင်ချုပ် ၃၁:၁-၂၁

  • အယူ​ဖောက်​ပြန်​မှု​ကို ဟေ​ဇ​ကိ​ဖယ်​ရှား ()

  • ပု​ရော​ဟိတ်​နဲ့ လေ​ဝိအမျိုး​သား​တွေ​ကို ကူညီ (၂-၂၁)

၃၁  ပွဲတော်​ပြီး​တာ​နဲ့ အဲဒီ​မှာ​ရှိ​တဲ့ အစ္စရေး​အားလုံး​က ယုဒ​မြို့​တွေ​ဆီ ထွက်​သွား​ကြ​တယ်။ ယုဒ​နဲ့ ဗင်​ယာ​မိန်​နယ်​မြေ  တစ်​လျှောက်​လုံး​အပြင် ဧ​ဖရိမ်​နဲ့ မနာ​ရှေ​နယ်​မြေမှာ​ရှိ​တဲ့+ ကိုးကွယ်​ရာ​ကျောက်​တိုင်​တွေ​ကို ချိုး​ဖျက်​ပြီး+ ကိုးကွယ်​ရာ​သစ်​တိုင်​တွေ​ကို* ခုတ်​လှဲ​တယ်။+ အထွတ်​အမြတ်​နေ​ရာတွေ၊ ပူ​ဇော်ရာ​ပလ္လင်တွေ​ကို ဖြို​ဖျက်​တယ်။+ အဲ​ဒါ​တွေ​ကို တစ်​ခု​မကျန် ဖျက်​ဆီး​ပြီး​တဲ့​နောက် ကိုယ့်​မြို့​ကိုယ့်​ရွာ​ဆီ ပြန်​သွား​ကြ​တယ်။ ၂  အဲဒီ​နောက် ဟေ​ဇ​ကိ​က ပု​ရော​ဟိတ်​နဲ့+ လေ​ဝိအမျိုး​သား ယောက်​တိုင်း​ကို+ သူ့​အုပ်​စု​နဲ့​သူ တာဝန်​ခွဲ​ဝေ​ပေး​တယ်။+  သူတို့​က  မီး​ရှို့​ရာ​အလှူ​နဲ့ မိတ်​သဟာ​ယ ပူ​ဇော်​သက္ကာတွေ ပူ​ဇော်​ရ​တယ်။ ယေဟောဝါ​အိမ်​တော်​ရဲ့ ဝင်း​တံခါး​တွေ​မှာ အမှု​ဆောင်​ပြီး ကျေး​ဇူး​တင်​ချီး​မွမ်း​ရ​တယ်။+ ၃  ယေဟောဝါ​ရဲ့​ပညတ်​ကျမ်း​မှာ  ရေး​ထား​တဲ့​အတိုင်း မနက်​ပိုင်း​နဲ့ ည​နေ​ပိုင်း​မှာ ပူ​ဇော်​ရ​တဲ့+ မီး​ရှို့​ရာ​အလှူ​တွေ+ အပါ​အဝင် ဥပုသ်​နေ့၊+ လ​ဆန်း​နေ့​နဲ့+ ပွဲ​တော်​နေ့​တွေ​မှာ+ ပူ​ဇော်​ရ​တဲ့ မီး​ရှို့​ရာ​အလှူ​တွေ​အတွက် မင်း​ကြီး​က သူ​ပိုင်​တဲ့​ဥစ္စာတွေ​ထဲ​က​နေ ဝေ​စု​တစ်​စု ပေး​လှူ​တယ်။ ၄  ဒါ့​အပြင် ဟေ​ဇ​ကိ​က ပု​ရော​ဟိတ်​တွေ​နဲ့ လေ​ဝိအမျိုး​သား​တွေ ရ​ထိုက်​တဲ့ ဝေ​စု​ကို​ပေး​ဖို့ ဂျေရု​ဆ​လင်​မြို့​သား​တွေ​ကို မိန့်မှာ​တယ်။+ ဒါ​မှ ယေဟောဝါ​ရဲ့ ပညတ်​အတိုင်း သူတို့ တိ​တိ​ကျ​ကျ လုပ်​ဆောင်​နိုင်​မှာ ဖြစ်​တယ်။ ၅  အဲဒီ​လို အမိန့်​ထုတ်​လိုက်​တာ​နဲ့ အစ္စရေး​တွေ​က သီး​ဦး​သီး​ဖျား ကောက်​နှံ၊ စ​ပျစ်​ဝိုင်​အသစ်၊ ဆီ၊+ ပျား​ရည်၊ လယ်​ထွက်​သီး​နှံ​တွေ+ အများ​ကြီး​ယူ​လာ​တယ်။ ဥစ္စာ​ရှိ​သမျှ​ရဲ့ ဆယ်​ဖို့​တစ်​ဖို့​ကို အမြောက်​အမြား ယူ​လာ​ကြ​တယ်။+ ၆  ယုဒ​မြို့​တွေ​မှာ နေ​ထိုင်​တဲ့ အစ္စရေး​တွေ​နဲ့ ယုဒ​လူ​တွေ​လည်း သိုး​နွား​တိရစ္ဆာန်တွေ​ရဲ့ ဆယ်​ဖို့​တစ်​ဖို့၊ ယေဟောဝါ​ဘုရား​အတွက် ဆက်​ကပ်​ထား​တဲ့ သန့်​ရှင်း​ရာတွေ​ရဲ့ ဆယ်​ဖို့​တစ်​ဖို့​ကို ယူ​လာ​ကြ​တယ်။+ ယူ​လာ​တဲ့ အလှူ​ပစ္စည်းတွေ​ကို စု​ပုံ​ထား​ကြ​တယ်။ ၇  သုံး​လ​ပိုင်း​က​စ​ပြီး+ အလှူ​ပစ္စည်းတွေ​ကို သူ့​အစု​နဲ့​သူ ခွဲ​ထား​လိုက်​တယ်။ ခု​နစ်​လ​ပိုင်း​မှာ+ ခွဲ​လို့​ပြီး​သွား​တယ်။ ၈  ဟေ​ဇ​ကိ​နဲ့ မှူး​မတ်​တွေ​က စု​ပုံ​ထား​တဲ့ အလှူ​ပစ္စည်းတွေ​ကို လာ​ကြည့်​ပြီး ယေဟောဝါ​ကို ချီး​မွမ်း​ကြ​တယ်။ ကိုယ်​တော့်​လူမျိုး အစ္စရေး​တွေ​ကို​လည်း ကောင်း​ချီး​ပေး​ကြ​တယ်။ ၉  ဟေ​ဇ​ကိ​က အဲဒီ​အလှူ​ပစ္စည်းတွေ​အကြောင်း ပု​ရော​ဟိတ်​တွေ​နဲ့ လေ​ဝိအမျိုး​သား​တွေ​ကို မေး​မြန်း​တဲ့​အခါ၊ ၁၀  ဇာ​ဒုတ်​အမျိုး  ပု​ရော​ဟိတ်​မင်း အာဇ​ရိ​က “ယေဟောဝါ​ရဲ့​အိမ်​တော်​ထဲ အလှူ​ပစ္စည်းတွေ ယူ​လာ​တဲ့​အချိန်​က​စ​ပြီး+ လူ​တွေ ဝ​ဝ​လင်​လင် စား​သောက်​ရ​တဲ့​အပြင် အများ​ကြီး ပို​လျှံ​သေး​တယ်။ ယေဟောဝါ​ဘုရား​က  မိမိ​လူမျိုး​ကို ကောင်း​ချီး​ပေး​နေ​လို့ ဒီ​လောက်​အများ​ကြီး ကျန်​နေ​တာ”+ လို့​ပြန်​ဖြေတယ်။ ၁၁  ဒါ​နဲ့ ဟေ​ဇ​ကိ​က ယေဟောဝါ​ရဲ့​အိမ်​တော်​မှာ သို​လှောင်​ခန်း​တွေ+ ပြင်​ဆင်​ခိုင်း​တော့ သူတို့ ပြင်​ဆင်​ကြ​တယ်။ ၁၂  အလှူ​ပစ္စည်းတွေ၊ ဆယ်​ဖို့​တစ်​ဖို့​တွေ​နဲ့+ သန့်​ရှင်း​ရာတွေ​ကို​တော့ သစ္စာ​ရှိ​ရှိ ယူ​ဆောင်​လာ​ကြ​တုန်း​ပဲ။ လေ​ဝိအမျိုး​သား ကော​န​နိ​က အလှူ​ပစ္စည်းတွေ​ကို တာဝန်​ယူ​ကြီး​ကြပ်​တယ်။ သူ့​ညီ ရှိ​မိ​က လက်​ထောက်​ဖြစ်​တယ်။ ၁၃  ဟေ​ဇ​ကိ​မင်း​ရဲ့​အမိန့်​အရ ယေ​ဟေ​လ၊ အာ​ဇ​ဇိ၊ နာ​ဟတ်၊ အာ​သဟေ​လ၊ ယေ​ရိ​မုတ်၊ ယော​ဇ​ဗတ်၊ ဧ​လျေလ၊ အိ​သမခိ၊ မာ​ဟတ်၊ ဗေ​နာ​ယ​တို့​ဟာ ကော​န​နိ​နဲ့ သူ့​ညီ ရှိ​မိ​ကို ကူညီ​ပေး​ရ​တဲ့ တာဝန်​ခံ​တွေ​ပဲ။ အာ​ဇ​ရိ​က​တော့ စစ်​မှန်​တဲ့​ဘုရား​သခင့် အိမ်​တော်​ရဲ့ ကြီး​ကြပ်​ရေး​မှူး​ဖြစ်​တယ်။ ၁၄  လေ​ဝိအမျိုး​သား အိ​မနာ​ရဲ့​သား၊ အရှေ့​တံခါး​ကို စောင့်​ရ​တဲ့+ ကော​ရေ​က ဘုရား​သခင်​အတွက် စေ​တ​နာ​ရှိ​ရှိ​ပေး​ကြ​တဲ့ အလှူ​တွေ​ကို တာဝန်​ယူ ကြီး​ကြပ်​ရ​တယ်။+ ယေဟောဝါ​အတွက် လှူ​ဒါန်း​တဲ့ အလှူ​ပစ္စည်းတွေ​နဲ့+ အသန့်​ရှင်း​ဆုံး​အရာတွေ​ကို+ ခွဲ​ဝေ​ပေး​ရ​တယ်။ ၁၅  သူ့​လက်​အောက်​မှာ ဧ​ဒင်၊ မိ​ညာ​မိန်၊ ယေ​ရွှာ၊ ရှေ​မာ​ယ၊ အာ​မရိ​နဲ့ ရှေ​က​နိ​တို့​ရှိ​တယ်။ သူတို့​ဟာ ယုံ​ကြည်​စိတ်​ချ​ရ​တဲ့ တာဝန်​ခံ​တွေ​ဖြစ်​ပြီး ပု​ရော​ဟိတ်​မြို့​တွေ​မှာ​ရှိ​တဲ့+ အုပ်​စု​တွေ​ထဲ​က ညီ​အစ်​ကို​တွေ​ကို အကြီး​အငယ်​မခွဲ​ခြား​ဘဲ တန်း​တူ ခွဲ​ဝေ​ပေး​ကြ​တယ်။+ ၁၆  ယေဟောဝါ​ရဲ့​အိမ်​တော်​မှာ နေ့​တိုင်း အမှု​ဆောင်​သူ​တွေ​အပြင် ကိုယ့်​အုပ်​စု​တာဝန်​ကို ထမ်း​ဆောင်​တဲ့​သူ​တွေ​နဲ့ အသက်​သုံး​နှစ်​ပြည့်​တဲ့ သား​ယောက်ျားတွေ​ကို​လည်း ခွဲ​ဝေ​ပေး​တယ်။ အားလုံး​ဟာ ဆွေ​စဉ်​မျိုး​ဆက်​စာ​ရင်း ဝင်​တဲ့​သူ​တွေ​ပဲ။ ၁၇  ပု​ရော​ဟိတ်​တွေ​ကို ဆွေ​စဉ်​မျိုး​ဆက်​စာ​ရင်း သွင်း​တဲ့​အခါ ဆွေ​မျိုး​စု​အလိုက်၊+  အုပ်​စု​တာဝန်​အလိုက် စာရင်း​သွင်း​တယ်။+ အသက် ၂၀ ပြည့်​တဲ့  လေ​ဝိအမျိုး​သား​တွေ​ကို​လည်း+ အဲဒီ​အတိုင်း စာ​ရင်း​သွင်း​တယ်။ ၁၈  လေ​ဝိအမျိုး​သား​တွေ​ရဲ့ ဆွေ​စဉ်​မျိုး​ဆက်​စာ​ရင်း​ထဲ​မှာ သား​မယား​တွေ၊ မိသား​စု​တွေ အားလုံး​ပါ​ဝင်​တယ်။ လေဝိ​အမျိုး​သား​တွေ​ဟာ ယုံ​ကြည်​စိတ်​ချ​ရ​သူ​တွေ ဖြစ်​တာ​ကြောင့် သန့်​ရှင်း​တဲ့​တာဝန်​တွေ​အတွက် ကိုယ်​ကို အမြဲသန့်​ရှင်း​စေ​ကြ​တယ်။ ၁၉  မြို့​တွေ​ရဲ့ ဝန်း​ကျင်​စား​ကျက်​မြေမှာ နေ​ထိုင်​တဲ့+ အာ​ရုန်​ရဲ့​သား​မြေး ပု​ရော​ဟိတ်​တွေ​ကို​လည်း စာ​ရင်း​သွင်း​ကြ​တယ်။ ပုရော​ဟိတ်​မိသား​စု​ဝင်  ယောက်ျား​တိုင်း​အတွက်၊ လေ​ဝိအမျိုး​သား​တွေ​ရဲ့ ဆွေ​စဉ်​မျိုး​ဆက်​စာ​ရင်း​မှာ ပါ​ဝင်​သူ​တိုင်း​အတွက် ဝေ​စု​ခွဲ​ဝေ​ပေး​ဖို့ မြို့​တိုင်း​မှာ နာ​မည်​နဲ့​တ​ကွ ခန့်​အပ်​ခံ​ရ​တဲ့ အမျိုး​သား​တွေ​ရှိ​တယ်။ ၂၀  ဟေ​ဇ​ကိ​က ယုဒ​တစ်​ပြည်​လုံး​မှာ အဲဒီ​အတိုင်း လုပ်​တယ်။ ယေဟောဝါ​ဘုရား​ရှေ့​မှာ ကောင်း​မွန်​မှန်​ကန်​ရာ​ကို အမြဲလုပ်​တယ်။ ဘုရား​အပေါ် သစ္စာ​ရှိ​တယ်။ ၂၁  ဘုရား​သခင့်​အိမ်​တော်​လုပ်ငန်း​နဲ့  ပတ်​သက်​လို့​ဖြစ်​စေ၊+ ပညတ်​တရား၊ မိန့်မှာ​ချက်​တွေ​နဲ့ ပတ်​သက်​လို့​ဖြစ်​စေ ဘုရား​သခင်​ကို​ရှာ​ဖို့ သူ​လုပ်​ဆောင်​လေ​သမျှ​မှာ စိတ်​နှလုံး​အကြွင်း​မဲ့ လုပ်​ဆောင်​တယ်။ ဒါ​ကြောင့် သူ​အောင်​မြင်​ခဲ့​တယ်။

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။