၂ ရာဇဝင်ချုပ် ၃၃:၁-၂၅

  • ယုဒ​ဘု​ရင် မနာ​ရှေ (၁-၉)

  • မကောင်း​မှု​အတွက် မနာ​ရှေ နောင်​တ​ရ (၁၀-၁၇)

  • မနာ​ရှေ သေဆုံး (၁၈-၂၀)

  • ယုဒ​ဘု​ရင် အာ​မုန် (၂၁-၂၅)

၃၃  မနာ​ရှေ+ နန်း​တက်​ချိန်​မှာ​အ​သက် ၁၂ နှစ်​ရှိ​ပြီ။ ဂျေရု​ဆ​လင်​မြို့​မှာ ၅၅ နှစ်​စိုး​စံ​တယ်။+ ၂  မနာ​ရှေ​မင်း​ဟာ ယေဟောဝါ​ရှေ့​မှာ မကောင်း​တာ လုပ်​တယ်။ အစ္စရေး​တွေ​ရှေ့​က​နေ ယေဟောဝါ မောင်း​ထုတ်​ခဲ့​တဲ့  လူမျိုး​တွေ​ရဲ့  ရွံ​ရှာ​ဖွယ် အကျင့်​ဓလေ့​တွေ​အတိုင်း လိုက်​လုပ်​တယ်။+ ၃  ခမည်း​တော်​ဟေ​ဇ​ကိ ဖြို​ဖျက်​ခဲ့​တဲ့ အထွတ်​အမြတ်​နေ​ရာတွေ​ကို ပြန်​တည်​ဆောက်​တယ်။+ ဗာလ​ဘုရား​အတွက် ယဇ်​ပလ္လင်တွေ တည်​ပြီး ကိုးကွယ်​ရာ​သစ်​တိုင်​တွေ* လုပ်​တယ်။ ကောင်း​ကင်​ပေါ်​က နေ၊ လ၊ ကြယ်​တွေ​ကို ဦး​ချ​ဝတ်​ပြု​တယ်။+ ၄  “ဂျေရု​ဆ​လင်​မြို့​မှာ ငါ့​နာ​မည် ထာ​ဝ​စဉ်​တည်​စေ​မယ်” လို့ ယေဟောဝါ ပြော​ခဲ့​တဲ့​နေ​ရာ၊+ ယေဟောဝါ​ရဲ့ အိမ်​တော်​မှာ​လည်း ယဇ်​ပလ္လင်တွေ တည်​တယ်။+ ၅  မနာ​ရှေ​က ယေဟောဝါ​ရဲ့​အိမ်​တော် ရင်​ပြင်​နှစ်​ခု​မှာ ကောင်း​ကင်​ပေါ်​က နေ၊ လ၊ ကြယ်​တွေ​အတွက် ယဇ်​ပလ္လင်တွေ တည်​တယ်။+ ၆  ဟိန်​နုံ​သား​ရဲ့​ချိုင့်​ဝှမ်း​မှာ+ ကိုယ့်​သား​တွေ​ကို မီး​ရှို့​ပူ​ဇော်​တယ်။+ မှော်​အတတ်၊+ နတ်​ဆိုး​အတတ်၊ ပယော​ဂအတတ်​တွေ​ကို လိုက်​စား​တယ်။ နတ်​က​တော်တွေ၊ ဗေ​ဒင်​ဆ​ရာတွေ​ကို​လည်း ခန့်​ထား​တယ်။+ ယေဟောဝါ​ရှေ့​မှာ မကောင်း​တာ​တွေ အများ​ကြီး​လုပ်​ပြီး အမျက်​ထွက်​စေ​တယ်။ ၇  မနာ​ရှေ​က ရုပ်​တု​တစ်​ခု ထွင်း​ထု​ပြီး စစ်​မှန်​တဲ့​ဘုရား​သခင့် အိမ်​တော်​ထဲ​မှာ ထား​တယ်။+ ဘုရား​သခင်​က အဲဒီ​အိမ်​တော်​နဲ့​ပတ်​သက်​ပြီး ဒါဝိဒ်​နဲ့ သား​ရှော​လ​မုန်​ကို “အစ္စရေး​အနွယ်​အားလုံး​ထဲ​က​နေ ငါ​ရွေး​ချယ်​ထား​တဲ့ ဂျေရု​ဆ​လင်​မြို့​မှာ၊ ဒီ​အိမ်​တော်​မှာ ငါ့​နာ​မည်​ကို အမြဲတည်​စေ​မယ်။+ ၈  အစ္စရေး​တွေ​က မော​ရှေ​က​တစ်ဆင့် ငါ​မိန့်မှာ​ခဲ့​တဲ့ ပညတ်​တရားတွေ၊ စည်း​မျဉ်း​တွေ၊ တရား​စီ​ချက်​တွေ​အတိုင်း ဂရု​တ​စိုက် လိုက်​နာ​မယ်​ဆို​ရင် ဘိုး​ဘေး​တွေ​ကို ငါ​ပေး​တဲ့​ပြည်​က​နေ သူတို့​ကို ငါ​ထွက်​ခွာ​စေ​မှာ မဟုတ်​ဘူး” လို့​ကတိ​ပေး​ခဲ့​တယ်။ ၉  ဒါ​ပေမဲ့ မနာ​ရှေ​က ယုဒ​ပြည်​သား​တွေ​နဲ့ ဂျေရု​ဆ​လင်​မြို့​သား​တွေ လမ်း​လွဲ​သွား​အောင်၊ အစ္စရေး​တွေ​ရှေ့​က​နေ ယေဟောဝါ ချေ​မှုန်း​ခဲ့​တဲ့ လူမျိုး​တွေ​ထက် ဆိုး​ဆိုး​ရွား​ရွား ပြု​မူ​အောင် ဦး​ဆောင်​လမ်း​ပြတယ်။+ ၁၀  ယေဟောဝါ​က မနာ​ရှေ​နဲ့ သူ့​လူ​တွေ​ကို အမြဲသတိ​ပေး​ပေမဲ့ သူတို့ ဂရု​မစိုက်​ကြ​ဘူး။+ ၁၁  ဒါ​ကြောင့် ယေဟောဝါ​က အဆီး​ရီး​ယား​ဘုရင်​ရဲ့ တပ်​မှူး​တွေ လွှတ်​ပြီး တိုက်​ခိုက်​စေ​တယ်။ မနာ​ရှေ​ကို ချိတ်​တွေ​နဲ့ ဖမ်း၊* ကြေး​နီ​ခြေ​ကျဉ်း​တွေ ခတ်​ပြီး ဗာ​ဗု​လုန်​မြို့​ဆီ ခေါ်​သွား​ကြ​တယ်။ ၁၂  မနာ​ရှေ​က ဒုက္ခ​ရောက်​နေ​ချိန်​မှာ ယေဟောဝါ​ဘုရား​ရဲ့ မျက်​နှာ​သာ​ရ​ဖို့ အသနား​ခံ​ပြီး ဘိုး​ဘေး​တို့​ရဲ့  ဘုရား​သခင်​ရှေ့​မှာ  အကြီး​အကျယ်  စိတ်​နှိမ့်​ချ​လိုက်​တယ်။ ၁၃  ဘုရား​သခင်​ဆီ သူ အမြဲဆုတောင်း​တယ်။ ဘုရား​သခင်​က သူ​အသနား​ခံ​တဲ့​အခါ ကရု​ဏာ​သက်​သွား​တယ်၊ မျက်​နှာ​သာ​ရ​ဖို့ တောင်း​ပန်​တာ​ကို နား​ထောင်​ပြီး ဂျေရု​ဆ​လင်​မြို့​မှာ ပြန်​နန်း​ထိုင်​စေ​တယ်။+ အဲဒီ​အခါ ယေဟောဝါ​ဟာ စစ်​မှန်​တဲ့​ဘုရား​ပဲ​ဆို​တာ မနာ​ရှေ သိ​သွား​တယ်။+ ၁၄  အဲဒီ​နောက် မနာ​ရှေ​က ဒါဝိဒ်​မြို့​အတွက်+ အပြင်​မြို့​ရိုး​ကို ချိုင့်​ဝှမ်း​ထဲ​မှာရှိ​တဲ့ ဂိ​ဟုန်​စမ်း​ရေ​ရဲ့+ အနောက်​ဘက်​မှာ တည်​ဆောက်​တယ်။ မြို့​ရိုး​က ငါး​တံခါး​အထိ ရှည်​ပြီး+ အတော်​မြင့်​မား​တယ်၊ ငါး​တံခါး​က​နေ ပြန်​လှည့်​ပြီး သြဖေလ​အရပ်​ကို+ ရောက်​တယ်။ ယုဒ​ပြည်​မှာ​ရှိ​တဲ့ ခံ​တပ်​မြို့​တိုင်း​မှာ တပ်​မှူး​တွေ​ကို  ခန့်​ထား​တယ်။ ၁၅  ပြီး​တော့ ယေဟောဝါ​ရဲ့ အိမ်​တော်​ထဲ​မှာ​ရှိ​တဲ့ ရုပ်​တု​နဲ့ တိုင်း​တစ်ပါး​ဘုရားတွေ​ကို ဖယ်​ရှား​တယ်။+ ဂျေရု​ဆ​လင်​မြို့​မှာ၊ ယေဟောဝါ​ရဲ့ အိမ်​တော်​တည်​ရာ တောင်​ပေါ်​မှာ သူ​တည်​ခဲ့​တဲ့ ယဇ်​ပလ္လင်တွေ​ကို​လည်း ဖယ်​ရှား​တယ်။+ အဲ​ဒါ​တွေ​ကို မြို့​ပြင် ထုတ်​ပစ်​လိုက်​တယ်။ ၁၆  ဒါ့​အပြင် မနာ​ရှေ​က ယေဟောဝါ​ရဲ့ ပူ​ဇော်ရာ​ပလ္လင်​ကို ပြန်​ပြု​ပြင်​ပြီး+ မိတ်​သဟာ​ယ ပူ​ဇော်​သက္ကာတွေ၊+ ကျေး​ဇူး​တင်​ချီး​မွမ်း​ရာ ပူ​ဇော်​သက္ကာတွေ​ကို+ ပူဇော်​တယ်။ အစ္စရေး​တို့​ရဲ့​ဘုရား ယေဟောဝါ​ကို ဝတ်​ပြု​ဖို့ ယုဒ​လူ​တွေ​ကို တိုက်​တွန်း​တယ်။ ၁၇  လူ​တွေ​က​တော့ အထွတ်​အမြတ်​နေ​ရာတွေ​မှာ ပူ​ဇော်​သက္ကာတွေ ပူ​ဇော်​နေ​ကြ​တုန်း​ပဲ။ ဒါ​ပေမဲ့ ယေဟောဝါ​ဘုရား​ဆီ ပူ​ဇော်​နေကြ​တာ။ ၁၈  မနာ​ရှေ​ရဲ့  ကျန်​တဲ့​သမိုင်း​ကြောင်း​တွေ၊ သူ့​ဆုတောင်း​ချက်​တွေ၊ အစ္စရေး​တို့​ရဲ့​ဘုရား  ယေဟောဝါ​နာမည်​ကို သုံး​ပြီး သူ့​ကို​ပြော​ခဲ့​တဲ့​စိတ်​အာ​ရုံ​မြင်​သူ​တွေ​ရဲ့ စကား​တွေ​ကို အစ္စ​ရေး​ဘုရင်​တွေ​ရဲ့ ရာ​ဇ​ဝင်​ကျမ်း​မှာ ရေး​ထား​တယ်။ ၁၉  သူ့​ဆုတောင်း​ချက်​တွေ၊+ သူ​အသနား​ခံ​တဲ့​အတိုင်း ဘုရား​လုပ်​ပေး​ခဲ့​ပုံ​တွေ၊ သူ စိတ်​မနှိမ့်​ချ​ခင်​က လုပ်​ခဲ့​တဲ့​အပြစ်​တွေ၊ သစ္စာ​မဲ့​တာ​တွေ​နဲ့+ အထွတ်​အမြတ်​နေ​ရာတွေ၊ ကိုးကွယ်​ရာ​သစ်​တိုင်​တွေ၊*+ ရုပ်​တု​တွေ တည်​ခဲ့​တဲ့​နေ​ရာတွေ​ကို စိတ်​အာ​ရုံ​မြင်​ရ​တဲ့ သူ့​လူ​တွေ​ရဲ့​ကျမ်း​စောင်​မှာ ရေး​ထား​တယ်။ ၂၀  နောက်​ပိုင်း​မှာ  မနာ​ရှေ  ကွယ်​လွန်​သွား​တဲ့​အတွက်  နန်း​တော်​နား​မှာ သင်္ဂြိုဟ်​လိုက်​တယ်။ သား​တော်​အာ​မုန်​က ထီး​နန်း​ဆက်​ခံ​တယ်။+ ၂၁  အာ​မုန်+ နန်း​တက်​ချိန်​မှာ​အ​သက် ၂၂ နှစ်​ရှိ​ပြီ။ ဂျေရု​ဆ​လင်​မြို့​မှာ ၂ နှစ်​စိုး​စံ​တယ်။+ ၂၂  သူ​က ခမည်း​တော်​မနာ​ရှေ​လို​ပဲ  ယေဟောဝါ​ရှေ့​မှာ  မကောင်း​တာ​တွေ  ဆက်​လုပ်​တယ်။+ ခမည်း​တော်​မနာ​ရှေ ထွင်း​ထု​ခဲ့​တဲ့ ရုပ်​တု​တွေ​ကို  ဦး​ချ​ဝတ်​ပြု​ပြီး ပူ​ဇော်သက္ကာတွေ  ဆက်​သတယ်။+ ၂၃  ခမည်း​တော်​မနာ​ရှေ​က ယေဟောဝါ​ရှေ့​မှာ စိတ်​နှိမ့်​ချ​လိုက်​ပေမဲ့+  အာ​မုန်​က​တော့ စိတ်​မနှိမ့်​ချ​တဲ့​အပြင်+ အပြစ်​တွေ  အကြီး​အကျယ်  ဆက်​လုပ်​တယ်။ ၂၄  နောက်​ပိုင်း​မှာ မင်း​မှု​ထမ်း​တွေ​က လျှို့ဝှက်​ကြံ​စည်​ပြီး+ အာ​မုန်​ကို နန်း​တော်​မှာ​ပဲ လုပ်​ကြံ​လိုက်​တယ်။ ၂၅  ဒါ​ပေမဲ့   ပြည်​သူ​ပြည်​သား​တွေ​က အာ​မုန်​ကို လုပ်​ကြံ​သူ​တွေ​ကို သတ်​ပြီး​နောက်+ သား​တော်​ယော​ရှိ​ကို+ မင်း​မြှောက်​ကြ​တယ်။

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
“တွင်း​ထဲ​က​နေ ဖမ်း” လည်း​ဖြစ်​နိုင်။
ခက်​ဆစ်​ကို​ကြည့်။