၂ ရာဇဝင်ချုပ် ၉:၁-၃၁

  • ရှေ​ဘ​ဘု​ရင်​မ ရှော​လ​မုန်​ဆီ ရောက်​လာ (၁-၁၂)

  • ရှော​လ​မုန်​ရဲ့ စည်း​စိမ်​ချမ်း​သာ (၁၃-၂၈)

  • ရှော​လ​မုန် သေဆုံး (၂၉-၃၁)

 ရှေ​ဘ​ဘုရင်​မဟာ+ ရှော​လ​မုန်​ရဲ့ ဂုဏ်​သတင်း​ကို ကြား​သိ​ရ​တဲ့​အခါ ခက်​ခဲ​နက်​နဲ​တဲ့ မေး​ခွန်း​တွေ​နဲ့ ပညာ​စမ်း​ဖို့ ဂျေရု​ဆ​လင်​မြို့​ကို ရောက်​လာ​တယ်။ ဗာလ​စံ​ဆီ​မွှေး၊ များ​ပြား​လှ​တဲ့​ရွှေ​တွေ၊+ ကျောက်​မျက်​ရ​တ​နာ​တွေ တင်​လာ​တဲ့ ကု​လား​အုတ်​တွေ​နဲ့​အတူ အခြွေ​အရံ အမြောက်​အမြား​ကို ခေါ်​ပြီး ရောက်​လာ​တယ်။ ရှော​လ​မုန်​ဆီ အခစား​ဝင်​ပြီး သိ​ချင်​တာ​မှန်​သမျှ မေး​မြန်း​တယ်။+ ၂  ရှော​လ​မုန်​လည်း သူ​မေး​သမျှ​ကို ဖြေဆို​တယ်။ မဖြေနိုင်​တဲ့ မေး​ခွန်း​ဆို​လို့ တစ်​ခု​မှ မရှိ​ဘူး။ ၃  ရှေ​ဘ​ဘုရင်​မဟာ ရှော​လ​မုန်​ရဲ့ ဉာဏ်​ပညာ​ကြီး​မား​ပုံ၊+ တည်​ဆောက်​ထား​တဲ့ နန်း​တော်၊+ ၄  ပွဲ​တော်​စာ​တွေ၊+  မှူး​မတ်​တွေ​အတွက်  နေ​ရာ​ထိုင်​ခင်း​စီ​စဉ်​ပုံ၊ ပွဲ​တော်​အမှု​ထမ်း​တွေ​ရဲ့ တည်​ခင်း​ဧည့်​ခံ​ပုံ​နဲ့ ဝတ်​စား​ဆင်​ယင်​ပုံ၊ ဖလား​တော်​ဝန်​တွေ​နဲ့ သူတို့​ဝတ်​စား​ဆင်​ယင်​ပုံ၊ ယေဟောဝါ​ရဲ့​အိမ်​တော်​မှာ ပုံ​မှန်​ပူ​ဇော်​တဲ့ မီး​ရှို့​ရာ​ပူ​ဇော်​သက္ကာတွေ​ကို+ မြင်​လိုက်​ရ​တဲ့​အခါ ရင်​သပ်​ရှု​မော ဖြစ်​သွား​တယ်။ ၅  ဒါ​ကြောင့် ဘုရင်​မက “မင်း​ကြီး​ရဲ့ အောင်​မြင်​မှု​သတင်း၊ ဉာဏ်​ပညာ​ကြီး​မား​တဲ့​သတင်း​က ကျွန်​မရဲ့ တိုင်း​ပြည်​အထိ ပျံ့​နေ​တယ်။ ဒီ​သတင်း သိပ်​မှန်​တာ​ပဲ။ ၆  ဒီ​ကို​လာ​ပြီး မျက်​စိ​နဲ့ တပ်​အပ်​မမြင်​ရ​ခင်​က အဲဒီ​သတင်း​ကို မယုံ​ခဲ့​ဘူး။+ ကြည့်​ပါ​ဦး။ ကျွန်​မကြား​ထား​တာ​တွေ​က အကုန်​မဟုတ်​သေး​ပါ​လား။+ မင်း​ကြီး​ရဲ့ ဉာဏ်​ပညာ ကြီး​မား​ပုံ​ဟာ  ကျွန်​မကြား​ထား​တာ​ထက် အဆ​မတန် သာ​လွန်​နေ​ပါ​လား။+ ၇  မင်း​ကြီး​ရဲ့​လူ​တွေ​ဟာ  မင်္ဂလာ​ရှိ​လိုက်​တာ။ ရှေ့​တော်​မှာ အမြဲခစား​ပြီး မင်း​ကြီး​ရဲ့ ဉာဏ်​ပညာ​စကား​ကို ကြား​နာ​ရ​တဲ့ အမှု​ထမ်း​တွေ​လည်း မင်္ဂလာ​ရှိ​လိုက်​တာ။ ၈  မင်း​ကြီး​ကိုးကွယ်​တဲ့​ဘုရား ယေဟောဝါ​ကို ချီး​မွမ်း​ကြ​ပါ​စေ။ မင်း​ကြီး​ရဲ့​ဘုရား ယေဟောဝါ​က မင်း​ကြီး​ကို ချစ်မြတ်​နိုး​ပြီး မိမိ​ကိုယ်​စား အုပ်​စိုး​ဖို့ ရာ​ဇ​ပလ္လင်​ပေါ် နန်း​ထိုင်​စေ​တယ်။ ဘုရား​သခင်​က အစ္စရေး​တွေ​ကို ချစ်​ပြီး+ ထာ​ဝ​စဉ်​တည်​ရှိ​စေ​ချင်​တဲ့​အတွက် သူတို့​ကို တရား​မျှ​တ​စွာ၊ ဖြောင့်​မတ်​စွာ အုပ်​ချုပ်​ဖို့ မင်း​ကြီး​ကို မင်း​မြှောက်​ခဲ့​ပြီ” လို့​ပြော​တယ်။ ၉  အဲဒီ​နောက်  ရှေ​ဘ​ဘုရင်​မက ရှော​လ​မုန်​မင်း​ကြီး​ကို  ရွှေ​အချိန်+ ၁၂၀ တဲ​လင့်၊* ဗာလ​စံ​ဆီ​မွှေး အမြောက်​အမြား​နဲ့ ကျောက်​မျက်​ရ​တ​နာ​တွေ ဆက်​သတယ်။ သူ​ဆက်​သတဲ့ ဗာလ​စံ​ဆီ​မွှေး​ပမာ​ဏ​လောက်  များ​တာ​မျိုး တစ်​ခါ​မှ ထပ်​ရောက်​မလာ​တော့​ဘူး။+ ၁၀  ဒါ့​အပြင် ဟိ​ရံ​မင်း​ရဲ့ အမှု​ထမ်း​တွေ​နဲ့ ရှော​လ​မုန်​ရဲ့​အမှု​ထမ်း​တွေ​က သြဖိ​ရ​အရပ်​က ရွှေ​တွေ​အပြင်+ စန္ဒ​ကူး​သား​တွေ၊ ကျောက်​မျက်​ရ​တ​နာ​တွေ​ကို​လည်း သယ်​ဆောင်​လာ​တယ်။+ ၁၁  မင်း​ကြီး​က  ယေဟောဝါ​ရဲ့​အိမ်​တော် လှေ​ကား​တွေ၊+ နန်း​တော်+ လှေ​ကား​တွေ၊ သီချင်း​သည်​အတွက် စောင်း​တွေ၊ ကြိုး​တပ်​တူ​ရိ​ယာ​တွေ​ကို+ စန္ဒ​ကူး​သား​နဲ့ လုပ်​တယ်။ အဲဒီ​လို​စန္ဒ​ကူး​သား​မျိုး ယုဒ​ပြည်​မှာ တစ်​ခါ​မှ မတွေ့​ဖူး​ဘူး။ ၁၂  ရှော​လ​မုန်​မင်း​ကြီး​က ရှေ​ဘ​ဘုရင်​မ လို​ချင်​သမျှ၊ တောင်း​သမျှ​ကို ပေး​တယ်။ သူ​ယူ​လာ​ပေး​တဲ့ လက်​ဆောင်​ထက်​တောင် များ​သေး​တယ်။ အဲဒီ​နောက် ဘုရင်​မဟာ အခြွေ​အရံ​တွေ​နဲ့​အတူ နေ​ရင်း​ပြည်​ကို ပြန်​သွား​တယ်။+ ၁၃  နှစ်​စဉ် ရှော​လ​မုန်​ကို​ဆက်​သ​တဲ့ ရွှေ​အလေး​ချိန်​က​တော့ ၆၆၆ တဲ​လင့် ရှိ​တယ်။+ ၁၄  ကုန်​သည်​တွေ၊ အရောင်း​အဝယ်​လုပ်​သူ​တွေ၊ ရွှေ​ငွေ​ဆက်​သတဲ့ အာ​ရပ်​ဘုရင်​တွေ​နဲ့ တိုင်း​ပြည်​မှာ​ရှိ​တဲ့ ဘုရင်​ခံ​တွေ​ဆီ​က ရ​တာ​တွေ​လည်း ရှိ​သေး​တယ်။+ ၁၅  ရှော​လ​မုန်​မင်း​ကြီး​က ဒိုင်း​လွှား​ကြီး ၂၀၀ ကို သတ္တု​စပ်​ထား​တဲ့​ရွှေ​နဲ့ လုပ်​တယ်။+ (ဒိုင်း​လွှား​တစ်​ခု​စီ​ဟာ ရွှေ​အချိန် ရှယ်​ကယ်* ၆၀၀ ရှိ​တယ်။)+ ၁၆  ဒိုင်း​ငယ် ၃၀၀ ကို​လည်း သတ္တု​စပ်​ထား​တဲ့​ရွှေ​နဲ့ လုပ်​တယ်။ (ဒိုင်း​ငယ်​တစ်​ခု​စီ​ဟာ ရွှေ​အချိန် သုံး​မိုင်​နာ* ရှိ​တယ်။) အဲ​ဒါ​တွေ​ကို လက်​ဘ​နွန်​စံ​အိမ်​မှာ ထား​လိုက်​တယ်။+ ၁၇  ဒါ့​အပြင် ရှော​လ​မုန်​က ဆင်​စွယ်​ရာ​ဇ​ပလ္လင်​ကြီး​ကို လုပ်​ပြီး ရွှေ​စင်​နဲ့​ရွှေချ​တယ်။+ ၁၈  ရာ​ဇ​ပလ္လင်​ကို​တက်​တဲ့ လှေ​ကား ခြောက်​ထစ်​ရှိ​တယ်။ ပလ္လင်​နဲ့​ဆက်​နေ​တဲ့ ရွှေ​ခြေ​တင်​ခုံ​လည်း ရှိ​တယ်။ ပလ္လင်​ဘေး​နှစ်​ဖက်​မှာ လက်​တန်း​တွေ​ရှိ​ပြီး လက်​တန်း​တွေ​ရဲ့​ဘေး​မှာ ခြင်္သေ့​ရုပ်​နှစ်​ရုပ်+ ရှိ​တယ်။ ၁၉  လှေ​ကား​ခြောက်​ထစ်​ရဲ့ ဘေး​တစ်​ဖက်​စီ​မှာ​လည်း ခြင်္သေ့​ရုပ်​တစ်​ရုပ်​စီ၊+ စု​စု​ပေါင်း ၁၂ ရုပ် ရှိ​တယ်။ အဲဒီ​လို​ရာ​ဇ​ပလ္လင်​မျိုး ဘယ်​တိုင်း​ပြည်​မှာ​မှ မရှိ​ဘူး။ ၂၀  ရှော​လ​မုန်​မင်း​ကြီး​ရဲ့ ဖလား​အားလုံး​ဟာ ရွှေ​ဖလားတွေ​ဖြစ်​ပြီး လက်​ဘ​နွန်​စံ​အိမ်​မှာ သုံး​တဲ့ အသုံး​အဆောင်​အားလုံး​ကို​လည်း ရွှေ​စင်​နဲ့ လုပ်​ထား​တယ်။ ငွေ​နဲ့​လုပ်​ထား​တာ တစ်​ခု​မှ မရှိ​ဘူး။ သူ့​လက်​ထက်​မှာ ငွေ​ကို တန်​ဖိုး​မရှိ​ဘူး​လို့ သဘော​ထား​လို့​ပဲ။+ ၂၁  မင်း​ကြီး​ရဲ့​သင်္ဘော​တွေ​က ဟိ​ရံ​မင်း​ရဲ့​အမှု​ထမ်း​တွေ​နဲ့​အတူ+ တာ​ရှိ​ပြည်​ကို+ သွား​လေ့​ရှိ​တယ်။ တာ​ရှိ​သင်္ဘော​တွေ​က ရွှေ၊ ငွေ၊ ဆင်​စွယ်၊+ မျောက်​ဝံ​တွေ၊ ဒေါင်း​တွေ​ကို သယ်​ဆောင်​ပြီး သုံး​နှစ်​တစ်​ကြိမ် ပြန်​လာ​လေ့​ရှိ​တယ်။ ၂၂  ဒါ​ကြောင့် ရှော​လ​မုန်​မင်း​ကြီး​ဟာ စည်း​စိမ်​ချမ်း​သာ​နဲ့ ဉာဏ်​ပညာ​အရာ​မှာ ကမ္ဘာ​ပေါ်​က ဘုရင်​ရှိ​သမျှ​ထက်  သာ​လွန်​တယ်။+ ၂၃  မြေ​တစ်​ပြင်​လုံး​မှာ​ရှိ​တဲ့ ဘုရင်​တွေ​က ရှော​လ​မုန်​ဆီ စစ်​မှန်​တဲ့​ဘုရား​သခင် ပေး​အပ်​ထား​တဲ့ ဉာဏ်​ပညာ​စကား​ကို နား​ထောင်​ဖို့  ရောက်​လာ​ကြ​တယ်။+ ၂၄  နှစ်​တိုင်း မင်း​ကြီး​ဆီ ရောက်​လာ​သူ​တွေ​က ရွှေ​ထည်​ငွေ​ထည်၊ အဝတ်​အထည်၊+ လက်​နက်၊ ဗာလ​စံ​ဆီ​မွှေး၊ မြင်း​နဲ့ လားတွေ​ကို လက်​ဆောင်​ပဏ္ဏာ​အဖြစ် ဆက်​သကြ​တယ်။ ၂၅  ရှော​လ​မုန်​မှာ မြင်း​ရထား​တွေ​အတွက် မြင်း​ဇောင်း ၄,၀၀၀၊ မြင်း ၁၂,၀၀၀ ရှိ​ပြီး+ အဲ​ဒါ​တွေ​ကို မြင်း​ရထား​မြို့​တွေ​မှာ ထား​တယ်။ သူ​စံ​မြန်း​တဲ့ ဂျေရု​ဆ​လင်​မြို့​မှာ​လည်း ထား​တယ်။+ ၂၆  ရှော​လ​မုန်​က  မြစ်​ကြီး*  က​နေ  ဖိ​လိ​တိ​ပြည်​အထိ၊ အီဂျစ်​ပြည်​နယ်​နိ​မိတ်​အထိ ရှင်​ဘုရင်​အားလုံး​ကို  အုပ်​ချုပ်​တယ်။+ ၂၇  မင်း​ကြီး​က  ဂျေရု​ဆ​လင်​မြို့​မှာ ငွေ​တွေ​ကို ကျောက်​ခဲ​တွေ​လို၊  သစ်​က​တိုး​သား​တွေ​ကို  ရှ​ဖိ​လာ​အရပ်​မှာ​ရှိ​တဲ့ သဖန်း​ပိုး​စာ​ပင်​တွေ​လို  ပေါ​များ​စေ​တယ်။+ ၂၈  ရှော​လ​မုန်​ဆီ​ကို အီဂျစ်​ပြည်​နဲ့+ တ​ခြား​တိုင်း​ပြည်​တွေ​က​နေ မြင်း​တွေ ယူ​လာ​တတ်​ကြ​တယ်။ ၂၉  ရှော​လ​မုန်​ရဲ့ ကျန်​တဲ့​သမိုင်း​ကြောင်း+ အစ​အဆုံး​ကို ပရော​ဖက်​နာသန်​ရဲ့ ကျမ်း​စောင်၊+ ရှိ​လော​မြို့​သား အဟိ​ယ​ရဲ့ ပရော​ဖက်​ကျမ်း၊+ အိဒေါ​ရဲ့ စိတ်​အာ​ရုံ​မှတ်​တမ်း​မှာ+ ရေး​ထား​တယ်။ အိ​ဒေါ​ဟာ နေ​ဗတ်​ရဲ့​သား ယေ​ရော​ဗောင်​နဲ့​ပတ်​သက်​ပြီး+ စိတ်​အာ​ရုံ​မြင်​တဲ့​သူ ဖြစ်​တယ်။ ၃၀  ရှော​လ​မုန်​ဟာ ဂျေရု​ဆ​လင်​မြို့​မှာ နန်း​စံ​ပြီး အစ္စရေး​တွေ​ကို နှစ်​ပေါင်း ၄၀ အုပ်​ချုပ်​ခဲ့​တယ်။ ၃၁  အဲဒီ​နောက် ကွယ်​လွန်​သွား​တဲ့​အတွက် သူ့​ကို ဒါဝိဒ်​မြို့​မှာ+ သင်္ဂြိုဟ်​ကြ​တယ်။ သား​တော် ရောဗောင် ထီး​နန်း​ဆက်​ခံ​တယ်။+

အောက်ခြေမှတ်ချက်များ

တစ်​တဲ​လင့်​က ၃၄.၂ ကီ​လို​နဲ့​ညီ။ နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။
တစ်​ရှယ်​ကယ်​က ၁၁.၄ ဂရမ်​နဲ့​ညီ။ နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။
ဟီ​ဘ​ရူး​ကျမ်း​စောင်​တွေ​မှာ​ပါ​တဲ့ တစ်​မိုင်​နာ​က ၅၇၀ ဂရမ်​နဲ့​ညီ။ နောက်​ဆက်​တွဲ ခ၁၄​ ကို​ကြည့်။
ယူ​ဖရေး​တီး​မြစ်။