၂ ရှမွေလ ၂၂:၁-၅၁

  • ဘုရားကယ်တင်ပေးလို့ ဒါဝိဒ်ချီးမွမ်း (၁-၅၁)

    • “ယေဟောဝါဘုရားဟာ ငါ့ကျောက်ဆောင်” ()

    • သစ္စာစောင့်သိသူကို ယေဟောဝါ သစ္စာစောင့်သိ (၂၆)

၂၂  ယေဟောဝါက ဒါဝိဒ်ကို ရန်သူတွေနဲ့+ ရှောလုရဲ့လက်ကနေ+ ကယ်တင်ခဲ့တယ်။ အဲဒီအခါ ဒါဝိဒ်က ယေဟောဝါအတွက် ဒီသီချင်းကို စပ်ဆိုခဲ့တယ်–+ ၂  “ယေဟောဝါဘုရားဟာ ငါ့ကျောက်ဆောင်၊+ငါ့ရဲတိုက်၊ ငါ့ကိုကယ်တင်တဲ့ အရှင်ပါ။+  ၃  ဘုရားသခင်ဟာ ငါခိုလှုံတဲ့ ကျောက်ဆောင်၊+ငါ့ရဲ့ ဒိုင်းလွှား၊+ ငါ့ကိုကယ်တင်တဲ့ ဦးချို၊* လုံခြုံတဲ့ခိုလှုံရာ၊+ငါပြေးဝင်ခိုနားတဲ့နေရာ၊+  ငါ့ရဲ့ကယ်တင်ရှင်ပါ။+  ငါ့ကို အကြမ်းဖက်မှုကနေ ကယ်တင်တယ်။  ၄  ချီးမွမ်းထိုက်တဲ့အရှင် ယေဟောဝါကို ငါဆုတောင်းတဲ့အခါရန်သူတွေလက်ကနေ ငါ့ကို ကယ်တင်ပေးမှာပဲ။  ၅  သေခြင်းရဲ့ လှိုင်းလုံးကြီးတွေ ငါ့ကို ဝိုင်းရံထားတယ်။+ အသုံးမကျသူတွေက ရုတ်တရက် လွှမ်းမိုးတတ်တဲ့ရေလို ငါ့ကို ခြောက်လှန့်နေတယ်။+  ၆  သင်္ချိုင်းရဲ့ ကြိုးတွေ ငါ့ကို ပတ်ရစ်ထားတယ်။+ သေခြင်းရဲ့ ကျော့ကွင်းတွေကို ငါရင်ဆိုင်နေရတယ်။+  ၇  ဒုက္ခရောက်နေချိန်မှာ ယေဟောဝါကို ငါဆုတောင်းတယ်။+ ဘုရားသခင်ကို အမြဲဆုတောင်းတယ်။ ငါ့အသံကို ဗိမာန်တော်ထဲကနေ ကြားတယ်။ ငါ့ရဲ့အကူအညီတောင်းသံက ဘုရားရဲ့နားထဲ ရောက်သွားတယ်။+  ၈  မြေကြီး ယိမ်းထိုးပြီး တုန်ခါလာတယ်။+ ကောင်းကင်ရဲ့အုတ်မြစ်တွေလည်း တသိမ့်သိမ့် တုန်လာတယ်။+ အမျက်တော်ကြောင့် အဲဒါတွေ ယိမ်းထိုးလာတယ်။+  ၉  ဘုရားရဲ့နှာခေါင်းထဲကနေ မီးခိုးတွေ၊ခံတွင်းထဲကနေ ကျွမ်းလောင်စေတဲ့မီးတွေ ထွက်လာတယ်။+ ဘုရားဆီကနေ မီးကျီးခဲတွေ ထွက်လာတယ်။ ၁၀  ဘုရား ဆင်းသက်တဲ့အခါ ကောင်းကင် ညွှတ်ကျလာတယ်။+ ခြေတော်ရင်းမှာ မည်းမှောင်တဲ့တိမ်ထု ရှိနေတယ်။+ ၁၁  ဘုရားက ခေရုဗိမ်ကို စီးပြီး+ ပျံသန်းလာတယ်။ ကောင်းကင်တမန်* ရဲ့တောင်ပံပေါ်မှာ ဘုရားကို မြင်ရတယ်။+ ၁၂  မည်းမှောင်နေတဲ့ မိုးတိမ်၊ တိမ်ထုကြီးနဲ့ မှောင်မိုက်ကိုပတ်လည်မှာ ခြံရံထားတယ်။+ ၁၃  မီးကျီးခဲတွေက ရှေ့တော်မှာရှိတဲ့ လျှပ်စီးတွေထဲမှာ တောက်လောင်နေတယ်။ ၁၄  ယေဟောဝါက ကောင်းကင်မှာ မိုးခြိမ်းစေတယ်။+ အမြင့်ဆုံးအရှင်က အသံကို လွှင့်တယ်။+ ၁၅  မြားတွေ ပစ်လွှတ်ပြီး+ ရန်သူတွေကို ကစဉ့်ကလျား ဖြစ်စေတယ်။ လျှပ်စီးတွေလက်ပြီး သူတို့ကို ဖရိုဖရဲဖြစ်စေတယ်။+ ၁၆  ယေဟောဝါ ဆုံးမလိုက်တဲ့အတွက်၊ နှာခေါင်းထဲက လေမှုတ်ထုတ်တဲ့အတွက်+ပင်လယ်ကြမ်းပြင်တွေ ထင်ရှားလာတယ်။+ မြေကြီးအုတ်မြစ်တွေ ပေါ်လာတယ်။ ၁၇  အထက်အရပ်ကနေ လက်တော် ဆန့်လိုက်တယ်။ ငါ့ကိုကိုင်ပြီး နက်ရှိုင်းတဲ့ ရေထဲကနေ ဆယ်ယူတယ်။+ ၁၈  အင်အားကြီးတဲ့ ရန်သူတွေ၊အင်အားပိုကြီးပြီး ငါ့ကို မုန်းတီးနေသူတွေလက်ကနေ ကယ်တင်တယ်။+ ၁၉  ငါဒုက္ခရောက်နေချိန်မှာ သူတို့ တိုက်ခိုက်ပေမဲ့လည်း+ ငါ့ကို ယေဟောဝါ ထောက်မပေးတယ်။ ၂၀  ဘေးကင်းလုံခြုံတဲ့နေရာဆီ ငါ့ကို ပို့ဆောင်ပေးတယ်။+ ငါ့ကိုနှစ်သက်တဲ့အတွက် ကယ်တင်တယ်။+ ၂၁  ယေဟောဝါက ငါဖြောင့်မတ်တဲ့အတိုင်း ဆုချတယ်။+ ငါ့လက်တွေ အပြစ်ကင်းတဲ့အတိုင်း ပြန်ဆပ်ပေးတယ်။+ ၂၂  ယေဟောဝါရဲ့ လမ်းစဉ်တွေအတိုင်း ငါအမြဲလိုက်လျှောက်တယ်။ ဘုရားသခင်ကို ကျောခိုင်းတာဟာ ဆိုးညစ်တဲ့လုပ်ရပ် ဖြစ်လို့ ငါမလုပ်ဘူး။ ၂၃  ဘုရားရဲ့ တရားစီရင်ချက်တွေအကြောင်း+ ငါအမြဲစဉ်းစားတယ်။ ဘုရားရဲ့ ဥပဒေတွေကနေ ငါလမ်းလွဲသွားမှာ မဟုတ်ဘူး။+ ၂၄  ရှေ့တော်မှာ အပြစ်ပြောစရာမရှိအောင် ငါနေမယ်။+ မပြစ်မှားမိအောင် စောင့်ထိန်းမယ်။+ ၂၅  ယေဟောဝါက ငါဖြောင့်မတ်တဲ့အတိုင်း၊+ရှေ့တော်မှာ ငါအပြစ်ကင်းတဲ့အတိုင်း ပြန်ဆပ်ပေးပါစေ။+ ၂၆  သစ္စာစောင့်သိသူကို ကိုယ်တော်ကလည်း သစ္စာစောင့်သိတယ်။+ အပြစ်ပြောစရာမရှိသူကို အပြစ်ပြောစရာ မရှိအောင် ဆက်ဆံတယ်။+ ၂၇  ဖြူစင်သူကို ဖြူစင်တဲ့သဘောနဲ့ ဆက်ဆံတယ်။+ ကောက်ကျစ်သူကိုတော့ ပါးနပ်စွာ ဆက်ဆံတယ်။+ ၂၈  နှိမ့်ချသူတွေကို ကယ်တင်တယ်။+ မောက်မာသူတွေကိုတော့ သဘောမကျတဲ့အကြည့်နဲ့ ကြည့်ပြီး ချိုးနှိမ်ပစ်တယ်။+ ၂၉  အို ယေဟောဝါ၊ ကိုယ်တော်ဟာ ကျွန်တော့်ရဲ့ မီးခွက်ပါ။+ ကျွန်တော့်ရဲ့ မှောင်မိုက်ကို ထွန်းလင်းစေတဲ့အရှင်ဟာ ယေဟောဝါပါ။+ ၃၀  ကိုယ်တော့်အကူအညီကြောင့် ဓားပြအုပ်စုကို ဖြိုခွင်းနိုင်ပြီ။ ဘုရားသခင်ပေးတဲ့ ခွန်အားကြောင့် မြို့ရိုးကို တက်နိုင်ပြီ။+ ၃၁  စစ်မှန်တဲ့ဘုရားသခင်ရဲ့ လမ်းစဉ်ဟာ ပြည့်ဝစုံလင်တယ်။+ ယေဟောဝါရဲ့ နှုတ်ထွက်စကားဟာ သန့်စင်တယ်။+ ဘုရားဟာ ခိုလှုံသူတွေအတွက် ဒိုင်းလွှားပဲ။+ ၃၂  ယေဟောဝါကလွဲလို့ ဘယ်ဘုရား ရှိသလဲ။+ ငါတို့ဘုရားသခင်ကလွဲလို့ ဘယ်သူက ကျောက်ဆောင်ဖြစ်သလဲ။+ ၃၃  စစ်မှန်တဲ့ဘုရားသခင်ဟာ ငါ့ရဲ့ခိုင်ခံ့တဲ့ရဲတိုက်ပဲ။+ ငါ့လမ်းခရီးကို ချောမွေ့စေတယ်။+ ၃၄  ငါ့ခြေကို သမင်ရဲ့ခြေလို ဖြစ်စေတယ်။ မြင့်မားတဲ့နေရာတွေမှာ ရပ်စေတယ်။+ ၃၅  ငါ့လက်တွေကို စစ်ရေးကျွမ်းကျင်အောင် လေ့ကျင့်ပေးတယ်။ ကြေးနီလေးကို ငါ့လက်ရုံးအားနဲ့ တင်နိုင်တယ်။ ၃၆  ကျွန်တော့်ကို ကယ်တင်ခြင်းဒိုင်းလွှား ပေးတယ်။ ကိုယ်တော့်နှိမ့်ချမှုကြောင့် ကျွန်တော် ကြီးမြတ်လာတယ်။+ ၃၇  ကျွန်တော်ခြေချမယ့်လမ်းကို ကိုယ်တော် ကျယ်ဝန်းစေတယ်။ ကျွန်တော် ခြေချော်မှာ မဟုတ်ဘူး။+ ၃၈  ရန်သူတွေကို လိုက်ဖမ်းပြီး ချေမှုန်းမယ်။ သုတ်သင်ဖယ်ရှားလို့ မပြီးမချင်း ပြန်မလာဘူး။ ၃၉  သူတို့ ပြန်မထနိုင်အောင် နင်းခြေပြီး သုတ်သင်မယ်။+ ကျွန်တော့်ခြေရင်းမှာ ပြိုလဲသွားလိမ့်မယ်။ ၄၀  ကျွန်တော် စစ်တိုက်နိုင်အောင် ကိုယ်တော် အစွမ်းခွန်အား ပေးလိမ့်မယ်။+ ရန်သူတွေကို ခြေအောက်မှာ ပြိုလဲစေမယ်။+ ၄၁  ရန်သူတွေကို နောက်လှည့်ပြေးစေမယ်။+ ကျွန်တော့်ကို မုန်းတဲ့သူတွေ ဇာတ်သိမ်းသွားအောင် ကျွန်တော်လုပ်မယ်။+ ၄၂  သူတို့ အော်ဟစ်အကူအညီတောင်းပေမဲ့ ကယ်တင်မယ့်သူ တစ်ယောက်မှ မရှိဘူး။ သူတို့ အော်ခေါ်ရင်တောင် ယေဟောဝါ ပြန်မထူးဘူး။+ ၄၃  သူတို့ကို ဖုန်မှုန့်လို ဖြစ်သွားအောင် ကျွန်တော် ထုထောင်းပစ်မယ်။ လမ်းပေါ်က ရွှံ့တွေကို နင်းသလို နင်းခြေမယ်။ ၄၄  ကျွန်တော့်ကို အပြစ်ရှာသူတွေလက်ကနေ ကိုယ်တော် ကယ်တင်လိမ့်မယ်။+ လူမျိုးတွေရဲ့ ခေါင်းဆောင် ဖြစ်လာအောင် ကာကွယ်စောင့်ရှောက်မယ်။+ ကျွန်တော်မသိတဲ့ လူမျိုးတစ်မျိုးက ကျွန်တော့်ဆီမှာ ကျွန်ခံလိမ့်မယ်။+ ၄၅  တိုင်းတစ်ပါးသားတွေ ရှေ့မှာလာပြီး ဝပ်တွားကြလိမ့်မယ်။+ ကျွန်တော့်သတင်းကို ကြားထားတဲ့အတွက် နာခံကြလိမ့်မယ်။ ၄၆  တိုင်းတစ်ပါးသားတွေ သတ္တိမရှိတော့ဘူး။ ရဲတိုက်တွေထဲကနေ ကြောက်ရွံ့တုန်လှုပ်ပြီး ထွက်လာလိမ့်မယ်။ ၄၇  ယေဟောဝါဟာ အသက်ရှင်နေတဲ့ဘုရားပဲ။ ငါ့ကျောက်ဆောင်ကို ချီးမွမ်းကြပါ။+ ငါ့ရဲ့ဘုရားသခင်၊ ငါ့ကိုကယ်တင်တဲ့ ကျောက်ဆောင်ကို ချီးမြှောက်ကြပါ။+ ၄၈  စစ်မှန်တဲ့ဘုရားသခင်က ငါ့အတွက် လက်စားချေ ပေးတယ်။+ လူတွေကို ငါ့ခြေအောက်မှာ နှိမ်နင်းတယ်။+ ၄၉  ရန်သူတွေလက်ကနေ ကယ်တင်ပေးတယ်။ တိုက်ခိုက်သူတွေရဲ့ အထက်မှာ ကျွန်တော့်ကို ချီးမြှင့်ပေးတယ်။+ အကြမ်းဖက်သူရဲ့ လက်ကနေ ကယ်တင်ပေးတယ်။+ ၅၀  ဒါကြောင့် ယေဟောဝါဘုရား၊ လူမျိုးတွေအလယ်မှာ ကိုယ်တော့်ကို ကျေးဇူးတင်ချီးမွမ်းပါ့မယ်။+ နာမတော်ကို ချီးမွမ်းသီချင်းဆိုပါ့မယ်။+ ၅၁  ဘုရားက ခန့်အပ်ထားတဲ့ဘုရင်ကို ကယ်တင်ဖို့ ကြီးမြတ်တဲ့အရာတွေ လုပ်ဆောင်တယ်။+ ဘိသိက်ပေးထားသူကို၊ ဒါဝိဒ်နဲ့ သူ့မျိုးနွယ်ကိုခိုင်မြဲတဲ့မေတ္တာ ထာဝစဉ်ပြတယ်။”+

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။
ခက်ဆစ် “စွမ်းအား” ကိုကြည့်။