၂ ရှမွေလ ၇:၁-၂၉

  • ဒါဝိဒ် ဗိမာန်တော်ဆောက်ခွင့်မရ (၁-၇)

  • ဒါဝိဒ်နဲ့ နိုင်ငံတော်ပဋိညာဉ်ဖွဲ့ (၈-၁၇)

  • ဒါဝိဒ် ဆုတောင်းပြီး ကျေဇူးတင်ချီးမွမ်း (၁၈-၂၉)

၇  ပတ်ဝန်းကျင်ရန်သူတွေရဲ့ ဘေးရန်ကနေ ယေဟောဝါ ကင်းဝေးစေတဲ့အတွက် ဒါဝိဒ်မင်းက နန်းတော်မှာ စံမြန်းနေရတဲ့အခါ၊+ ၂  ပရောဖက်နာသန်ကို+ ခေါ်ပြီး “သစ်ကတိုးသားနဲ့ဆောက်တဲ့ နန်းတော်မှာ ငါစံနေရပေမဲ့+ စစ်မှန်တဲ့ဘုရားသခင်ရဲ့ သေတ္တာတော်ကျတော့ တဲမှာပဲ ရှိနေတယ်”+ လို့ပြောတယ်။ ၃  နာသန်က “ယေဟောဝါဘုရားဟာ မင်းကြီးနဲ့အတူ ရှိတာပဲ။ မင်းကြီးဆန္ဒရှိတဲ့အတိုင်းသာ လုပ်ပါ”+ လို့ပြန်ပြောတယ်။ ၄  အဲဒီညမှာပဲ  ယေဟောဝါက နာသန်ကို  မှာတယ်– ၅  “ငါ့ကျွန်ဒါဝိဒ်ကို  သွားပြောလိုက်ပါ။ ‘ယေဟောဝါ မိန့်မှာတာက “ငါ့အတွက် စံအိမ်ကို  မင်း ဆောက်ပေးမလို့လား။+ ၆  အစ္စရေးတွေကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာတဲ့နေ့ကစပြီး ဒီနေ့အထိ စံအိမ်ထဲမှာ ငါမနေခဲ့ဘူး။+ တဲမှာပဲနေပြီး တစ်နေရာပြီးတစ်နေရာ သွားလာခဲ့တယ်။+ ၇  ငါ့လူမျိုးအစ္စရေးတွေနဲ့အတူ သွားလာချိန်တစ်လျှောက်လုံးမှာ သူတို့ကို ထိန်းကျောင်းဖို့ ငါခန့်အပ်ခဲ့တဲ့ ခေါင်းဆောင်တွေကို ‘ငါ့အတွက် သစ်ကတိုးသားစံအိမ် ဘာလို့ မဆောက်ပေးတာလဲ’ ဆိုပြီး တစ်ခွန်းလောက် ငါပြောခဲ့ဖူးသလား။”’ ၈  အခု  ငါ့ကျွန်ဒါဝိဒ်ကို  ပြောလိုက်ပါ။ ‘ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါပြောတာက– “မင်းကို  ငါ့လူမျိုးအစ္စရေးတွေရဲ့  ခေါင်းဆောင်အဖြစ် ခန့်အပ်ဖို့+ သိုးကျောင်းရာ စားကျက်မြေကနေ ငါခေါ်ထုတ်ခဲ့ပြီ။+ ၉  မင်းသွားလေရာမှာ မင်းနဲ့အတူ ငါရှိမယ်။+ မင်းရဲ့ရန်သူအားလုံးကို ရှေ့ကနေ ငါဖယ်ရှားမယ်။+ ကမ္ဘာပေါ်က ထင်ပေါ်ကျော်ကြားသူတွေလို မင်းရဲ့နာမည်ကို ကျော်ကြားစေမယ်။+ ၁၀  ငါ့လူမျိုးအစ္စရေးတွေအတွက် နေရာတစ်နေရာ သတ်မှတ်ပြီး နေရာချပေးမယ်။ သူတို့ အဲဒီမှာ နေထိုင်ကြလိမ့်မယ်။ ဘယ်တော့မှ နှောင့်ယှက်ခံရမှာမဟုတ်ဘူး။ လူဆိုးတွေက ငါ့လူမျိုးအစ္စရေးတွေကို ဟိုးအရင်တုန်းကလို၊+ ၁၁  တရားသူကြီးတွေ လက်ထက်တုန်းကလို+ ဖိနှိပ်တော့မှာ မဟုတ်ဘူး။ မင်းကို ရန်သူအားလုံးရဲ့ဘေးအန္တရာယ်ကနေ ငါကင်းဝေးစေမယ်။+ “‘“ယေဟောဝါ ဆက်ပြောတာက– မင်းရဲ့မင်းဆက်ကို ယေဟောဝါ တည်မြဲစေမယ်။+ ၁၂  မင်း ကွယ်လွန်ပြီး+ ဘိုးဘေးတွေရှိရာကို ရောက်သွားတဲ့အခါ မင်းရဲ့မျိုးနွယ်၊ မင်းရဲ့ရင်သွေးကို ငါမင်းမြှောက်မယ်။ သူ့နိုင်ငံကို ငါတည်မြဲစေမယ်။+ ၁၃  သူက  ငါ့နာမည်အတွက် အိမ်တော်ကို တည်ဆောက်လိမ့်မယ်။+ သူ့နိုင်ငံရဲ့ရာဇပလ္လင်ကို ထာဝစဉ် ငါတည်မြဲစေမယ်။+ ၁၄  ငါဟာ သူ့ဖခင် ဖြစ်လာမယ်။ သူဟာ ငါ့သား ဖြစ်လာမယ်။+ သူအမှားလုပ်တဲ့အခါ လူတွေသုံးတတ်တဲ့ ကြိမ်လုံးနဲ့ ငါဆုံးမမယ်။ လူတွေရိုက်တတ်သလို ငါရိုက်မယ်။+ ၁၅  ရှောလုကို ဖယ်ရှားပြီး ငါ့ရဲ့ခိုင်မြဲတဲ့မေတ္တာကို ရုပ်သိမ်းခဲ့ပေမဲ့+ မင်းရဲ့သားဆီကနေတော့ ရုပ်သိမ်းမှာ မဟုတ်ဘူး။ ၁၆  မင်းရဲ့မျိုးဆက်၊ မင်းရဲ့နိုင်ငံဟာ ထာဝစဉ် တည်တံ့လိမ့်မယ်။ မင်းရဲ့ရာဇပလ္လင်လည်း ထာဝစဉ် တည်မြဲလိမ့်မယ်။”’”+ ၁၇  နာသန်က မြင်ခဲ့ရတဲ့ စိတ်အာရုံအကြောင်း၊ ကြားခဲ့ရတဲ့ စကားတွေအကြောင်း တစ်ခုမကျန် ဒါဝိဒ်ကို ပြန်ပြောပြတယ်။+ ၁၈  အဲဒီအခါ ဒါဝိဒ်မင်းက ယေဟောဝါရှေ့ကို  ဝင်လာပြီး  ထိုင်နေတယ်၊  ပြီးတော့  “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊ ကျွန်တော်နဲ့ ကျွန်တော့်အမျိုးက ဘယ်သူတွေမို့လို့ ဒီလောက်အထိ ကျေးဇူးပြုရတာလဲ။+ ၁၉  အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊ ကိုယ်တော်က ဒါနဲ့တင် အားမရသေးဘဲ ဟိုးအနာဂတ်ကာလအထိ ကျွန်တော့်အမျိုး တည်တံ့လိမ့်မယ်လို့တောင် မိန့်မှာပါပြီ။ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊ ဒါဟာ လူသားအားလုံးအတွက် ကိုယ်တော်ပြဋ္ဌာန်းတဲ့ ဥပဒေပါ။ ၂၀  အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊ ကျွန်တော်မျိုးဒါဝိဒ် ဘာများထပ်ပြောနိုင်မှာလဲ။ ကျွန်တော့်ကို ကိုယ်တော် ကောင်းကောင်းသိပါတယ်။+ ၂၁  ကြီးမြတ်တဲ့ ဒီအရာအားလုံးကို နှုတ်တော်ထွက်စကားအတိုင်း၊  စိတ်သဘောတော်အတိုင်း လုပ်ဆောင်ပေးပါပြီ။  ကျွန်တော့်ကိုလည်း  အသိပေးပါပြီ။+ ၂၂  ဒါကြောင့် အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊ ကိုယ်တော်ဟာ တကယ်ပဲ ကြီးမြတ်တဲ့အရှင်ပါ။+ ကိုယ်တော်နဲ့တူတဲ့ ဘုရားသခင် မရှိဘူး၊+ ကိုယ်တော်ကလွဲလို့ တခြားဘုရား မရှိဘူးဆိုတာကို+ ကြားသိသမျှအရာတွေက ထောက်ခံနေပါတယ်။ ၂၃  ကမ္ဘာပေါ်မှာ ကိုယ်တော့်လူမျိုးကို  ဘယ်လူမျိုးက ယှဉ်နိုင်ပါသလဲ။+ ဘုရားသခင်က အစ္စရေးတွေကို မိမိရဲ့လူမျိုးအဖြစ် ရွေးယူခဲ့ပြီ။+ ကြီးမြတ်တဲ့ အံ့မခန်းဖွယ်လုပ်ရပ်တွေအားဖြင့်+ နာမတော်ကို ထင်ရှားစေခဲ့ပြီ။+ အီဂျစ်ပြည်ကနေ ရွေးယူခဲ့တဲ့  မိမိရဲ့လူမျိုးအတွက်  လူမျိုးခြားတွေ၊ သူတို့ရဲ့ဘုရားတွေကို နှင်ထုတ်ခဲ့ပြီ။ ၂၄  အစ္စရေးလူမျိုးကို အစဉ်အမြဲပိုင်ဆိုင်တဲ့ လူမျိုးတော်အဖြစ် သတ်မှတ်လိုက်ပြီ။+ ယေဟောဝါဘုရား၊ ကိုယ်တော်ဟာ သူတို့ရဲ့ဘုရားသခင် ဖြစ်လာပါပြီ။+ ၂၅  “ယေဟောဝါဘုရား၊  အခု ကျွန်တော်နဲ့  ကျွန်တော့်အမျိုးကိုပေးခဲ့တဲ့ ကတိတော်ကို အစဉ်အမြဲတည်စေပါ။ ကတိတော်အတိုင်း  လုပ်ဆောင်ပေးပါ။+ ၂၆  လူတွေက  ‘ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါဟာ အစ္စရေးတွေရဲ့ ဘုရားသခင်ပဲ’ လို့ပြောပြီး နာမတော်ကို ထာဝစဉ် ချီးမြှောက်ကြပါစေ။+ ကျွန်တော်မျိုး ဒါဝိဒ်ရဲ့မင်းဆက်ဟာ ရှေ့တော်မှာ အမြဲတည်တံ့ပါစေ။+ ၂၇  အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ၊ ကိုယ်တော်က ‘မင်းရဲ့မင်းဆက်ကို ငါတည်စေမယ်’+ လို့အသိပေးပြောပြခဲ့လို့ အခုလို ဆုတောင်းဝံ့တာပါ။ ၂၈  အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊ ကိုယ်တော်ဟာ စစ်မှန်တဲ့ ဘုရားသခင်ပါ။ နှုတ်ထွက်စကားတွေဟာ အမှန်တရားပါ။+ ကျွန်တော့်ကို ဒီဆုကျေးဇူးတွေ ပေးသနားမယ်လို့  ကတိပြုထားပါပြီ။ ၂၉  ဒါကြောင့် ကျွန်တော့်မင်းဆက်ကို အလိုတော်အတိုင်း ကောင်းချီးပေးပြီး ရှေ့တော်မှာ  ထာဝစဉ်တည်မြဲစေပါ။+ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊ ကိုယ်တော်တိုင် ကတိပြုထားပြီဖြစ်လို့  ကျွန်တော့်မင်းဆက်ဟာ ထာဝစဉ် ကောင်းချီးခံစားရပါစေ”+ လို့ဆုတောင်းတယ်။

အောက်ခြေမှတ်ချက်များ