၂ သက်သာလောနိတ် ၁:၁-၁၂

  • နှုတ်​ခွန်း​ဆက်​စ​ကား (၁၊ ၂)

  • သက်သာ​လောနိတ်​မြို့​သား​များ ယုံ​ကြည်​ခြင်း​တိုးပွား (၃-၅)

  • နာ​ခံ​မှု​မရှိ​သူ​တွေ​ကို လက်​စား​ချေ (၆-၁၀)

  • အသင်း​တော်​အတွက် ဆု​တောင်း (၁၁၊ ၁၂)

 ပေါ​လု၊  သိ​လွာ​နု၊* တိမော​သေတို့​က+ အဖဘု​ရား​သ​ခင်​နဲ့​ရော သခင်​ယေရှု​ခ​ရစ်​နဲ့​ပါ တစ်​စိတ်​တစ်​ဝမ်း​တည်း​ရှိ​နေ​တဲ့  သက်သာ​လောနိတ်  အသင်း​တော်​ဆီ စာ​ရေး​လိုက်​ပါ​တယ်။ ၂  အဖဘု​ရား​သခင်​နဲ့ သခင်​ယေရှု​ခရစ်​ဆီ​က မဟာ​က​ရု​ဏာ​နဲ့ ငြိမ်​သက်​ခြင်း​ကို ခင်​ဗျား​တို့ ခံ​စား​ရ​ပါ​စေ။ ၃  ညီ​အစ်​ကို​တို့၊  ခင်​ဗျား​တို့​အ​တွက် ဘု​ရား​သခင်​ကို ကျွန်​တော်​တို့ အမြဲကျေး​ဇူး​တင်​ပါ​တယ်။ ခင်​ဗျား​တို့​ရဲ့ ယုံ​ကြည်​ခြင်း အလွန်​ခိုင်​ခံ့​ပြီး အချင်း​ချင်း​အပေါ်​ထား​တဲ့ ချစ်​ခြင်း​မေတ္တာ တိုး​ပွား​နေ​တဲ့​အတွက် အဲ​ဒီ​လို ကျေး​ဇူး​တင်​သင့်​ပါ​တယ်။+ ၄  ခင်​ဗျား​တို့​က ညှဉ်း​ပန်း​နှိပ်​စက်​မှု​တွေ၊ ဆင်း​ရဲ​ခက်​ခဲ​မှု​တွေ ခံ​နေ​ရ​တာ​တောင်+ ခံနိုင်​ရည်​နဲ့  ယုံ​ကြည်​ခြင်း​ကို  တင်​ပြတဲ့​အ​တွက် ဘုရား​သခင်​ရဲ့ အသင်း​တော်တွေ​မှာ ခင်​ဗျား​တို့​အကြောင်း ကျွန်​တော်​တို့ ဂုဏ်​ယူ​ပြော​ဆို​ကြ​တယ်။+ ၅  ဘုရား​သခင် ဖြောင့်​မှန်​စွာ တ​ရား​စီ​ရင်​တယ်​ဆို​တာ အဲ​ဒီ​အချက်​တွေ​အား​ဖြင့် သိ​နိုင်​တယ်။ ဒီ​နည်း​နဲ့ ခင်​ဗျား​တို့​ဟာ ဘု​ရား​သခင့် နိုင်​ငံ​တော်​ထဲ ဝင်​ထိုက်​သူ​တွေ ဖြစ်​လာ​တယ်။ အဲ​ဒီ​နိုင်​ငံ​တော်​အတွက်​ပဲ ခင်​ဗျား​တို့ ဆင်း​ရဲ​ဒုက္ခ​ခံ​နေ​တာ​ပါ။+ ၆  ဘု​ရား​သခင်​ဟာ ဖြောင့်​မတ်​တဲ့​အတွက်  ခင်​ဗျား​တို့​ကို  ဆင်း​ရဲ​ဒုက္ခ​ရောက်စေ​သူ​တွေ​ကို  ပြစ်​ဒဏ်​ပေး​လိမ့်​မယ်။+ ၇  သခင်​ယေရှု​က တန်​ခိုး​ကြီး ကောင်း​ကင်​တ​မန်​တွေ​နဲ့​အ​တူ+ ကောင်း​ကင်​ဘုံ​က​နေ ပေါ်​ထွန်း​လာ​တဲ့​အခါ+  ဆင်း​ရဲ​ဒုက္ခ​ခံ​စား​နေ​ရ​တဲ့ ခင်ဗျား​တို့​ကို ကျွန်​တော်​တို့​နဲ့​အတူ သက်​သာ​ရာရ​စေ​လိမ့်​မယ်။ ၈  ယေရှု​က မီး​လျှံ​နဲ့​တ​ကွ ပေါ်​ထွန်း​ပြီး ဘု​ရား​သခင်​ကို မသိ​သူ​တွေ၊ သခင်​ယေရှု​အကြောင်း သတင်း​ကောင်း​ကို မနာ​ခံ​သူ​တွေ​ကို လက်​စား​ချေ​လိမ့်​မယ်။+ ၉  သူ​တို့​ဟာ ထာ​ဝ​ရ​ပျက်​စီး​ခြင်း+ ပြစ်​ဒဏ်​စီ​ရင်​ချက်​ကို ခံရ​ပြီး သခင့်​ရှေ့​တော်​က​နေ ဖယ်​ရှား​ခံ​ရ​မယ်။ သခင့်ရဲ့ ဘုန်း​တန်​ခိုး​ကို မြင်​ခွင့်​ရ​မှာ  မဟုတ်​ဘူး။ ၁၀  သန့်​ရှင်း​သူ​တွေ​နဲ့​အတူ ဘုန်း​အသရေ​ထင်​ရှား​ဖို့ သခင် ကြွ​လာ​တဲ့​အခါ အဲ​ဒီ​လို​ဖြစ်​လိမ့်​မယ်။ အဲ​ဒီ​နေ့​ကျ​ရင် ယုံ​ကြည်​သက်​ဝင်​ခဲ့​သူ​တွေရော  ကျွန်​တော်​တို့​ပေး​တဲ့​သက်​သေကို ယုံကြည်​ခဲ့​တဲ့ ခင်​ဗျား​တို့​ပါ သခင်​ကို အံ့​သြ​ချီး​မွမ်း​ကြ​ရ​လိမ့်​မယ်။ ၁၁  ဒါ​ကြောင့် ခင်​ဗျား​တို့​ကို ရွေး​ချယ်​ခံ​ထိုက်​သူ​တွေ​အဖြစ် ဘု​ရား​သခင် ယူ​မှတ်​စေ​ဖို့+ အမြဲဆု​တောင်း​ပေး​ပါ​တယ်။ ဘု​ရား​သခင်​က ကောင်းမြတ်​တဲ့​အရာတွေ​ကို တန်​ခိုး​တော်​နဲ့ ပြီး​မြောက်​အောင် လုပ်​ဆောင်​ဖို့၊ ခင်​ဗျား​တို့​ရဲ့ ယုံ​ကြည်​ခြင်း​ပါ​တဲ့ လုပ်​ရပ်တွေ​ကို အောင်​မြင်​စေ​ဖို့​လည်း ကျွန်​တော်​တို့ အမြဲဆု​တောင်း​ပေး​ပါ​တယ်။ ၁၂  ဘု​ရား​သခင်​နဲ့ သခင်​ယေရှု​ခ​ရစ်ရဲ့ မဟာ​က​ရု​ဏာ​ကြောင့် အဲ​ဒီ​လို ဖြစ်​လာ​လိမ့်​မယ်။ ခင်​ဗျား​တို့​အား​ဖြင့် သခင်​ယေရှု​ရဲ့ နာမည် ဘုန်း​ထင်​ရှား​ပြီး ခင်​ဗျား​တို့​လည်း သခင်​ယေရှု​ခ​ရစ်​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း ရှိ​နိုင်​ကြ​မယ်။

အောက်ခြေမှတ်ချက်များ

သိ​လ။