၃ ယောဟန် ၁:၁-၁၄

  • နှုတ်​ခွန်း​ဆက်​စ​ကား။ ဆု​တောင်း​ချက် (၁-၄)

  • ဂါ​ယု​နဲ့​ပတ်​သက်​တဲ့ ထောက်​ခံ​ချက် (၅-၈)

  • ဒ​ယော​တ​ရပ်ရဲ့ ရည်​မှန်း​ချက်​ကြီး​ခြင်း (၉၊ ၁၀)

  • ဒေ​မေတ​ရိ နာ​မည်​ကောင်း​ရ (၁၁၊ ၁၂)

  • လာ​လည်​ပတ်​ဖို့ အစီ​အစဉ်​များ။ နှုတ်​ဆက်​စကား (၁၃၊ ၁၄)

၁  အသက်​ကြီး​သူ*  ကျွန်​တော်​ယောဟန်​က မေတ္တာ​စစ်​နဲ့​ချစ်​ခင်​ရ​တဲ့ ဂါယုဆီ စာ​ရေး​လိုက်​တယ်။ ၂  ချစ်​ရ​တဲ့​သူ၊ အခု​လို​ပဲ ကိုယ်​စိတ်​နှစ်​ဖြာ  အမြဲ  ကျန်း​မာ​ချမ်း​သာ​ပါ​စေ​လို့  ဆု​တောင်း​ပေး​လိုက်​ပါ​တယ်။ ၃  ခင်​ဗျား​က  အမှန်​တ​ရား​လမ်း​စဉ်​မှာ အမြဲ  လျှောက်​လှမ်း​ခဲ့​သလို​ပဲ အခု​လည်း အမှန်​တ​ရား​မှာ သစ္စာ​ရှိ​နေ​တဲ့​အကြောင်း ညီ​အစ်​ကို​တ​ချို့ ရောက်​လာ​ပြီး ပြော​ပြတဲ့​အတွက် ကျွန်​တော် သိပ်​ဝမ်း​သာ​တယ်။+ ၄  ကျွန်​တော့်ရဲ့ သား​သမီး​တွေ အမှန်​တ​ရား​လမ်း​စဉ်​မှာ လျှောက်​လှမ်း​နေ​တဲ့​အကြောင်း ကြား​သိ​ရ​တာ​ထက် ပို​ဝမ်း​သာ​စ​ရာ​ကောင်း​တဲ့​သတင်း* မရှိ​တော့​ပါ​ဘူး။+ ၅  ချစ်​ရ​တဲ့​ဂါ​ယု၊ ခင်​ဗျား​က မသိ​ကျွမ်း​တဲ့ ညီ​အစ်​ကို​တွေ​အတွက် လုပ်​ဆောင်​ပေး​ခြင်း​အား​ဖြင့် သစ္စာ​ရှိ​မှု​ကို ဖော်​ပြတယ်။+ ၆  အဲ​ဒီ​ညီ​အစ်​ကို​တွေ​က ခင်​ဗျားရဲ့​မေတ္တာ​အကြောင်း အသင်း​တော်​မှာ ပြန်​ပြော​ပြကြ​တယ်။ သူ​တို့​ခ​ရီး​ဆက်​တဲ့​အခါ  ဘု​ရား​သခင် နှစ်သက်တဲ့​အတိုင်း  ကူ​ညီ​ပေး​လိုက်​ပါ။+ ၇  သူ​တို့​ဟာ လူ​မျိုး​ခြား​တွေ​ဆီ​က​နေ ဘာ​အကူ​အညီ​မှ မယူ​ဘဲ+ ဘုရား​သခင့်​နာ​မည်​အကြောင်း ဟော​ပြော​ဖို့ ခ​ရီး​သွား​နေ​သူ​တွေ​ပါ။ ၈  အဲ​ဒီ​လို​လူ​တွေ​ကို ဧည့်​ဝတ်​ပြု​ရ​မယ့်​တာ​ဝန်​ ရှိ​တယ်။+ ဒါ​မှ ကျွန်​တော်​တို့​ဟာ အမှန်​တ​ရား ကြေ​ညာ​တဲ့​လုပ်​ငန်း​မှာ လုပ်​ဖော်​ဆောင်​ဖက်​တွေ ဖြစ်​ကြ​မှာ​ပေါ့။+ ၉  အသင်း​တော်​ဆီ ကျွန်​တော် စာ​ရေး​လိုက်​သေး​တယ်။ ဒါ​ပေမဲ့ အသင်း​တော်​မှာ  ထိပ်​ဆုံး​နေ​ရာရ​ချင်​တဲ့+ ဒယော​တ​ရပ်​က  ကျွန်​တော်​တို့​ပြော​သမျှ​ကို  တ​လေး​တ​စား​နဲ့  လက်​မခံ​ဘူး။+ ၁၀  ဒါ​ကြောင့် ကျွန်​တော်​လာရင် ကျွန်​တော်​တို့​နဲ့​ပတ်​သက်​ပြီး မလို​တ​မာ​စိတ်​နဲ့ သူ​ပြော​ခဲ့​တာ​တွေ​ကို ဖော်​ထုတ်​မယ်။+ သူ​က အဲ​ဒီ​လို​ပြော​တာ​နဲ့တင် မကျေ​နပ်​သေး​ဘဲ ညီ​အစ်​ကို​တွေ​ကို+ လေး​လေး​စား​စား မကြို​ဆို​ဘူး၊ ကြို​ဆို​ချင်​တဲ့​သူ​တွေ​ကို​လည်း တား​ဆီး​ပြီး  အသင်း​တော်​က​နေ  နှင်​ထုတ်​ဖို့​ကြိုး​စား​တယ်။ ၁၁  ချစ်​ရ​တဲ့​ဂါ​ယု၊ အဆိုး​ကို အတု​မယူ​ပါ​နဲ့။ အကောင်း​ကို အတု​ယူ​ပါ။+ ကောင်း​မွန်​တာ​ကို လုပ်​တဲ့​သူ​ဟာ ဘုရား​သခင်​ရဲ့ ဘက်​တော်​သား​ပဲ။+ အဆိုး​ကို လုပ်​တဲ့​သူ​က​တော့ ဘု​ရား​သခင်​ကို မသိ​တဲ့​သူ​ပဲ။+ ၁၂  ဒေ​မေတ​ရိ​က​တော့ ညီ​အစ်​ကို​အား​လုံး​ရှေ့​မှာ နာ​မည်​ကောင်း​ရ​တယ်။ သူ့​ရဲ့ အသက်​ရှင်​နေ​ထိုင်​ပုံ​က​ အမှန်​တ​ရား​နဲ့ ကိုက်​ညီ​တယ်။ ကျွန်​တော်​တို့​က​လည်း​ သူ့ကို​ထောက်​ခံ​ပါတယ်။​ ကျွန်​တော်တို့​ ထောက်ခံ​တာ​ မှန်​ကန်​မှန်း ခင်​ဗျား​သိ​ပါ​တယ်။ ၁၃  ခင်​ဗျား​ကို ပြော​စ​ရာ အများ​ကြီး​ရှိ​ပေမဲ့  စာ​နဲ့  မရေး​ချင်​ဘူး။ ၁၄  မကြာ​ခင် ခင်​ဗျား​နဲ့​တွေ့​ရ​မယ်​လို့ မျှော်​လင့်​တယ်။ အဲ​ဒီ​အခါ​မှ​ပဲ​ မျက်​နှာ​ချင်း​ဆိုင် စ​ကား​ပြော​ကြ​တာ​ပေါ့။ ငြိမ်​သက်​ခြင်း ခံ​စား​ရ​ပါ​စေ။ ဒီ​မှာ​ရှိ​တဲ့  မိတ်​ဆွေ​တွေ​က  နှုတ်​ခွန်းဆက်​သ လိုက်​တယ်။  အဲဒီ​က​ မိတ်​ဆွေ​အား​လုံး​ကို​လည်း နှုတ်​ဆက်​ပေး​ပါ။

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “အကြီးအကဲ။”
“ကျေးဇူးတင်စရာ အကြောင်းရင်း” လည်းဖြစ်နိုင်။