မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခ​၁

ကျမ်း​စာ​သတင်း​စကား

ယေဟောဝါ​ဘု​ရား​မှာ အုပ်​ချုပ်​ပိုင်​ခွင့် ရှိ​တယ်။ ဘု​ရားရဲ့ အုပ်​ချုပ်​နည်း​ဟာ အကောင်း​ဆုံး​ပဲ။

မြေကြီး​နဲ့ လူ​သား​တို့​အတွက် ဘု​ရားရဲ့ရည်​ရွယ်​ချက် ပြည့်​စုံ​ရ​မယ်။

ဘီ​စီ ၄၀၂၆ နောက်​ပိုင်း

“မြွေ” က ယေဟောဝါ​ရဲ့ အုပ်​ချုပ်​ပိုင်​ခွင့်​နဲ့ အုပ်ချုပ်​နည်း​ကို စော​ဒ​က​တက်​ခဲ့​တယ်။ မြွေစာ​တန်​ရဲ့​ခေါင်း​ကို ကြိတ်​မယ့် “မျိုး​နွယ်” ပေါ်​ထွန်း​စေ​မယ်​လို့ ယေဟောဝါ ကတိ​ပြု​ခဲ့​တယ်။ (ကမ္ဘာဦး ၃:၁-၅၊ ၁၅)​ ဒါပေမဲ့ မြွေရဲ့​သြဇာ​လွှမ်း​မှု​အောက်​မှာ လူ​လူ​ချင်း​ အုပ်​ချုပ်​ဖို့ ယေဟောဝါ အချိန်​ပေး​ခဲ့​တယ်။

ဘီ​စီ ၁၉၄၃

အာဗြဟံ​ရဲ့​သား​မြေး​တွေ​က​နေ ကတိ​ထား​ရာ “မျိုးနွယ်” ပေါ်​ထွန်း​မယ်​လို့ ယေဟောဝါ ကတိ​ပြု​တယ်။—ကမ္ဘာဦး ၂၂:၁၈

ဘီ​စီ ၁၀၇၀ နောက်​ပိုင်း

ဘု​ရင်​ဒါဝိဒ်​နဲ့ သား​တော်​ရှော​လ​မုန်​ရဲ့ မျိုး​ရိုး​က​နေ “မျိုး​နွယ်” ပေါ်​ထွန်း​မယ်​လို့ ယေဟောဝါ ကတိ​ပြု​ခဲ့​တယ်။—၂ ရှ​မွေ​လ ၇:၁၂၊ ၁၆။ ၁ ဘု​ရင်​များ ၉:၃-၅။ ဟေရှာယ ၉:၆၊ ၇

အေဒီ ၂၉

ဒါဝိဒ်ရဲ့ရာ​ဇ​ပလ္လင်​ပေါ် နန်းထိုင်​မယ့် ကတိ​ထား​ရာ “မျိုး​နွယ်” ဟာ ယေရှု​ဖြစ်​တယ်​လို့ ယေဟောဝါ ဖော်ပြ​ခဲ့​တယ်။—ဂလာ​တိ ၃:၁၆။ လုကာ ၁:၃၁-၃၃။ ၃:၂၁၊ ၂၂

အေဒီ ၃၃

မြွေစာ​တန်​က ယေရှု​ကို​သတ်​ပြီး ကတိ​ထား​ရာ “မျိုး​နွယ်” ရဲ့​ဖနောင့်​ကို ကြိတ်​ခဲ့​တယ်။ ဒါ​ပေမဲ့ ယေဟောဝါ​က ယေရှု​ကို ကောင်း​ကင်​ကို ထ​မြောက်​စေ​ပြီး ယေရှု​ရဲ့​စုံလင်​တဲ့​အသက်​တန်​ဖိုး​ကို လက်ခံ​ခဲ့​တယ်။ ဒီ​နည်း​နဲ့ အာ​ဒံ​ရဲ့​သား​စဉ်​မြေး​ဆက်​တွေ အပြစ်​ခွင့်​လွှတ်​ခံ​ရ​ဖို့၊ ထာဝ​ရ​အသက်​ရ​ဖို့ လမ်းပွင့်​သွား​တယ်။—ကမ္ဘာဦး ၃:၁၅။ တ​မန်​တော် ၂:၃၂-၃၆။ ၁ ကော​ရိန္သု ၁၅:၂၁၊ ၂၂

အေဒီ ၁၉၁၄ ခန့်

ယေရှု​က မြွေစာ​တန်​ကို မြေကြီး​ပေါ်​ပစ်​ချ​ပြီး မြေကြီး​မှာ​ပဲ တစ်​ခ​ဏ​တာ လုပ်​ဆောင်​ခွင့် ပြု​ထား​တယ်။—ဗျာဒိတ် ၁၂:၇-၉၊ ၁၂

အနာ​ဂတ်

ယေရှု​က စာ​တန်​ကို အနှစ် ၁,၀၀၀ ချုပ်​နှောင်​ပြီး​ နောက် ဖျက်​ဆီး​မယ်။ ဒီ​နည်း​နဲ့ သူ့​ခေါင်း​ကို ကြိတ်​ ပစ်​မယ်။ ကမ္ဘာ​မြေကြီး၊ လူ​သား​တွေ​နဲ့​ပတ်​သက်​တဲ့ ယေဟောဝါ​ရဲ့ မူ​လ​ရည်​ရွယ်​ချက် ပြည့်​စုံ​လာ​မယ်။ ကဲ့​ရဲ့​ရှုတ်​ချ​ခံ​နေ​ရ​တဲ့ ဘုရား​သခင့်​နာ​မည် သန့်​ရှင်း​ မြင့်​မြတ်​ပြီး ဘု​ရားရဲ့​အုပ်ချုပ်​မှု​ကို သံ​သယ​ကင်း​ရှင်း​ သွား​မယ်။—ဗျာဒိတ် ၂၀:၁-၃၊ ၁၀။ ၂၁:၃၊ ၄