သမ္မာကျမ်းစာကနေ သိရှိနိုင်ရာများ
ကျမ်းစာမှာ ဒီနေ့ခေတ် ကျွန်တော်တို့အတွက် ဘုရားသခင့် တရားစကားတွေ ပါရှိတယ်။ ဘဝမှာ အောင်မြင်စွာ အသက်ရှင်နေထိုင်နည်း၊ ဘုရားမျက်နှာသာရနည်းတို့ကို ဖော်ပြပေးတယ်။ အောက်ပါမေးခွန်းတွေကိုလည်း အဖြေပေးထားတယ်–
ကျမ်းချက်ရှာဖွေနည်း
ကျမ်းစာမှာ ကျမ်းစောင် ၆၆ စောင် ပါတယ်။ ဟီဘရူး-အာရမိတ်ကျမ်းစောင် (ဓမ္မဟောင်းကျမ်း) နဲ့ ဂရိကျမ်း (ဓမ္မသစ်ကျမ်း) ဆိုပြီး နှစ်ပိုင်းခွဲထားတယ်။ ကျမ်းစောင်တိုင်းကို အခန်းကြီး၊ အခန်းငယ် ခွဲထားတယ်။ ကျမ်းချက်ရည်ညွှန်းတဲ့အခါ ကျမ်းစောင်နာမည်နောက်က နံပါတ်ဟာ အခန်းကြီး၊ နောက်နံပါတ်တွေဟာ အခန်းငယ်တွေ ဖြစ်တယ်။ ဥပမာ၊ ကမ္ဘာဦး ၁:၁ ဆိုရင် ကမ္ဘာဦးအခန်းကြီး ၁၊ အခန်းငယ် ၁ ကိုဆိုလိုတယ်။