မေးခွန်း ၁၇
ကျမ်းစာက မိသားစုကို ဘယ်လိုကူညီပေးနိုင်သလဲ
ခင်ပွန်းများ/ဖခင်များ
“အလားတူ၊ ခင်ပွန်းဟာ ကိုယ့်ကိုယ်ကိုယ် ချစ်သလို ဇနီးကို ချစ်ရမယ်။ ဇနီးကိုချစ်တဲ့သူဟာ ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့သူပဲ။ ကိုယ့်ခန္ဓာကိုယ်ကို မုန်းတဲ့သူ တစ်ယောက်မှ မရှိဘူး။ လူတိုင်း ကိုယ့်ခန္ဓာကိုယ်ကို ကျွေးမွေးပြီး မြတ်နိုးတတ်တယ်။ . . . ခင်ဗျားတို့လည်း ကိုယ့်ကိုယ်ကိုယ် ချစ်သလို ဇနီးကို ချစ်ရမယ်။”
“ဖခင်တို့၊ သားသမီးတွေကို စိတ်ဆိုးအောင် မလုပ်ပါနဲ့။ ယေဟောဝါ မိန့်မှာတဲ့အတိုင်း သူတို့ကို ဆုံးမသွန်သင်ပြီး ပြုစုပျိုးထောင်ကြပါ။”
ဇနီးသည်များ
“ဇနီးကလည်း ခင်ပွန်းကို အလွန်ရိုသေရမယ်။”
“ဇနီးတို့၊ ကိုယ့်ခင်ပွန်းကို လက်အောက်ခံကြပါ။ ခရစ်ယာန်တွေဟာ အဲဒီလိုပဲ လက်အောက်ခံသင့်တယ်။”
သားသမီးများ
“သားသမီးတို့၊ ဘုရားသခင့် အလိုတော်နဲ့အညီ မိဘကို နာခံကြပါ။ ဒါဟာ ဘုရားသခင်ရဲ့ အမြင်မှာ ဖြောင့်မှန်တယ်။ ‘မိဘကို ရိုသေပါ’ ဆိုတဲ့ ပညတ်ဟာ ကတိတော်နဲ့ ဒွန်တွဲနေတဲ့ ပထမဆုံးပညတ်ပဲ။ ‘ဒါမှသာ ကောင်းစားလိမ့်မယ်၊ ကမ္ဘာမြေပေါ်မှာ အသက်ရှည်ရှည် နေနိုင်လိမ့်မယ်’ ဆိုတဲ့ ကတိဖြစ်တယ်။
“သားသမီးတို့၊ မိဘစကားကို အရာရာမှာ နာခံကြပါ။ အဲဒီလိုနာခံတာကို သခင် နှစ်သက်တယ်။”