မေးခွန်း ၆
ကျမ်းစာမှာ မေရှိယအကြောင်း ဘာတွေကြိုပြောထားသလဲ
ကြိုဟောချက်
“အို ဘက်သလီဟင် ဧဖရတ်မြို့၊ . . . အစ္စရေးနိုင်ငံမှာ ငါ့အတွက် အုပ်စိုးရှင်တစ်ယောက် မင်းဆီကနေ ပေါ်ထွန်းလာမယ်။”
ပြည့်စုံချက်
‘ဟေရုဒ်မင်းလက်ထက်၊ ယုဒပြည်၊ ဘက်သလီဟင်မြို့မှာ ယေရှုကိုမွေးဖွားပြီးနောက် နက္ခတ်ဗေဒင်ဆရာတွေက အရှေ့အရပ်ကနေ ဂျေရုဆလင်မြို့ကို ရောက်လာတယ်။’
ကြိုဟောချက်
“ကျွန်တော့်ဝတ်လုံတွေကို အပိုင်းပိုင်း ခွဲယူပြီးအင်္ကျီကိုလည်း မဲချယူကြတယ်။”
ပြည့်စုံချက်
“စစ်သည်တွေက ယေရှုကို သစ်တိုင်ပေါ်မှာ သံနဲ့ရိုက်ပြီးသွားတဲ့အခါ ဝတ်လုံတွေကို လေးပိုင်းပိုင်းပြီး . . . ယူလိုက်တယ်။ ဒါပေမဲ့ အတွင်းအင်္ကျီက ချုပ်ရိုးမပါဘဲ အထက်အောက် တစ်ဆက်တည်း ရက်ထားတဲ့အထည် ဖြစ်နေတယ်။ ဒါကြောင့် သူတို့က ‘ဒီတစ်ထည်ကိုတော့ မပိုင်းတော့ဘဲ မဲချပြီး ယူလိုက်ရအောင်’ လို့ အချင်းချင်းပြောတယ်။”
ကြိုဟောချက်
“ဘုရား ကာကွယ်ပေးတဲ့အတွက်သူ့အရိုးတစ်ချောင်းမှ မကျိုးဘူး။”
ပြည့်စုံချက်
“ယေရှု အလှည့်ရောက်တဲ့အခါ သေဆုံးနေပြီဆိုတာ သိသွားတဲ့အတွက် ခြေထောက် မချိုးတော့ဘူး။”
ကြိုဟောချက်
“ငါတို့ရဲ့ အပြစ်အတွက် သူထိုးဖောက်ခံခဲ့ရတယ်။”
ပြည့်စုံချက်
“စစ်သည်တစ်ယောက်က ယေရှုရဲ့နံရိုးနားကို လှံနဲ့ထိုးလိုက်တဲ့အခါ သွေးနဲ့ရေတွေ ချက်ချင်းထွက်လာတယ်။”
ကြိုဟောချက်
“သူတို့က ကျွန်တော့်ကို လုပ်ခအဖြစ် ငွေစ ၃၀ ပေးတယ်။”
ပြည့်စုံချက်
“အဲဒီနောက် တမန်တော် ၁၂ ယောက်ထဲက ယုဒရှကာရုတ်က ပုရောဟိတ်ကြီးတွေဆီ သွားပြီး ‘ယေရှုကို ခင်ဗျားတို့လက်ထဲ အပ်မယ်ဆိုရင် ဘယ်လောက်ပေးမလဲ’ လို့မေးတော့ သူတို့က ငွေစ ၃၀ ပေးမယ်လို့ ကတိပေးတယ်။”