မေးခွန်း ၁၀
ကျမ်းစာမှာ အနာဂတ်နဲ့ပတ်သက်တဲ့ ဘယ်ကတိတွေပါသလဲ
“ဖြောင့်မတ်သူတွေဟာ ကမ္ဘာမြေကို ပိုင်ဆိုင်ပြီး ထာဝစဉ် နေထိုင်ရလိမ့်မယ်။”
“ကမ္ဘာမြေကတော့ ထာဝစဉ်တည်တယ်။”
“သေမင်းကိုလည်း ထာဝစဉ် ဖယ်ရှားမယ်။ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါက လူအားလုံးရဲ့ မျက်ရည်ကို သုတ်ပေးမယ်။”
“အဲဒီအချိန်ကျရင် မျက်မမြင်တွေ မျက်စိမြင်လာမယ်။ နားမကြားသူတွေ နားကြားလာမယ်။ အဲဒီအချိန်ကျရင် ခြေဆွံ့သူဟာ သမင်လို ခုန်ပေါက်လိမ့်မယ်။ ဆွံ့အသူက ရွှင်လန်းစွာ ကြွေးကြော်လိမ့်မယ်။ တောကန္တာရမှာ ရေတွေ ပန်းထွက်လိမ့်မယ်။ ကန္တာရလွင်ပြင်မှာလည်း စမ်းချောင်းတွေ စီးဆင်းလိမ့်မယ်။”
“ဘုရားသခင်က သူတို့ရဲ့ မျက်ရည်ရှိသမျှကို သုတ်ပေးလိမ့်မယ်။ သေခြင်းရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေးမြည်တမ်းတာ၊ အော်ဟစ်တာ၊ နာကျင်တာတွေလည်း ရှိတော့မှာ မဟုတ်ဘူး။ အရင်ကဖြစ်ဖူးတာတွေ ကွယ်ပျောက်သွားပြီ။”
“လူတွေက အိမ်တွေဆောက်ပြီး ကိုယ်တိုင် နေထိုင်ရလိမ့်မယ်။ စပျစ်ခြံတွေစိုက်ပြီး စပျစ်သီးတွေကို ကိုယ်တိုင်စားသုံးရလိမ့်မယ်။ သူတို့ဆောက်တဲ့အိမ်မှာ တခြားသူတွေ နေထိုင်မှာ မဟုတ်ဘူး။ သူတို့စိုက်ပျိုးတဲ့ အပင်တွေကို တခြားသူတွေ စားသုံးမှာ မဟုတ်ဘူး။ ငါ့လူတွေရဲ့ သက်တမ်းဟာ သစ်ပင်ရဲ့ သက်တမ်းလို ဖြစ်မယ်။ ငါရွေးချယ်ထားသူတွေဟာ ကိုယ့်လုပ်အားရဲ့ အကျိုးကျေးဇူးကို အပြည့်အဝ ခံစားရလိမ့်မယ်။”