မေးခွန်း ၁၅
ပျော်ရွှင်မှု ဘယ်လို ရနိုင်သလဲ
“မေတ္တာလွှမ်းခြုံတဲ့နေရာမှာ စားရတဲ့ ဟင်းသီးဟင်းရွက် တစ်နပ်စာဟာ အမုန်းစိတ်ပြည့်နေတဲ့နေရာမှာ စားရတဲ့ ဆူဖြိုးတဲ့ အမဲသားဟင်းထက် ပိုကောင်းတယ်။”
“ငါယေဟောဝါဟာ မင်းတို့ရဲ့ ဘုရားသခင်ပဲ။ မင်းတို့ကောင်းကျိုးအတွက် သွန်သင်ပေးတဲ့အရှင်၊ မင်းတို့လျှောက်သင့်တဲ့ လမ်းအတိုင်း လမ်းညွှန်ပေးတဲ့ အရှင်ပဲ။”
“ဘုရားသခင်ကို မှီခိုဖို့ လိုအပ်မှန်း သိမြင်သူတွေ ပျော်ရွှင်ချမ်းမြေ့တယ်။ ကောင်းကင်နိုင်ငံဟာ သူတို့အတွက် ဖြစ်လိမ့်မယ်။”
“လူလူချင်းကို ကိုယ်နဲ့ထပ်တူ ချစ်ပါ။
“ကိုယ့်ကို ပြုမူဆက်ဆံစေချင်တဲ့အတိုင်း သူတစ်ပါးကို ပြုမူဆက်ဆံပါ။”
“ဘုရားသခင်ရဲ့ တရားစကားကို ကြားနာပြီး လိုက်လျှောက်တဲ့ သူဟာ . . . ပျော်ရွှင်ချမ်းမြေ့တယ်။”
“လူတစ်ယောက်ဟာ စည်းစိမ်ကြွယ်ဝနေရင်တောင် သူ့စည်းစိမ်က အသက်မပေးနိုင်ဘူး။”
“ဒါကြောင့် စားစရာ၊ ဝတ်စရာ ရှိနေတယ်ဆိုရင် ရှိတာလေးနဲ့ ရောင့်ရဲနေရမယ်။”
“ရယူခြင်းထက် ပေးကမ်းခြင်းက ပိုပျော်ရွှင်စေတယ်။”