မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မေး​ခွန်း ၁၈

ဘု​ရား​သခင်​နဲ့ ဘယ်​လို ရင်း​နှီး​နိုင်​မလဲ

“ဆုတောင်း​သံ​ကို နား​ထောင်​တဲ့​အရှင်၊ ကိုယ်​တော့်​ဆီ​ကို လူ​အမျိုး​မျိုး လာ​ကြ​ပါ​လိမ့်​မယ်။”

ဆာလံ ၆၅:၂

“ယေဟောဝါ​ကို စိတ်​နှလုံး​အကြွင်း​မဲ့ ယုံ​ကြည်​ကိုး​စား​ပါ။ ကိုယ့်​ရဲ့​သိ​နား​လည်​နိုင်​စွမ်း​ကို အား​မကိုး​နဲ့။ ဘာ​ပဲ​လုပ်​လုပ် ဘု​ရား​ကို ထည့်​စဉ်း​စား​ပါ။ ဘု​ရား​က မင်း​ရဲ့​လမ်း​ခ​ရီးတွေ​ကို ဖြောင့်​ဖြူး​စေ​မယ်။”

ပညာ​အလိမ္မာ ၃:၅၊ ၆

“ထာ​ဝ​ရ​အသက် ရ​နိုင်​ဖို့​ဆို​ရင် တစ်​ဆူ​တည်း​သော စစ်​မှန်​တဲ့​ဘု​ရား​သခင် အဖကိုရော အဖစေ​လွှတ်​လိုက်​တဲ့ ယေရှု​ခ​ရစ်​ကို​ပါ သိ​ကျွမ်း​ကြ​ရ​မယ်။”

ယောဟန် ၁၇:၃

“တ​ကယ်​ဆို​ရင် ဘု​ရား​သခင်​ဟာ ကျွန်​တော်​တို့​တစ်​ယောက်​နဲ့​မှ မဝေး​ပါ​ဘူး။”

တမန်​တော် ၁၇:၂၇

“ဘု​ရား​သခင်​ရဲ့ အလို​တော်​ကို တိ​ကျ​မှန်​ကန်​စွာ သိ​ကျွမ်း​လာပြီး​ ကောင်းကောင်း ပိုင်း​ခြား​သိ​မြင်​လာ​တာ​နဲ့​အမျှ ခင်​ဗျား​တို့​ရဲ့​မေတ္တာ တိုးသည်​ထက် တိုး​လာ​ဖို့ ကျွန်​တော် ဆုတောင်း​နေ​တယ်။”

ဖိ​လိပ္ပိ ၁:၉

“တစ်​ယောက်​ယောက်​က ဉာဏ်​ပညာ​လို​နေ​ရင် ဘု​ရား​သခင်​ဆီ တောင်း​မြဲတောင်း​ပါ။ ကဲ့​ရဲ့​တာ​မျိုး​မလုပ်​ဘဲ လူ​အားလုံး​ကို ရက်ရက်ရောရော ပေး​တတ်​တဲ့ ဘု​ရား​သခင်​က တောင်း​တဲ့​သူ​ကို ဉာဏ်​ပညာ​ပေး​လိမ့်​မယ်။”

ယာကုပ် ၁:၅

“ဘု​ရား​သခင်​နဲ့ ရင်း​နှီး​အောင် ကြိုး​စား​ပါ။ ဒါ​ဆို​ရင် ဘု​ရား​သခင်​လည်း​ ခင်ဗျား​တို့​နဲ့ ရင်း​နှီး​လာ​လိမ့်​မယ်။ အပြစ်​သား​တို့၊ ခင်​ဗျား​တို့​ရဲ့​လက်​ကို သန့်စင်​စေ​ကြ​ပါ။ မပြတ်​သား​သူတို့၊ ခင်​ဗျား​တို့​ရဲ့ စိတ်​နှလုံး​ကို စင်​ကြယ်​စေကြ​ပါ။”

ယာကုပ် ၄:၈

“ဘု​ရား​သခင်​ကို ချစ်​တယ်​ဆို​တာ ပညတ်​ချက်​တွေ လိုက်​နာ​တာ​ကို ဆိုလို​တယ်။ ပညတ်​ချက်​တွေ​ဟာ လိုက်​နာ​ဖို့ ခက်​ခဲ​လွန်း​တဲ့​အရာ မဟုတ်​ပါ​ဘူး။”

၁ ယောဟန် ၅:၃