မေးခွန်း ၂
ဘုရားသခင်အကြောင်း ဘယ်လို သင်ယူနိုင်သလဲ
“ဒီပညတ်ကျမ်းမှာပါတဲ့ အကြောင်းတွေကို မပြောဘဲမနေနဲ့။ အဲဒီမှာရေးထားသမျှကို ဂရုတစိုက် လိုက်နာနိုင်ဖို့ နေ့ညမပြတ် ဖတ်ရွတ်ဆင်ခြင်ပါ။ ဒါဆိုရင် ဘဝလမ်းခရီး အောင်မြင်ပြီး ဉာဏ်ပညာရှိရှိ လုပ်ဆောင်နိုင်မယ်။”
“သူတို့က ဘုရားသခင်ရဲ့ ပညတ်ကျမ်းကို အသံကျယ်ကျယ်ဖတ်ပြီး အနက်အဓိပ္ပာယ်ကို ရှင်းပြတယ်။ ဖတ်ပြတဲ့အရာကို လူတွေ သဘောပေါက်အောင် ကူညီပေးတယ်။”
“လူဆိုးတွေရဲ့ အကြံဉာဏ်အတိုင်း မလိုက်တဲ့သူ . . . ဟာ ပျော်ရွှင်ချမ်းမြေ့တယ်။ သူဟာ ယေဟောဝါရဲ့ ပညတ်မှာ ပျော်မွေ့ပြီးပညတ်တော်ကို နေ့ညမပြတ် ဖတ်ရွတ်ဆင်ခြင်တယ်။ . . . လုပ်သမျှ အောင်မြင်လိမ့်မယ်။”
“ဖိလိပ္ပုလည်း မြင်းရထားဘေးကနေ အပြေးလိုက်သွားတဲ့အခါ ဟေရှာယကျမ်းကို မိန်းမစိုး ဖတ်နေတာ ကြားတော့ ‘ဖတ်နေတာကို နားလည်ရဲ့လား’ လို့မေးလိုက်တယ်။ မိန်းမစိုးကလည်း ‘ရှင်းပြမယ့်သူမရှိဘဲ ဘယ်လို နားလည်မှာလဲ’ လို့ဖြေတယ်။”
“ဘုရားသခင်ကို မမြင်ရပေမဲ့ ဖန်ဆင်းထားရာတွေကို ကြည့်ပြီး ဘုရားသခင်ရဲ့ ထာဝရတန်ခိုးတော်နဲ့ အရည်အသွေးတွေအပြင် ကိုယ်တော်ဟာ ဘုရားသခင်ဖြစ်ကြောင်း လောကကို ဖန်ဆင်းချိန်ကတည်းက အထင်အရှား သိမြင်နိုင်တယ်။ ဒါကြောင့် သူတို့ ဆင်ခြေပေးလို့မရဘူး။”
“အဲဒီအရာတွေကို ဆင်ခြင်သုံးသပ်ပါ။ လူအားလုံးရှေ့ မင်းရဲ့တိုးတက်မှုကို ထင်ရှားမြင်သာစေဖို့ အဲဒီအရာတွေမှာ အာရုံနှစ်ထားပါ။”
“မေတ္တာစိတ်ရှိစေဖို့၊ အကျင့်ကောင်းတွေ ကျင့်စေဖို့ တိုက်တွန်းအားပေးပြီး အချင်းချင်း ထောက်ထားစာနာကြစို့။ လူတချို့မှာ အတူတကွ စည်းဝေးတာကို လျစ်လျူရှုတဲ့ထုံးစံ ရှိနေတယ်။ ခင်ဗျားတို့ကတော့ အတူတကွ စည်းဝေးတာကို လျစ်လျူမရှုကြပါနဲ့။”
“တစ်ယောက်ယောက်က ဉာဏ်ပညာလိုနေရင် ဘုရားသခင်ဆီ တောင်းမြဲတောင်းပါ။ ကဲ့ရဲ့တာမျိုးမလုပ်ဘဲ လူအားလုံးကို ရက်ရက်ရောရော ပေးတတ်တဲ့ ဘုရားသခင်က တောင်းတဲ့သူကို ဉာဏ်ပညာပေးလိမ့်မယ်။”