မေးခွန်း ၁၁
လူသေရင် ဘာဖြစ်သွားသလဲ
“သူဟာ အသက်ထွက်ပြီး မြေကြီးထဲ ပြန်သွားတတ်တယ်။ အဲဒီနေ့မှာပဲ သူ့အကြံအစည်တွေ ပျက်စီးသွားတယ်။”
“အသက်ရှင်နေသူက သေရမှာကို သိတယ်။ သေလွန်သူကတော့ ဘာမှမသိဘူး။ . . . ဘာပဲလုပ်လုပ် အားသွန်ခွန်စိုက် လုပ်ပါ။ ကိုယ်ရောက်သွားမယ့် သင်္ချိုင်းမှာ အလုပ်အကိုင်၊ အစီအစဉ်၊ အသိပညာ၊ ဉာဏ်ပညာ ဘာတစ်ခုမှ မရှိလို့ပဲ။”
“ယေရှုက ‘ကျွန်တော်တို့ရဲ့ သူငယ်ချင်း လာဇရု အိပ်ပျော်သွားပြီ။ သူ့ကိုနှိုးဖို့ သွားရမယ်’ လို့ပြောတဲ့အခါ၊ လာဇရု သေဆုံးတာကို ယေရှုဆိုလိုပေမဲ့ အိပ်ပျော်နေတာကို ဆိုလိုတယ်လို့ တပည့်တွေ ထင်နေကြတယ်။ ဒါကြောင့် ယေရှုက တဲ့တိုးပဲ ပြောလိုက်တယ်– ‘လာဇရု ဆုံးသွားပြီ။’”