ဒီဇင်ဘာ ၂၃-၂၉

ဆာလံ ၁၁၉:၁၂၁-၁၇၆

ဒီဇင်ဘာ ၂၃-၂၉

သီချင်း ၃၁ နဲ့ ဆုတောင်းချက် | နိဒါန်း (၁ မိ.)

ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ

၁။ ရင်နာစရာတွေ မကြုံသင့်ဘဲ မကြုံရလေအောင်

(၁၀ မိ.)

ဘုရားသခင့်ပညတ်တွေကို ချစ်မြတ်နိုးပါ (ဆ ၁၁၉:၁၂၇က၁၈.၀၆ ၁၇ ပိုဒ်. ၅-၆)

မကောင်းမှုကို မုန်းပါ (ဆ ၁၁၉:၁၂၈က၉၃ ၄/၁၅ ၁၇ ပိုဒ်. ၁၂)

ယေဟောဝါရဲ့စကား နားထောင်ပါ၊ “အတွေ့အကြုံမရှိသူ” လုပ်တဲ့ အမှားတွေ မလုပ်ပါနဲ့ (ဆ ၁၁၉:၁၃၀၊ ၁၃၃။ ပ ၂၂:၃)

ကိုယ့်ကိုယ်ကိုယ်မေးပါ။ ‘ဘုရားပညတ်တွေကို ချစ်ရာမှာ ဒါမှမဟုတ် မကောင်းမှုကို မုန်းရာမှာ ဘယ်အချက်တွေကို ငါ သတ်သတ်မှတ်မှတ် လုပ်ဆောင်ဖို့လိုသလဲ။’

၂။ ဘုရားရေးရာ ရတနာ

(၁၀ မိ.)

  • ဆ ၁၁၉:၁၆၀—ဒီကျမ်းချက်အရ ဘာကို စိတ်ချနိုင်သလဲ။ (က၂၃.၀၁ ၂ ပိုဒ်. ၂)

  • ဒီအပတ် ကျမ်းစာဖတ်တာကနေ ဘယ်ဘုရားရေးရာ ရတနာတွေ ဝေမျှချင်သလဲ။

၃။ ဖတ်ရှုခြင်း

အမှုဆောင်လုပ်ငန်းမှာ ကျင့်သုံးပါ

၄။ စကားစမြည် စပြောခြင်း

(၃ မိ.) တစ်အိမ်မှတစ်အိမ်။ (lmd ၁:၅)

၅။ ပြန်လည်ပတ်ခြင်း

(၄ မိ.) တစ်အိမ်မှတစ်အိမ်။ jw.org မှာ သူစိတ်ဝင်စားတဲ့ အကြောင်းအရာတွေ ဘယ်လိုရှာနိုင်သလဲဆိုတာ ပြပေးပါ။ (lmd ၈:၃)

၆။ တပည့် ဖြစ်စေခြင်း

(၅ မိ.) အစည်းအဝေး ပုံမှန်မတက်တဲ့ ကျမ်းစာသင်သားနဲ့ ဆွေးနွေးပါ။ (lmd ၁၂:၄)

ခရစ်ယာန်အသက်တာလမ်းစဉ်

သီချင်း ၅၂

၇။ ငွေကြောင့် မလိုအပ်တဲ့ဝေဒနာတွေ မရပါစေနဲ့

(၁၅ မိ.) ဆွေးနွေးပါ။

ငွေကိုတပ်မက်သူတွေက “ဝေဒနာများစွာနဲ့ ကိုယ့်ကိုယ်ကိုယ် ထိုးနှက်ကြတယ်။” (၁တိ ၆:၉၊ ၁၀) ငွေကိုတပ်မက်ရင်၊ ဘဝမှာ ငွေဟာ အရေးကြီးဆုံးအရာဖြစ်လာရင်

  • ယေဟောဝါနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး မရနိုင်ဘူး။—မ ၆:၂၄

  • အလိုဆန္ဒ ဘယ်တော့မှ မပြေနိုင်ဘူး။—ဒေ ၅:၁၀

  • လိမ်တာ၊ ခိုးတာ၊ သစ္စာဖောက်တာ စတဲ့မကောင်းတာတွေလုပ်ဖို့ ပိုလွယ်လာမယ်။ (ပ ၂၈:၂၀) မကောင်းတာလုပ်လိုက်ရင် အပြစ်ရှိတယ်လို့ ခံစားရမယ်၊ နာမည်ဆိုးရမယ်၊ ဘုရားမျက်နှာသာ ဆုံးရှုံးမယ်။ ဒါတွေဟာ ငွေကိုတပ်မက်လို့ ဘဝမှာ မလိုအပ်ဘဲ ရလာတဲ့ ဝေဒနာတချို့ပါပဲ။

ဟီဘရူး ၁၃:၅ ကိုဖတ်ပါ ပြီးနောက် အောက်ပါမေးခွန်းတွေကို ဆွေးနွေးပါ–

  • စိတ်ဆင်းရဲစရာတွေ မကြုံရအောင် ငွေကြေးနဲ့ပတ်သက်ပြီး ဘယ်သဘောထား ရှိရမလဲ။ ဘာကြောင့်လဲ။

ငွေကို မတပ်မက်ပေမဲ့ ကောင်းကောင်း စီမံမသုံးစွဲတတ်ရင်လည်း စိတ်ဆင်းရဲရမှာပဲ။

ငွေသုံးစွဲနည်း ကာတွန်းသရုပ်ဖော် ဗီဒီယို ပြပါ ပြီးနောက် ပရိသတ်ကို မေးပါ–

  • ဝင်ငွေထွက်ငွေစာရင်း ဘာကြောင့်လုပ်ရမလဲ။ ဘယ်လိုလုပ်နိုင်သလဲ။

  • ငွေစုတာ ဘာကြောင့်ကောင်းသလဲ။

  • မလိုအပ်ဘဲ အကြွေးမယူတာ ဘာကြောင့်ပညာရှိသလဲ။

၈။ အသင်းတော် ကျမ်းစာလေ့လာမှု

နိဂုံးချုပ်မှတ်ချက် (၃ မိ.) | သီချင်း ၅၃ နဲ့ ဆုတောင်းချက်