နိုဝင်ဘာ ၁၈-၂၄

ဆာလံ ၁၀၇-၁၀၈

နိုဝင်ဘာ ၁၈-၂၄

သီချင်း ၂၃ နဲ့ ဆုတောင်းချက် | နိဒါန်း (၁ မိ.)

ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ

၁။ “ယေဟောဝါကို ကျေးဇူးတင်ကြပါ။ ဘုရားသခင်ဟာ ကောင်းမြတ်တယ်”

(၁၀ မိ.)

ဗာဗုလုန်လက်ထဲကနေ အစ္စရေးတွေကို ကယ်ခဲ့သလို စာတန့်လောကကနေ ကျွန်တော်တို့ကို ယေဟောဝါကယ်တင် (ဆ ၁၀၇:၁၊ ၂။ ကော ၁:၁၃၊ ၁၄)

ကျေးဇူးတင်စိတ်ကြောင့် ယေဟောဝါကို အသင်းတော်မှာ ချီးမွမ်း (ဆ ၁၀၇:၃၁၊ ၃၂က၀၇ ၄/၁၅ ၂၀ ပိုဒ်. ၂)

ကျွန်တော်တို့အတွက် ယေဟောဝါလုပ်ပေးခဲ့တာတွေကို ပြန်စဉ်းစားတဲ့အခါ ကိုယ်တော့်ကို ကျေးဇူးတင်စိတ် တိုးများလာ (ဆ ၁၀၇:၄၃က၁၅ ၁/၁၅ ၄ ပိုဒ်. ၄)

၂။ ဘုရားရေးရာ ရတနာ

(၁၀ မိ.)

  • ဆ ၁၀၈:၉—မောဘပြည်ကို ဘုရားသခင်ရဲ့ “ခြေဆေးခွက်” နဲ့ နှိုင်းယှဉ်တာ ဘာကြောင့်ဖြစ်နိုင်သလဲ။ (it-2-E ၄၂၀ ပိုဒ်. ၄)

  • ဒီအပတ် ကျမ်းစာဖတ်တာကနေ ဘယ်ဘုရားရေးရာ ရတနာတွေ ဝေမျှချင်သလဲ။

၃။ ဖတ်ရှုခြင်း

အမှုဆောင်လုပ်ငန်းမှာ ကျင့်သုံးပါ

၄။ စကားစမြည် စပြောခြင်း

(၃ မိ.) အလွတ်သဘော သက်သေခံခြင်း။ (lmd ၁:၄)

၅။ ပြန်လည်ပတ်ခြင်း

(၄ မိ.) အလွတ်သဘော သက်သေခံခြင်း။ ကျမ်းစာလေ့လာမှုအစီအစဉ်အကြောင်း ပြောပြပြီး ကျမ်းစာလေ့လာမှုကတ် ပေးပါ။ (lmd ၉:၃)

၆။ ဟောပြောချက်

(၅ မိ.) ijwbq ၃၃—အဓိကအကြောင်း– နာတာရှည်ရောဂါကို ရင်ဆိုင်ဖြေရှင်းရာမှာ သမ္မာကျမ်းစာက ကူညီပေးနိုင်သလား (th သင်ခန်းစာ ၁၄)

ခရစ်ယာန်အသက်တာလမ်းစဉ်

သီချင်း ၂

၇။ ယေဟောဝါကို ကျေးဇူးတင်လို့ တေးသီကျူး

(၁၅ မိ.) ဆွေးနွေးပါ။

ပင်လယ်နီမှာ ထိတ်လန့်တုန်လှုပ်နေတဲ့ အစ္စရေးတွေ အီဂျစ်စစ်တပ်ကြီးရဲ့လက်ကနေ ကယ်တင်ခံလိုက်ရချိန်မှာ ယေဟောဝါကို ကျေးဇူးတင်လွန်းလို့ ချီးမွမ်းသီချင်း ထဆိုကြတယ်။ (ထွ ၁၅:၁-၁၉) သီချင်းသစ်ကို ဦးဆောင်သီဆိုခဲ့သူတွေဟာ အမျိုးသားတွေပါ။ (ထွ ၁၅:၂၁) ယေရှုနဲ့ အစောပိုင်းခရစ်ယာန်တွေလည်း ဘုရားသခင်ကို ချီးမွမ်းသီချင်းဆိုခဲ့ကြတယ်။ (မ ၂၆:၃၀။ ကော ၃:၁၆) ကျွန်တော်တို့လည်း အသင်းတော်အစည်းအဝေး၊ တိုက်နယ်အစည်းအဝေး၊ ခရိုင်အစည်းအဝေးတွေမှာ ယေဟောဝါကို ချီးမွမ်းသီဆိုပြီး ကျေးဇူးတင်ကြောင်း ပြကြတယ်။ ဥပမာ၊ “ကျေးဇူးပါ၊ ယေဟောဝါ” ဆိုတဲ့သီချင်းကို ၁၉၆၆ ခုနှစ်ကတည်းက အသင်းတော်အစည်းအဝေးတွေမှာ သီဆိုလာခဲ့တာပါ။

ယဉ်ကျေးမှုတချို့မှာ အမျိုးသားတွေအတွက် လူရှေ့သူရှေ့ သီချင်းဆိုရတာ ရှက်စရာဖြစ်နိုင်တယ်။ တချို့ကျတော့ အသံမကောင်းလို့ မဆိုချင်ကြဘူး။ ဒါပေမဲ့ အစည်းအဝေးတွေမှာ သီဆိုခြင်းဟာ ဘုရားသခင်ကို ဝတ်ပြုခြင်းဖြစ်တယ်ဆိုတာ မမေ့ပါနဲ့။ ယေဟောဝါရဲ့အဖွဲ့အစည်းက လှပတဲ့တေးသီချင်းတွေ သီကုံးစပ်ဆိုဖို့၊ အစည်းအဝေးတွေမှာ သီဆိုမယ့်သီချင်းတွေ ရွေးချယ်ဖို့ အများကြီးအားစိုက်ထုတ်ထားတာ။ ကျွန်တော်တို့ဘက်က လုပ်ရမှာဆိုလို့ ကောင်းကင်ဘုံစံအဖကို ချစ်ကြောင်း၊ ကျေးဇူးတင်ကြောင်း အတူတကွ သီဆိုချီးမွမ်းခြင်းပါပဲ။

ရွေ့လျားနေတဲ့ သမိုင်း—သီချင်း ဆုလက်ဆောင်၊ အပိုင်း ၂ ဗီဒီယို ပြပါ ပြီးနောက် ပရိသတ်ကို မေးပါ–

  • ၁၉၄၄ ခုနှစ်မှာ ဘာဖြစ်ခဲ့သလဲ။

  • ဘုရားနိုင်ငံတော်သီချင်း သီဆိုရတာကို တန်ဖိုးထားကြောင်း ဆိုက်ဘေးရီးယားက ညီအစ်ကို/မတွေ ဘယ်လိုပြခဲ့သလဲ။

  • သီချင်းဆိုခြင်းဟာ ယေဟောဝါသက်သေတွေအတွက် ဘာကြောင့် သိပ်အရေးကြီးသလဲ။

၈။ အသင်းတော် ကျမ်းစာလေ့လာမှု

နိဂုံးချုပ်မှတ်ချက် (၃ မိ.) | သီချင်း ၇၃ နဲ့ ဆုတောင်းချက်