နာတာရှည်ရောဂါကို ရင်ဆိုင်ဖြေရှင်းရာမှာ သမ္မာကျမ်းစာက ကူညီပေးနိုင်သလား။ ဖွင့်ပါ နာတာရှည်ရောဂါကို ရင်ဆိုင်ဖြေရှင်းရာမှာ သမ္မာကျမ်းစာက ကူညီပေးနိုင်သလား။ ဝမ်းနည်းပါတယ်၊ media player မဖွင့်နိုင်ပါ။ ဒီဗီဒီယိုကို ကူးယူ စာတန်းထိုးပါ စာတန်းထိုး ပိတ်ပါ သမ္မာကျမ်းစာဖြေဆိုရာ ကူညီပေးနိုင်ပါတယ်။ ဘုရားသခင်ဟာ မိမိကိုဝတ်ပြုတဲ့သူတွေ နာမကျန်းဖြစ်တဲ့အခါ ဂရုစိုက်ပါတယ်။ သစ္စာရှိတဲ့သူတစ်ဦးနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– “သူ ဖျားနာချိန်၌ ကိုယ်တော်သည် ကူမတော်မူ၍ သူ့အား ပြန်လည်ကျန်းမာစေတော်မူလိမ့်မည်။” (ဆာလံ ၄၁:၃၊ ခမ) သင်ဟာ နာတာရှည်ရောဂါ ခံစားနေရတယ်ဆိုရင် အောက်ပါအချက်သုံးချက်က သင့်ကို နှစ်သိမ့်မှုပေးနိုင်ပါတယ်– ၁။ ခံနိုင်ရည်ရှိဖို့ ဆုတောင်းပါ။ “စဉ်းစား၍ မမီနိုင်သည့် ဘုရားသခင်၏ငြိမ်သက်ခြင်း” က သင့်ကို အခက်အခဲတွေကြားမှာ ဆက်လက်ခံရပ်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။—ဖိလိပ္ပိ ၄:၆၊ ၇။ ၂။ အပြုသဘောရှိပါ။ “စိတ်ရွှင်လန်းခြင်းသည် ကျန်းမာစေတတ်၏။ စိတ်ပျက်ခြင်းမူကား အရိုးတို့ကို သွေ့ခြောက်စေတတ်၏။” (သုတ္တံ ၁၇:၂၂) ပျော်ပျော်နေတတ်အောင် ကြိုးစားပါ၊ အဲဒါက စိတ်ကို ပေါ့ပါးစေပြီး ကျန်းမာရေးကို အထောက်အကူပြုနိုင်ပါတယ်။ ၃။ အနာဂတ်နဲ့ပတ်သက်ပြီး မျှော်လင့်ချက်ထားပါ။ ခြေမြစ်ခိုင်လုံတဲ့ မျှော်လင့်ချက်က ကျန်းမာရေးမကောင်းတဲ့ကြားက သင့်ကို ပျော်ရွှင်စေနိုင်ပါတယ်။ (ရောမ ၁၂:၁၂) “ငါတို့ပြည်တွင် နေထိုင်ကြသူအပေါင်းတို့သည် ‘ဖျားနာပါသည်’ ဟူ၍ အဘယ်အခါ၌မျှ ညည်းညူရကြလိမ့်မည်မဟုတ် ” ဆိုတဲ့အချိန် ရောက်လာမယ့်အကြောင်း သမ္မာကျမ်းစာမှာ ကြိုပြောထားပါတယ်။ (ဟေရှာယ ၃၃:၂၄၊ ခမ) ဒီနေ့ခေတ် ဆေးပညာက မကုသပေးနိုင်တဲ့ ရောဂါတွေကို ဘုရားသခင် ကုသပေးပါလိမ့်မယ်။ ဥပမာအနေနဲ့၊ လူအိုတွေ ပြန်နုပျိုလာလိမ့်မယ်ဆိုတာနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာမှာ ဒီလိုကြိုပြောထားတယ်– “ထိုသူသည် သူငယ်ထက် အသားအရေ နုထွား၍ ပျိုသောအသက်နှင့် တစ်ဖန်ပြည့်စုံလိမ့်မည်။”—ယောဘ ၃၃:၂၅။ သတိပြုရန်– ယေဟောဝါသက်သေတွေဟာ ဘုရားသခင်ရဲ့အကူအညီကို ရယူပေမဲ့ တစ်ချိန်တည်းမှာ နာတာရှည်ရောဂါစတဲ့ ရောဂါတွေအတွက် ဆေးဝါးကုသမှုတွေကို ခံယူပါတယ်။ (မာကု ၂:၁၇) ဒါပေမဲ့လည်း ဆေးဝါးကုသမှုတစ်မျိုးမျိုးကို ထောက်ခံတာမျိုး မရှိပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး လူတိုင်းဟာ ကိုယ်ပိုင်ဆုံးဖြတ်ချက် ချသင့်တယ်လို့ ကျွန်ုပ်တို့ယူဆပါတယ်။ ဆက်စပ်အကြောင်းအရာ သမ္မာကျမ်းစာ ဆင်းရဲဒုက္ခ ကျမ်းစာမေးခွန်းများရဲ့ အဖြေ ခန္ဓာပိုင်းနဲ့ စိတ်ပိုင်း ကျန်းမာရေး ငြိမ်သက်ခြင်းနဲ့ ပျော်ရွှင်ခြင်း ကြိုက်လို ကြိုက်ငြား အကြောင်းအရာများ အရေးကြီးတဲ့ သွန်သင်ချက်များ ဆင်းရဲဒုက္ခတွေကို ဘုရားသခင် ဘာကြောင့် ဖြစ်ခွင့် ပြုထားသလဲ စိတ်ကျေနပ်စေမယ့်၊ နှစ်သိမ့်မှု ဖြစ်စေမယ့်အဖြေ ကျမ်းစာမှာ ဖော်ပြထားပါတယ်။ ကျွန်တော်တို့အကြောင်း လည်ပတ်ဖို့ တောင်းဆိုပါ ကျမ်းစာထဲက သိချင်တဲ့ မေးခွန်းတစ်ခုကို ဆွေးနွေးပါ၊ ဒါမှမဟုတ် ယေဟောဝါသက်သေတွေအကြောင်း လေ့လာပါ။ ပရင့်ထုတ်ပါ ဝေမျှပါ ဝေမျှပါ နာတာရှည်ရောဂါကို ရင်ဆိုင်ဖြေရှင်းရာမှာ သမ္မာကျမ်းစာက ကူညီပေးနိုင်သလား။ ကျမ်းစာမေးခွန်းများရဲ့ အဖြေ နာတာရှည်ရောဂါကို ရင်ဆိုင်ဖြေရှင်းရာမှာ သမ္မာကျမ်းစာက ကူညီပေးနိုင်သလား။ မြန်မာ လက်သင်္ကေတပြဘာသာစကား နာတာရှည်ရောဂါကို ရင်ဆိုင်ဖြေရှင်းရာမှာ သမ္မာကျမ်းစာက ကူညီပေးနိုင်သလား။ https://cms-imgp.jw-cdn.org/img/p/502013105/univ/art/502013105_univ_sqr_xl.jpg ijwbq ၃၃