ဘာသာရေးအဖွဲ့တစ်ခုမှာ အဖွဲ့ဝင်ဖြစ်ဖို့လိုသလား ဖွင့်ပါ ဘာသာရေးအဖွဲ့တစ်ခုမှာ အဖွဲ့ဝင်ဖြစ်ဖို့လိုသလား ဝမ်းနည်းပါတယ်၊ media player မဖွင့်နိုင်ပါ။ ဒီဗီဒီယိုကို ကူးယူ စာတန်းထိုးပါ စာတန်းထိုး ပိတ်ပါ ကျမ်းစာအဖြေ လိုပါတယ်။ ဘုရားသခင်က ဝတ်ပြုရေးမှာ လူတွေကို စည်းစည်းလုံးလုံးရှိစေချင်တယ်။ ကျမ်းစာမှာ အခုလို ဆိုထားတယ်- ‘မေတ္တာစိတ်ရှိ၍ အကျင့်ကောင်းများကျင့်စေရန် တိုက်တွန်းနှိုးဆော်နိုင်မည်အကြောင်း အချင်းချင်း ထောက်ထားစာနာကြစို့။ အတူတကွ စည်းဝေးခြင်းအမှုကို လျစ်လျူမရှုကြနှင့်။’—ဟေဗြဲ ၁၀:၂၄၊ ၂၅။ “သင်တို့အချင်းချင်းချစ်ကြလျှင် ထိုချစ်ခြင်းမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်များဖြစ်ကြောင်း လူအပေါင်းတို့ သိရကြလိမ့်မည်” လို့ ယေရှုပြောချိန်မှာ တပည့်တွေဟာ အဖွဲ့တစ်ဖွဲ့အနေနဲ့ ရှိနေလိမ့်မယ်လို့ ကိုယ်တော် ဆိုလိုနေတာဖြစ်တယ်။ (ယောဟန် ၁၃:၃၅) ခရစ်တော်ရဲ့တပည့်တွေ အဲဒီမေတ္တာကို ဖော်ပြနိုင်တဲ့ အဓိကအကျဆုံးနည်းလမ်းက သူတို့အချင်းချင်း စုဆုံပေါင်းသင်းခြင်းဖြစ်တယ်။ ဒါကြောင့် သူတို့က ဝတ်ပြုမှုအတွက် ပုံမှန်စုဝေးကြတဲ့ အသင်းတော်တွေကို တည်ထောင်ကြတယ်။ (၁ ကောရိန္သု ၁၆:၁၉) နောက်ဆုံး အသင်းတော်အားလုံးကိုစုပေါင်းလိုက်တော့ ကမ္ဘာချီညီအစ်ကိုအသင်းအပင်းတစ်ရပ် ဖြစ်လာတယ်။—၁ ပေတရု ၂:၁၇။ ဘာသာရေးအဖွဲ့ဝင်တစ်ဦးဖြစ်ရုံနဲ့ မလုံလောက် လူတွေဟာ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်နိုင်ဖို့ စုဆုံစည်းဝေးသင့်တယ်လို့ ကျမ်းစာမှာဖော်ပြထားတယ်။ ဒါပေမဲ့ လူတစ်ဦးဟာ ဘာသာတစ်ခုခုရဲ့အဖွဲ့ဝင်ဖြစ်ရုံနဲ့ သူ့ကို ဘုရားသခင် နှစ်သက်လက်ခံတယ်လို့ ကျမ်းစာမှာ မသွန်သင်ထားပါဘူး။ ဘုရားသခင်နှစ်သက်လက်ခံမှုရဖို့ ဘာသာတရားရဲ့ လမ်းစဉ်အတိုင်း နေထိုင်ရမယ်။ ဥပမာအနေနဲ့ ကျမ်းစာမှာ ဒီလိုဆိုထားပါတယ်- “ငါတို့အဖ ဘုရားသခင်၏ရှေ့တော်၌ သန့်ရှင်း၍ အညစ်အကြေးကင်းစင်သော ဝတ်ပြုမှု [ဘာသာတရား] ဟူမူကား မိဘမဲ့ကလေးများနှင့် မုဆိုးမများ ဒုက္ခရောက်ချိန်တွင် ကြည့်ရှုစောင့်ရှောက်ခြင်း၊ မိမိကိုယ်ကို လောကအညစ်အကြေးနှင့် ကင်းစင်စေခြင်းဖြစ်၏။”—ယာကုပ် ၁:၂၇။ ဆက်စပ်အကြောင်းအရာ ယုံကြည်ကိုးကွယ်မှု ကျမ်းစာမေးခွန်းများရဲ့ အဖြေ ကြိုက်လို ကြိုက်ငြား အကြောင်းအရာများ အရေးကြီးတဲ့ သွန်သင်ချက်များ ဝတ်ပြုကိုးကွယ်မှုပုံစံအားလုံးကို ဘုရား လက်ခံသလား ဘယ်ဘာသာပဲ ကိုးကွယ်ပါစေ အရေးမကြီးဘူးလို့ လူအများ ယူဆကြတယ်။ အစည်းအဝေးများ နိုင်ငံတော်ခန်းမမှာ ဘာတွေ လုပ်ဆောင်ကြသလဲ သင်ကိုယ်တိုင် လေ့လာကြည့်နိုင်ပါတယ်။ ကျွန်တော်တို့အကြောင်း အစည်းအဝေး တက်ပါ အစည်းအဝေးတွေအကြောင်း လေ့လာကြည့်ပါ။ သင်နဲ့ နီးတဲ့နေရာမှာ ကျင်းပတဲ့ အစည်းအဝေးကို ရှာပါ။ ပရင့်ထုတ်ပါ ဝေမျှပါ ဝေမျှပါ ဘာသာရေးအဖွဲ့တစ်ခုမှာ အဖွဲ့ဝင်ဖြစ်ဖို့လိုသလား ကျမ်းစာမေးခွန်းများရဲ့ အဖြေ ဘာသာရေးအဖွဲ့တစ်ခုမှာ အဖွဲ့ဝင်ဖြစ်ဖို့လိုသလား မြန်မာ လက်သင်္ကေတပြဘာသာစကား ဘာသာရေးအဖွဲ့တစ်ခုမှာ အဖွဲ့ဝင်ဖြစ်ဖို့လိုသလား https://cms-imgp.jw-cdn.org/img/p/502015170/univ/art/502015170_univ_sqr_xl.jpg ijwbq ၉၀